ကျွန်ုပ်တို့၏ ဦးတည်ချက်ပန်းတိုင်
ကျွန်ုပ်တို့သည် စနစ်တကျပုံစံချထားသော အင်္ဂလိပ်ဘာသာစကား သင်ကြားရေး အစီအစဉ်များဖြင့် သင်တန်းသားတစ်ဦးချင်း သင်ယူနိုင်မှုအမြင့်ဆုံးအနေအထားသို့ စိတ်အားတက်ကြွှ စိတ်ချလုံခြုံစွာ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ နည်းစံနစ်
သင်တန်းသားများသည် လေ့လာသင်ယူမှုတွင် ကိုယ်တိုင်ပါဝင်ခွင့်ရပြီး စိတ်အာထက်သန်မှုနှင့် စိန်ခေါ်မှုများရှိသောအခါ အထိရောက်ဆုံးလေ့လာသင်ယူကြသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။ သင်တန်းသားတစ်ဦးချင်းစီ၏ လေ့လာနှုန်းနှင့် တိုးတက်နှုန်း မတူညီခြင်းကို ကျွန်ုပ်တို့အသိအမှတ်ပြုနားလည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ သင်တန်းများသည် သင်တန်းသားတစ်ဦးချင်းစီ၏ တိုးတက် ရောက်ရှိနေသော အဆင့်ကို နားလည်လေးစားမှုထားရှိပါသည်။ အထိရောက်ဆုံး ဘာသာစကားလေ့လာသင်ကြားမှုအတွေ့အကြုံမျိုး ရရှိစေရန် ကျွန်ုပ်တို့သည် အသက်အရွယ်နှင့်ကိုက်ညီမှုရှိသော နည်းစနစ်နှင့် သင်ခန်းစာအမျိုးမျိုးတို့ကို အသုံးပြုပါသည်။ သင်တန်းသားများအား ကိုယ်တိုင်လေ့လာသင်ကြားမှုတွင် တက်ကြွစွာ ပါဝင်ရန်နှင့် မိမိတို့၏ တိုးတက်မှုကို မိမိဘာသာဆန်းစစ်ရန် မျှော်လင့်ထားပါသည်။
ကျွန်ုပ်တို့၏ နည်းစံနစ်တွင် တစ်ဦးနှင့်တစ်ဦးပြောဆိုဆက်ဆံခြင်းဆိုင်ရာကဏ္ဍအသီးသီးပါဝင်ပြီး ယုံကြည်မှုရှိစွာ စကားပြောနိုင်လာစေရန် အလေးပေးထားပါသည်။ ဤသို့လေ့ကျင့်ပေး ခြင်းဖြင့် သင်တန်းသားများ အနာဂတ်ပညာရေးခရီးတွင်ဖြစ်စေ၊ အလုပ်အကိုင်နှင့် လူမှုရေးကိစ္စများတွင်ဖြစ်စေ လိုအပ်လာမည့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စေရန် ပြုလုပ်ပေးပြီးဖြစ်ပါလိမ့်မည်။