ဗြိတိသျှကောင်စီတွင် သင်တန်းအပ်ဖူးသည့် ကျောင်းသား၊ ကျောင်းသူတစ်ချို့၏မိဘများထံမှ ထောက်ခံချက်များကို အောက်မှာဖတ်ရှုနိုင်ပါသည်။ 

ဗြိတိသျှကောင်စီတွင် တက်ရောက်နေသည့် မောင်အလင်္ကာကျင်း၏ မိခင် ဒေါ်ချောစုမြတ်

"ဗြိတိသျှကောင်စီမှာ ၃လလောက်တက်ပြီးကတည်းက ကလေးရဲ့တိုးတက်မှုဟာ သိသာစွာထင်ရှားလာပါတယ်။ ဗြိတိသျှကောင်စီရဲ့အားသာချက်ဖြစ်တဲ့ စာသင်ကြားနည်းမှာ ကလေးတစ်ယောက်ကိုထိုင်ပြီး စာသင်ရုံမျိုးမဟုတ်ပဲ ကလေးစိတ်ဝင်စားအောင်၊ ဉာဏ်ရွှင်အောင်ပျော်စရာလေးများဖန်တီးပြီး သင်ကြားပေးတဲ့အတွက် ကလေးရဲ့အင်္ဂလိပ်စကားပြောစွမ်းရည်ဟာ သိသိသာသာတိုးတက်လာပါတယ်။ ကလေးရဲ့တိုးတက်မှုကြောင့်လည်း ကျွန်မတို့မိဘတွေပင်ပန်းရကျိုးနပ်ပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်ခဲ့သည့် မောင်အောင်ဇေယျာဖြိုး၏ မိခင်မိမေအေးအေးသန့်

"သားကို ၂၀၁၇နွေရာသီသင်တန်းကစပြီး ဗြိတိသျှကောင်စီမှာစတက်စေခဲ့ပြီး အခုregularသင်တန်း Primary Yellowမှာဆက်လက်တက်စေခဲ့ပါတယ်။ သားရဲ့အင်္ဂလိပ်စာအပြောစွမ်းရည်နဲ့ အရေးစွမ်းရည်ပိုမိုတိုးတက်လာပါတယ်။ ပုံပြင်များကိုလည်း ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ပြောတတ်၊ ရေးတတ်လာပြီး စာကြောင်းတွေ၊စာပိုဒ်တွေမြင်ရင်လည်း ဖတ်ချင်စိတ်ရှိလာတာကိုတွေ့ရပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်နေသည့် မချယ်ရီကို၏ မိခင်ဒေါ်စန္ဒာလင်း

"ကလေးကို အစိုးရကျောင်းထားတဲ့မိဘတစ်ယောက်အနေနဲ့ ဘာသာစကားလေ့လာဖို့ကျောင်းရွေးရာမှာ အဓိကကျပါတယ်။ ၂၀၁၃ခုနှစ်မှစ၍ ကျွန်မသမီးကို ဗြိတိသျှကောင်စီမှာစထားဖြစ်ပြီး ရွေးချယ်မှုမှန်ကန်ခဲ့ပါတယ်။ အခုဆို သမီးလေးက အင်္ဂလိပ်စာကို ကောင်းကောင်းရေးတတ်၊ပြောတတ်၊ဖတ်နိုင်သလို အင်္ဂလိပ်ဘာသာစကားကို ကြောက်စရာလို့မမြင်တော့ပဲ အလွန်ပျော်ရွှင်စွာလေ့လာနေပါတယ်။ ကောင်းမွန်တဲ့သင်ကြားနည်းတွေကြောင့် ဗဟုသုတအပိုင်းပါ တိုးတက်မှုမြန်ဆန်ပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်ခဲ့သည့် မဆုနှင်းဆက်၏ မိခင် ဒေါ်ရီရီဝင်း

 "ကလေးရဲ့ Speaking နဲ့ Writing skills ပိုကောင်းလာအောင်  ဗြိတိသျှကောင်စီမှာထားတာပါ။ နွေရာသီသင်တန်းတက်ပြီးကတည်းက ကလေးက ဗြိတိသျှကောင်စီမှာတက်ရတာ အရမ်းပျော်တယ်။ ဆရာတွေရဲ့ စာသင်နည်းက ကလေးကို ပျော်ရွှင်စေပြီး အမှန်တကယ်တိုးတက်မှုရှိတယ်လို့ ခံစားရပါတယ်။ ဒါ့ကြောင့်လည်းအခု Regular course ကိုဆက်ထားဖြစ်တာပါ။"

