What is Secondary Plus?

Secondary Plus ဆိုတာ ဆယ်ကျော်သက်များအတွက် ဗြိတိသျှကောင်စီမှ စနစ်တကျ ‌ရေးဆွဲထားသော အင်္ဂလိပ်စာသင်တန်း ဖြစ်ပါတယ်။ ‌ကျောင်းသားများ စိတ်ပါဝင်စားစွာ ‌‌‌လေ့လာနိုင်ရန် ပျော်ရွှင်စရာကောင်းသော၊ လက်တွေ့ကျသော၊ စိန်ခေါ်မှုများသော သင်ခန်းစာများထည့်သွင်းထားတဲ့ သင်တန်းတစ်ခုလည်းဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားအသုံးပြုတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ မတူညီသော လှုပ်ရှားမှုများကို စိတ်အားထက်သန်စွာ သင်ယူရင်းဖြင့် တိုးတက်ပြောင်းလဲ နေသော ဒီခေတ်အတွက်လိုအပ်တဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးမယ့် သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။ Secondary Plus အင်္ဂလိပ်စာသင်တန်းကြောင်းထပ်မံလေ့လာရန် ဒီနေရာကို နှိပ်ပါ။ 

အွန်လိုင်းအတန်းတွေနဲ့ ပုံမှန်အတန်းတွေ ဘယ်လိုကွာခြားသလဲ?

Secondary Plus Online မှာတက်ရောက်ခြင်းဖြင့် သင့်ကလေးသည် အရည်အသွေးမြင့် သင်ကြားမှုနှင့် အဆင့်မြင့်အတွေ့အကြုံများရရှိမှာဖြစ်ပြီး မိမိတို့၏နေအိမ်မှ ဘေးကင်းလုံခြုံစွာ သင်ယူမှုတစ်ခုကိုစတင်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအတန်းတွေဟာ ပုံမှန်အတန်းတွေလိုပဲ ထိရောက်မှုရှိပြီး Zoom software ကိုအသုံးပြုကာ ပို့ချမှာဖြစ်ပါတယ်။ ပုံမှန်အတန်းတွေအတိုင်း အွန်လိုင်းစာသင်ခန်းတွေမှာလည်း ခွဲထွက်ဆွေးနွေးခြင်း၊ မေးဖြေတုန့်ပြန်ခြင်းနဲ့ ပြန်လည်တင်ပြခြင်းတို့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သင်ခန်းစာများကိုလည်း ဒီဂျစ်တယ် ဖိုင်များနေနဲ့ ရရှိမှာဖြစ်ပါတယ်။ 

သင်တန်းတက်ရန်ဘာတွေလိုအပ်ပါသလဲ? 

  • ဝက်ဘ်ကင်မရာပါသည့်လက်တော့ပ်
  • မိုက်ခရိုဖုန်းပါသည့်နားကြပ်
  • အမြန်နှုန်းကောင်းသည့် အင်တာနက်
  • စာရွက်နှင့် ခဲတံ
  • Zoom အပလီကေးရှင်း

လုံခြုံစိတ်ချရမှုနဲ့ပတ်သက်လို့ရော? 

ဗြိတိသျှကောင်စီအနေဖြင့် Zoom နှင့် license agreement ကိုကျွန်တော်တို့ရဲ့ ဆရာ/ဆရာမ များအတွက်ပြုလုပ်ထားပြီး ဒီလိုင်စင်မှာ ဆိုလို့ရှိရင် လုံခြုံရေးအတွက် အထူးကြပ်မတ်မှု များရှိပြီး ၄င်းတို့ဟာအမြဲတမ်း up-to-date ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ codes များကို public အနေဖြင့် အားလုံကိုမျှဝေမှုမရှိပါ။ ထို့အပြင် စာသင်ခန်းအတွင်းသို့ဝင်ရောက်မှုပြုလုပ်နိုင်သူများကိုလည်း waiting rooms များထားရှိ၍ ကျောင်းသားများရဲ့လုံခြုံမှုအတွက်ကန့်သတ်ထားပါတယ်။

ဒီနေ့ပဲ သင့်ကလေးအတွက် စာရင်းပေးလိုက်ပါ

ဗြိတိသျှကောင်စီမှ ပြန်လည်ဆက်သွယ်ရန် ဤဖောင်ကိုဖြည့်ပါ။ Facebook messenger မှတဆင့်ဆက်သွယ်ရန် ဒီနေရာကိုနှိပ်ပါ။ ၀၉၇၇၇၀၀၁၈၀၈၊  ၀၉၇၇၇၀၀၁၈၂၂ တို့မှတစ်ဆင့် ဖုန်းဖြင့်လည်းဆက်သွယ်နိုင်ပါတယ်။