IELTS ဖြင့် နိုင်ငံခြားတွင် ပညာသင်ခြင်း

သင့် အင်္ဂလိပ်စာစွမ်းရည်များကို အကဲဖြတ်ရာ၌ တစ်ဦးချင်း အပြောစစ်ဆေးမှုကို ပြုလုပ်ပေးသော IELTS သည် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားသော အင်္ဂလိပ်စာ စစ်ဆေးမှုပင် ဖြစ်ပါသည်။

၎င်းကို ကမ္ဘာအနှံ့ရှိ အဖွဲ့အစည်းပေါင်း ၈,၀၀၀ ကျော်က အသိအမှတ်ပြုထားခြင်းဖြစ်ပြီး ပြီးခဲ့သော နှစ်က တစ်ကမ္ဘာလုံးမှ လူပေါင်း (၂) သန်းကျော်က စစ်ဆေးမှုခံယူခဲ့ပါသည်။

ကျောင်းသားများကြား ရေပန်းစားသော နိုင်ငံများမှာ ယူကေ၊ အမေရိက၊ ဩစတြေးလျ နှင့် အာရှရှိ အခြားနိုင်ငံများဖြစ်ပါသည်။

ယူကေ ပြည်ထဲရေးရုံးသည် SELT ပံ့ပိုးပေးသူများအပေါ် ၄င်း၏ လမ်းညွှန်မှုကို ပြောင်းလဲမှုများပြုလုပ်ထားပါသည်။ အကြောင်းအရာအပြည့်အစုံကိုတော့ ဤနေရာတွင် သွားရောက် ကြည့်ရှုရန် တိုက်တွန်းလိုပါသည်။

အကယ်၍ သင်သည် ယူကေတွင် သွားရောက်နေထိုင်ရန်၊ အခြေချနေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာလျှောက်နေပါက သင့်အတွက် IELTS စာမေးပွဲ ရှိပါသည်။ ယူကေဗီဇာနှင့် လူဝင်မှုဆိုင်ရာ ကိစ္စအတွက် ဖြေဆိုရန် IELTS စာမေးပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဤနေရာတွင် သွားရောက်လေ့လာနိုင်ပါသည်။

ဤကဏ္ဍတွင်

IELTS ဖြင့် ဩစတြေးလျတွင် ပညာသင်ပါ

ဩစတြေးလျ နှင့် ကမ္ဘာ့အရပ်ရပ်ရှိ အခြားသော ကျောင်း ၈၀၀၀ ကျော်တွင် ပညာသင်ရန် IELTS ၏ ရမှတ်များကို အင်္ဂလိပ်စာကျွမ်းကျင်မှု အထောက်အထားအဖြစ် ထိပ်သီးတက္ကသိုလ်များက လက်ခံထားပါသည်။

IELTS ဖြင့် အမေရိကန်နိုင်ငံတွင် ပညာသင်ပါ

အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးရှိ အဓိကကျောင်းများက IELTS ရမှတ်များသည် သင်၏ အင်္ဂလိပ်စာကို နားလည်နိုင်စွမ်း၊ ဖတ်၊ ရေး၊ ပြောနိုင်စွမ်းတို့ကို တိတိကျကျ ဖော်ပြကြောင်းကို အသိအမှတ် ပြုထားပါသည်။

IELTS ဖြင့် ကနေဒါနိုင်ငံတွင် ပညာသင်ပါ

ကနေဒါနိုင်ငံ၌ ပညာသင်ရန်၊ အလုပ်လုပ်ရန်နှင့် ၄င်းနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန်အတွက် သင့်တွင် သင့်တော်သော အင်္ဂလိပ်စာစွမ်းရည်များရှိကြောင်းကို IELTS ဖြင့် သက်သေပြပါ။

IELTS ဖြင့် စင်္ကာပူနိုင်ငံတွင် ပညာသင်ပါ

စင်္ကာပူနိုင်ငံတွင် ပညာသင်ရန်၊ အလုပ်လုပ်ရန်နှင့် ထိုနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် သင့်၌ သင့်တော် သော အင်္ဂလိပ်စာစွမ်းရည်များရှိကြောင်းကို IELTS ဖြင့် သက်သေပြပါ။

IELTS ဖြင့် မလေးရှားနိုင်ငံတွင် ပညာသင်ပါ

မလေးရှားနိုင်ငံတွင် ပညာသင်ရန် အလုပ်လုပ်ရန်နှင့် ၄င်းနိုင်ငံသို့ပြောင်းရွှေ့နေထိုင်ရန်အတွက် သင့်၌ သင့်တော်သော အင်္ဂလိပ်စာစွမ်းရည်များရှိကြောင်းကို IELTS ဖြင့် သက်သေပြပါ။

နိုင်ငံခြား၌ ပညာသင်ကြားမှုအစီအစဉ်အတွက် အကြံပြုချက်

သင်နှစ်သက်သော နိုင်ငံတွင် ပညာသင်ရန်လျှောက်ထားရာတွင် သေချာသော စီစဉ်မှုပြုလုပ်ရန်လိုပါသည်။ သင့်တိုးတက်မှုကို မှတ်တမ်းတင်ရန်အတွက် ကျွန်ုပ်တို့၏ ဆောင်ရွက်ရန် စာရင်းကို အသုံးပြုပါ။