ဗြိတိသျှကောင်စီတွင် တက်ရောက်ခဲ့သည့် မောင်ထူးမြတ်လင်း (ခေါ်) Daniel ၏ မိခင်ဒေါ်ဇင်နွယ်မြင့်

"ကျွန်မသားက ဗြိတိသျှကောင်စီမှာတက်တာ ၂နှစ်ကျော်ပါပြီ။ ထူးခြားချက်မှာ သားကအင်္ဂလိပ်စာ 4skills သာမက အပြုအမူများပါတိုးတက်ပြောင်းလဲလာပါတယ်။ သူ့ရဲ့ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစွာပြောဆိုလုပ်ကိုင်နိုင်မှုတွေကိုလဲ အားရပါတယ်။ စာကြည့်တိုက်မှ စာပေများစွာလေ့လာခွင့်ရလို့ အကျိုးထူးများစွာရရှိပါတယ်။ ဆရာတွေကစိတ်ရှည်လက်ရှည်နဲ့ ကလေးတွေရဲ့လိုအပ်ချက်တွေတစ်ခုချင်းစီကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ ဆရာတွေပေးတဲ့အကြံပေးချက်နဲ့ အတန်းထဲမှာသင်ကြားမှုတွေကိုပူးပေါင်းလိုက်တဲ့အခါ အင်မတင်ကောင်းမွန်တဲ့ အကျိုးရလဒ်ကိုရရှိစေပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်နေသည့် မောင်ကောင်းခန့်ထွန်း၏ မိခင် ဒေါ်မြသာကြည်

"ဗြိတိသျှကောင်စီမှာ သားသားက ၂၀၁၅ ဇူလိုင်တည်းကစတက်တာပါ။ 4 skills လုံးတိုးတက်ကောင်းမွန်လာပါတယ်။ အထူးသဖြင့် အသံထွက်နဲ့ စာဖတ်စွမ်းရည်ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်ရှင်။" 

ဗြိတိသျှကောင်စီတွင် တက်ရောက်နေသည့် မမြသွန်းထည်၏ မိခင် ဒေါ်စန္ဒီဆုမွန်စိုး

"သမီးလေးက၂၀၁၇နွေရာသီသင်တန်းကစပြီး ဗြိတိသျှကောင်စီမှာ စတက်ဖြစ်တာပါ။ ဆရာ/ဆရာမများရဲ့ ထူးချွန်တဲ့သင်ကြားနည်းတွေကြောင့် အခုဆိုသမီးလေးရဲ့ အင်္ဂလိပ်စာအသံထွက်နဲ့စကားပြောစွမ်းရည်တိုးတက်လာပါတယ်။ အဓိက ကလေးကအင်္ဂလိပ်စကားပြောရမှာကိုမကြောက်တော့ဘူး။ အခု သမီး ၇နှစ်အရွယ်ကစပြီး ကြီးတဲ့အထိ ဗြိတိသျှကောင်စီသင်တန်းတွေကို ဆက်တက်ခိုင်းမှာပါ။"

ဗြိတိသျှကောင်စီတွင် တက်ရောက်ခဲ့သည့် မြတ်သရဖူမောင်၏ မိခင်ဒေါ်ဦးမေ

"သမီးလေးက အရင်ကဆိုရင် အရာရာမှာကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသလိုဖြစ်နေပြီး အင်္ဂလိပ်စကားကိုလည်းသွက်သွက်လက်လက်မပြောဆိုနိုင်ပါ။ ယခုဗြိတိသျှကောင်စီမှာ ကျောင်းထားပြီးနောက်တွင် အစစအရာရာပြောင်းလဲတိုးတက်လာပြီး အင်္ဂလိပ်စကားကိုပိုင်နိုင်ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာခြင်း၊ အပေါင်းအသင်းများနှင့် ပြောဆိုဆက်ဆံလာနိုင်ခြင်းတို့ဖြစ်လာတဲ့အတွက် ကျွန်မတို့မိဘများအနေဖြင့် များစွာဝမ်းသာရပါတယ်။ ဗြိတိသျှကောင်စီဟာ အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရုံသာမက ကလေးတစ်ယောက်၏အရည်အသွေးများကိုလည်း မြှင့်တင်ပေးနိုင်သောကြောင့် အနာဂတ်မှာလည်း ကျွန်မရဲ့သမီးလေးကို ဗြိတိသျှကောင်စီတွင်ဆက်လက်ကျောင်းထားသွားမှာဖြစ်ပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်ခဲ့သည့် မောင်ဖုန်းခန့်ပိုင်၏ မိခင် ဒေါ်ကြည်ပြာမြင့် 

