ကျွန်ုပ်တို့၏ သမိုင်း

ဗြိတိသျှကောင်စီသည် United Kingdom ခေါ် ယူကေနိုင်ငံ၏ နိုင်ငံတကာယဉ်ကျေးမှုကူးလူးဆက်ဆံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၃၄ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့တွင် နိုင်ငံပေါင်း(၁၁၀)နိုင်ငံ နှင့် ကမ္ဘာအနှံ့ရှိဒေသများတွင်ရှိသော မြို့ငယ်၊မြို့ကြီး (၂၂၉) မြို့တွင် ရုံးခန်းများ ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစတင်တည်ရှိခဲ့ပါသည်။

 ၁၉၃၄-ခု 

“British Committee for Relations with Other Countries” ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။  ၎င်းနှစ်မှာပင် “ကော်မတီ” ဟူသောစကားလုံးအစား “ကောင်စီ” ဟု အစားထိုးလိုက်ပါသည်။

 ၁၉၃၆-ခု 

ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနမှ “ ဗြိတိသျှကောင်စီ” ဟူသော အမည်သို့အတိုချုံးခေါ်ဝေါ်ခဲ့ပါသည်။

၁၉၄၇-ခု 

ဗြိတိသျှကောင်စီကို ရန်ကုန်မြို့တွင် ပထမဆုံးအများပြည်သူသို့ ဖွင့်လှစ်ပေးခဲ့ပါသည်။ ယခုအခါ ပန်းဆိုးတန်းလမ်းဟုသိကြသော လမ်းတွင်ရှိသည့် ရန်းဒါးဟောက်(စ်) Rander House အဆောက်အအုံတွင်ဖြစ်ပါသည်။

၁၉၆၆-ခု  

ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံမှ ဆုတ်ခွာခဲ့သည်။

၁၉၇၈-ခု

ဗြိတိသျှကောင်စီသည် ဗြိတိသျှသံရုံးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ “ ဗြိတိသျှသံရုံး၏ ယဉ်ကျေးမှုဌာန” အမည်နှင့်ဖြစ်ပါသည်။ 

၁၉၉၆-ခု 

ဗြိတိသျှကောင်စီသည် အင်္ဂလိပ်စာသင်ကြားရေးဌာနကိုဖွင့်လှစ်ခဲ့ပါသည်။ 

၁၉၉၇-ခု

ဗြိတိသျှကောင်စီကို မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ 

၂၀၀၁-ခု

အမှတ်(၇၈)၊ ကမ်းနားလမ်းရှိ ရုံးခန်းကို ပြုပြင်မွမ်းမံပြီး စာကြည့်တိုက်နှင့်သင်ကြားရေးဌာန လှုပ်ရှားလုပ်ကိုင်မှုများကို တိုးချဲ့ခဲ့ပါသည်။ 

၂၀၀၄-ခု

ဗြိတိသျှကောင်စီစာကြည့်တိုက် (ရန်ကုန်) ကို တစ်ပတ်လျှင်(၇)ရက် ဖွင့်လှစ်ထားခြင်းဖြင့် တိုးချဲ့ခဲ့ပါသည်။ 

၂၀၀၅-ခု 

ဗြိတိသျှကောင်စီစာကြည့်တိုက်သည် ၎င်း၏အသင်းဝင်များအတွက် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ခွင့်ပေးခဲ့ပါသည်။ 

၂၀၁၄-ခု 

ဗြိတိသျှကောင်စီသည် ၎င်း၏ပရိုဂရမ်လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်၍ လုပ်ဆောင်ပို့ချပေးခဲ့ပြီး၊ လူပေါင်းနှစ်သန်းကျော်ခန့်ဆီသို့ မျက်နှာချင်းဆိုင် ပို့ချပေးမှုများ၊ တီဗွီ၊ ရေဒီယိုနှင့် အွန်လိုင်း သတင်းဆက်သွယ်ရေးနည်းများနှင့် ပို့ချပေးမှုများမှတဆင့် ဆက်သွယ်ရောက်ရှိခဲ့ပါသည်။