၁။ သင့်၏ အင်္ဂလိပ်စာအဆင့်ကို စစ်ဆေးပါ။
ကျွန်ုပ်တို့၏အဆင့်စစ်ဆေးသော လုပ်ငန်းစဉ်သည် သင်၏ ဘာသာစကားကျွမ်းကျင်မှုနှင့် အင်္ဂလိပ်ဘာသာအရည်အချင်းကို စေ့စပ်သေချာစွာ စစ်ဆေးပေးပါသည်။ သင်၏ လက်ရှိအင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအဆင့်အား သိရှိရန် ၂၅မိနစ်ခန့်ကြာသော ရေးဖြေစာမေးပွဲတစ်ခု ဖြေကြည့်ပါ။ ပြီးလျှင် ကျွန်ုပ်တို့၏ ဆရာ/ဆရာမများထဲက တစ်ဦးမှ စကားပြော စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲအကြောင်း ပိုမိုသိရှိလိုပါက ဒီနေရာတွင် form ဖြည့်ပါ။ ကျွန်ုပ်တို့၏ Sales and Customer Management အဖွဲ့မှ မကြာမီ ပြန်ဆက်သွယ်ပါမည်။ Facebook messenger မှတဆင့် ဆက်သွယ်ရန် ဒီနေရာကို နှိပ်ပါ။
၂။ ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးရန်
အသက် ၁၃မှ ၁၅ နှစ်အရွယ်အတွက် ဒီနေရာမှာ form ဖြည့်ပါ။ ကျွန်ုပ်တို့၏ Sales and Customer Management အဖွဲ့မှ မကြာမီ ပြန်ဆက်သွယ်ပါမည်။ Facebook messenger မှတဆင့် ဆက်သွယ်ရန် ဒီနေရာကို နှိပ်ပါ။
အသက် ၁၆နှင့် ၁၇ နှစ်အရွယ်အတွက် ဒီနေရာမှာ ဝင်ခွင့်စာမေးပွဲအတွက် စာရင်းပေးနိုင်ပါသည်။
၃။ ငွေပေးချေခြင်း
ဝင်ခွင့်စာမေးပွဲသည် မြန်မာငွေ ကျပ် ၁၅,၀၀၀ ကျပါသည်။ ဗြိတိသျှကောင်စီသည် အင်္ဂလိပ်စာအဆင့်စစ်ဆေးသော စာမေးပွဲများအတွက် ငွေပြန်မအမ်းပါ။ စစ်ဆေးမှုရလာဒ်များသည် တစ်နှစ်အတွင်း အကျုံးဝင်ပါသည်။
သင်တန်းကြေးများ နှင့် ဝင်ခွင့် စာမေးပွဲကြေးများကို MPU, Visa ကဒ်တို့အပြင် ဘဏ်မှ ငွေလွှဲခြင်း၊ Mobile Banking bill payment (ဧရာဝတီဘဏ်) များဖြင့် ပေးသွင်းနိုင်ပါသည်။