"အင်္ဂလိပ်စာ 4skillsကို စာချည်းပဲသင်ပေးရုံမဟုတ်ပဲ activities လေးတွေ၊ ဂိမ်းကစားနည်းလေးတွေနဲ့ပေါ့ပေါ့ပါးပါးလေ့လာနိုင်လို့ ကလေးအတွက်အင်္ဂလိပ်စာကို ကြောက်စရာလို့မသတ်မှတ်တော့ပဲ ပျော်ရွှင်စွာသင်ယူနိုင်ပါတယ်။ Writing အတွက်ဆိုရင်လည်း စိတ်ကူးနဲ့သရုပ်ဖော်ပြီး ရေးရတာ၊ အကြိုက်ဆုံးစာလုံးလေးတွေကိုရွေးထုတ်ပြီး ပုံဆွဲအရောင်ခြယ်ရေးသားရတာတို့ကြောင့် ကြီးလာတဲ့အခါ essay/letter ရေးရင် သူတို့လေးတွေအတွက် အခက်အခဲမရှိ တွေးတောရေးသားနိုင်မယ်လို့ ယုံကြည်ပါတယ်။ သားလေးရဲ့ အင်္ဂလိပ်စာ skills တွေနည်းမှန်လမ်းမှန်နဲ့ အရမ်းတိုးတက်လာလို့ ဗြိတိသျှကောင်စီမှာကျောင်းထားရတာကို အရမ်းကျေနပ်မိပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်နေသည့် မောင်သီဟဝင်းထွဋ္ဋ် ၏ မိခင်ဒေါ်ဇာဇာဝင်း၊ ဖခင်ဦးဖြိုးသီဟဇော် 

"ဗြိတိသျှကောင်စီမှာတက်ပြီးနောက် သားလေးက အင်္ဂလိပ်စကားပြောစွမ်းရည်သိသိသာသာတိုးတက်လာပါတယ်။ သားလေးက ဗြိတိသျှကောင်စီမှာတက်ရတာပျော်ရွှင်ပြီး စာသင်ခန်းထဲ၌သီချင်းများ၊ ကခုန်ခြင်းများစသည့်ပျော်ရွှင်ဖွယ်နည်းများဖြင့်သင်ကြားပေးကြောင်းပြောပြပါတယ်။ ဂိမ်းကစားနည်းများနဲ့ teamwork တွေကြောင့် သားလေးက သူငယ်ချင်းမိတ်ဆွေဖွဲ့တတ်လာပါတယ်။ စာကြည့်တိုက်မှာလည်း သူကြိုက်နှစ်သက်ရာစာအုပ်မျိုးစုံရွေးချယ်ဖတ်ရှုနိုင်သည့်အတွက် အလွန်အသုံးဝင်ပါတယ်။ သားလေးအရင်ကထက် စာဖတ်ခြင်းကိုပိုပြီးနှစ်သက်လာတယ်လို့ခံစားရပါတယ်။ ကျွန်မတို့မိဘတွေအနေနဲ့ဗြိတိသျှကောင်စီနှင့် ဆရာ၊ဆရာမများကို ကျေးဇူးအများကြီးတင်ပါတယ်။"

ဗြိတိသျှကောင်စီတွင် တက်ရောက်နေသည့် မယုယခင်၏ မိခင်ဒေါ်သက်ထား

"ဗြိတိသျှကောင်စီမှာ သမီးလေးက ၂၀၁၆ခုနှစ်ကတည်းကစတက်ရောက်ခဲ့တာဖြစ်ပြီး တက်ပြီး ၆လအတွင်းမှာပင် အင်္ဂလိပ်စာ 4skillsတိုးတက်လာတာကိုတွေ့ရတဲ့အတွက် ဗြိတိသျှကောင်စီကို အရမ်းကျေးဇူးတင်ရှိပါတယ်။"