ဗြိတိသျှကောင်စီသည် အမျိုးအစားစုံလင်လှသော အင်္ဂလိပ်စာလေ့လာရေး app များရရှိနိုင်စေရန် ဆောင်ရွက်ထားပါသည်။ သင်သည် အင်္ဂလိပ်ဘာသာကို ဂိမ်းများ၊ ဆောင်းပါးများ၊ ဗီဒီယိုများနှင့် ဥာဏ်စမ်းမှတဆင့် လေ့လာနိုင်ပါသည်။ ဤ app များသည် သင်၏ သဒ္ဒါဝေါဟာရ ကြွယ်ဝမှုနှင့် စာမေးပွဲပြင်ဆင်ခြင်းတို့နှင့်ဆိုင်သောသင်၏ အင်္ဂလိပ်စာစွမ်းရည်များတိုးတက်စေရာတွင် ထိရောက် လှပါသည်။

LearnEnglish Grammar
ကျွန်ုပ်တို့၏ Beginner အဆင့်မှ Advanced အဆင့်အထိ အဆင့်အမျိုးမျိုးရှိသော ထောင်ပေါင်းများစွာသော ဉာဏ်စမ်းမေးခွန်းများပါဝင်သော သဒ္ဒါလေ့ကျင့်ခန်းစာအုပ်ဖြင့် သင်၏ သဒ္ဒါစွမ်းရည်ကို ပြီးပြည့်စုံအောင်ပြုလုပ်လိုက်ပါ။
Download for: iOS | Android | Windows Phone 8