Read this page in English here.

IELTS စာမေးပွဲသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး အသိအမှတ် ပြုခြင်းခံထားရသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုစာမေးပွဲဖြစ်ပြီး ကမ္ဘာအနှံ့ရှိ တက္ကသိုလ်များက လက်ခံကြပါသည်။

၎င်း IELTS ကို ပူးတွဲဖန်တီးစီစဉ်သည့် အဖွဲ့အစည်းတစ်ခုအနေနှင့် သင့်ပညာရေးခရီး နောက်တစ်ဆင့်သို့ သွားနိုင်ရန်လိုအပ်သော အမှတ်အဆင့်များရရှိအောင် ကူညီပေးနိုင်ရန်အတွက် အခြား မည်သူကမှ  ကျွန်ုပ်တို့ထက် သင့်လျှော်သောနေရာတွင် ရှိမနေပါ။

အင်္ဂလိပ်စာအထူးကျွမ်းကျင်သူများနှင့်အတူ ဤသင်တန်းသို့တက်ရောက်လေ့လာပါက  သင်သည်

  • သင်၏ စာမေးပွဲရလာဒ်တို့် မြင့်မားနိုင်စေရန် သင့်အားကူညီပေးမည့် စာမေးပွဲဖြေဆိုနည်းဗျူဟာများ လေ့လာမိမည်ဖြစ်သည်။ 
  • IELTS စာမေးပွဲအကြောင်းအားလုံးသိကျွမ်းသော အထူးကျွမ်းကျင်သူဆရာတစ်ဦးမှ သင်ကြားပေးမည်။
  • သင် အဓိကအားသာသော အချက်များ၊တိုးတက်မှုရှိနိုင်သော နေရာများကို စစ်ဆေး၍ အကြံပေးမည် ဖြစ်သည်။ 
  • ပြန်လှန်လေးကျင့်ခြင်း သင်ခန်းစာများဖြင့် သင် စာမေးပွဲဖြေသောနေ့တွင် ပိုမိုယုံကြည် ချက်ပြည့်ဝမှုကို ခံစားရမည်ဖြစ်သည်။

IELTS Academic သင်တန်း

ဤသင်တန်းသည် သင် စာမေးပွဲတွင် အောင်မြင်မှုရရှိနိုင်ရန် လိုအပ်သော အရေးကြီးအချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်စသည်များဖြင့် စာမေးပွဲဖြေသည့်အခါ ယုံကြည်ချက်ရစေရန် ကူညီပေးမည်ဖြစ်သည်။ ဤသင်တန်းတွင် ထပ်တိုးထားသော စာမေးပွဲလေ့ကျင့်ခန်းကဏ္ဍများနှင့် အပိုထပ် မံဖြည့်စွက်ထားသော ကူညီထောက်ပံ့မှုများပါ ရရှိမည်ဖြစ်သည်။ ဤသင်တန်းကာလမှာ ၁၀ ပတ် ကြာမြင့်ပြီး စာသင်ချိန်မှာ နာရီ ၆ဝ ဖြစ်သည်။ သင်တန်းအား ဇန်န၀ါရီလ၊ မေလ၊ ဇူလိုင်လနှင့် အောက်တိုဘာလတို့ရှိ သင်တန်းကာလတိုင်း၏ အစတွင် စတင်မည်ဖြစ်ပြီး level ၂ဆင့်ခွဲထားပါသည်။ IELTS Foundation သည် Intermediate (သို့) B1 studentsများအတွက် ရည်ရွယ်ပြီး IELTS Preparation သည် level ပိုမြင့်သော B2+ ကျောင်းသားများအတွက် ရည်ရွယ်ပါသည်။

စာရင်းသွင်းရန်ကာလ

စာရင်းသွင်းရန်ကာလ

သင်တန်းစတင်မည့် လ

ဖေဖော်ဝါရီလနှင့် မတ်လ  

ဧပြီလ

မေလနှင့် ဇွန်လ

ဇူလိုင်လ

ဩဂုတ်လနှင့် စက်တင်ဘာလ

အောက်တိုဘာလ

နိုဝင်ဘာလနှင့် ဒီဇင်ဘာလ 

ဇန်နဝါရီလ 

စာရင်းပေးရန်

၁။ သင့်၏ အင်္ဂလိပ်စာအဆင့်ကို စစ်ဆေးပါ။

ကျွန်ုပ်တို့၏အဆင့်စစ်ဆေးသော လုပ်ငန်းစဉ်သည် သင်၏ ဘာသာစကားကျွမ်းကျင်မှုနှင့် အင်္ဂလိပ်ဘာသာအရည်အချင်းကို စေ့စပ်သေချာစွာ စစ်ဆေးပေးပါသည်။ သင်၏ လက်ရှိအင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအဆင့်အား သိရှိရန် ၂၅မိနစ်ခန့်ကြာသော ရေးဖြေစာမေးပွဲတစ်ခု ဖြေကြည့်ပါ။ ပြီးလျှင် ကျွန်ုပ်တို့၏ ဆရာ/ဆရာမများထဲက တစ်ဦးမှ စကားပြော စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။

၂။ ဝင်ခွင့်စာမေးပွဲ စာရင်းပေးရန် 

ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးရန် ဒီနေရာတွင် form ဖြည့်ပါ။ 

ဝင်ခွင့်စာမေးပွဲစာရင်းပေးခြင်းအကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာတွင် form ဖြည့်ပါ။ ကျွန်ုပ်တို့၏ Sales and Customer Management အဖွဲ့မှ မကြာမီ ပြန်ဆက်သွယ်ပါမည်။ Facebook messenger မှတဆင့် ဆက်သွယ်ရန် ဒီနေရာကို နှိပ်ပါ။ 

၃။ ငွေပေးချေခြင်း

ဝင်ခွင့်စာမေးပွဲသည် မြန်မာငွေ ကျပ် ၁၅,၀၀၀ ကျပါသည်။ ဗြိတိသျှကောင်စီသည် အင်္ဂလိပ်စာအဆင့်စစ်ဆေးသော စာမေးပွဲများအတွက် ငွေပြန်မအမ်းပါ။ စစ်ဆေးမှုရလာဒ်များသည် တစ်နှစ်အတွင်း အကျုံးဝင်ပါသည်။

သင်တန်းကြေးများ နှင့် ဝင်ခွင့် စာမေးပွဲကြေးများကို MPU, Visa ကဒ်တို့အပြင် ဘဏ်မှ ငွေလွှဲခြင်း၊ Mobile Banking bill payment (ဧရာဝတီဘဏ်) များဖြင့် ပေးသွင်းနိုင်ပါသည်။

Level များ

  • IELTS Foundation
  • IELTS Preparation

သင့်အတွက်အကောင်းဆုံးသင်ယူနိုင်မယ့်နည်းလမ်းကိုရွေးလိုက်ပါ