IELTS for UK Visas and Immigration (UKVI) သည် မည့်သည့်စာမေးပွဲ ဖြစ်သနည်း?
ယူကေတွင် အလုပ်လုပ်ရန် ပညာသင်ရန် ရည်သန်ထားလျှင် ယူကေဗီဇာ လျှောက်ထားဖို့ လိုအပ်ပြီး လိုအပ်သည့် အင်္ဂလိပ်ဘာသာစကားအဆင့် ရှိပြီးဖြစ်ကြောင်း ပြသရန် Academic နှင့် General Training IELTS နှင့် IELTS Life Skills ဟူသော ပြည်ထဲရေးဌာနမှ အတည်ပြုထားသည့် လုံခြုံမှုရှိသည့် အင်္ဂလိပ်ဘာသာစကားစာမေးပွဲ (SELT)စာမေးပွဲများ ဖြေဆိုနိုင်ပါသည်။
IELTS နှင့် ယူကေ ဗီဇာနဲ့ လူဝင်မှုကြီးကြပ်ရေးအတွက် IELTSတို့ မေးခွန်းပုံစံ မည်ကဲ့သို့ ကွာခြားပါသနည်း။
IELTS for UKVI နှင့် IELTS သည် ပုံစံ၊ အကြောင်းအရာ၊ အမှတ်နှင့် အခက်အခဲအဆင့်တူညီကြသည်။ သို့သော်သင်၏ရလဒ်များပါဝင်သည့် Test Report Form သည် ယူကေပြည်ထဲရေးရုံးမှ အတည်ပြုထားသော IELTS for UKVI ၏တရားဝင် တည်နေရာတွင် ဖြေဆိုခဲ့ကြောင်းဖော်ပြရန် အနည်းငယ်ကွဲပြားပါသည်။
မည်သည့်စာမေးပွဲပုံစံကို လိုက်နာရပါမည်နည်း။
စာရင်းမပေးမီ မည်သည့် စာမေးပွဲကို ဖြေဆိုသင့်ကြောင်း ကျောင်းသူ/သားများမှ မိမိတို့ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများနှင့် စစ်ဆေးပါ။
အဆင့်မြင့်ပညာရေးကျောင်းများဖြစ်သည့် အဆင့်(၄)တာဝန်ခံ တက္ကသိုလ်တစ်ခုမှ ဘွဲ့ကြို နှင့်ဘွဲ့လွန် သင်တန်းများ တိုက်ရိုက်တက်ရောက်လို၍ အဆင့်(၄) ကျောင်းသားဗီဇာကို လျှောက်ထားရာတွင် အဆိုပါကျောင်းမှ သတ်မှတ်သည့် အင်္ဂလိပ်စာအဆင့်မှီရပါမည်။ ဗြိတိသျှတက္ကသိုလ်၊ ကောလိပ်များအားလုံးမှ IELTS Academic ရလဒ်များကို လက်ခံကြပါသည်။ ဆိုလိုသည်မှာ ယူကေ ဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးအတွက် IELTS (IELTS for UKVI) စာမေးပွဲကို ဖြေဆိုရန် မလိုပဲ IELTS Academic စာမေးပွဲ ရလဒ်ကို တင်သွင်းနိုင်ပါသည်။
ကျောင်းသူ/သား မဟုတ်ခဲ့လျှင် မည်သည့် စာမေးပွဲပုံစံ ဖြေဆိုသင့်ကြောင်း မိမိလျှောက်ထားသည့် အဖွဲ့အစည်းနှင့် စာမေးပွဲမဖြေဆိုမီ စစ်ဆေးပါ။
ရန်ကုန်တွင် IELTS for UKVI ကို ဖြေဆိုနိုင်ပါသည်။
စာမေးပွဲ | ဖော်ပြချက် | စာမေးပွဲကြေး | စာရင်းသွင်းရန် |
---|---|---|---|
IELTS for UKVI (Academic) | IELTS for UKVI (Academic) စာမေးပွဲဖြေဆိုရန် သင်လျှောက်ထားသောတက္ကသိုလ် (သို့မဟုတ်) အဖွဲ့အစည်းမှတောင်းဆိုခဲ့လျှင် ဤစာမေးပွဲကို ဖြေဆိုပါ။ |
USD 254 |
စာရင်းသွင်းရန် |
IELTS for UKVI (General Training) | သင်ဗြိတိန်သို့ ပြောင်းရွှေ့လိုပါက (သို့မဟုတ်) ဒီဂရီဘွဲ့ အဆင့်အောက်ရှိပညာရေးကို လေ့ကျင့်လို (သို့မဟုတ်) လေ့လာလိုလျှင် ဤစာမေးပွဲကို ဖြေဆိုပါ။ | USD 254 | စာရင်းသွင်းရန် |
IELTS Life Skills A1 | အင်္ဂလိပ်ဘာသာစကားပြောခြင်းနှင့် နားထောင်ခြင်းစွမ်းရည်များကို 'အခြေချနေထိုင်သူ၏မိသားစု' ဗီဇာအတွက် ယူကေဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သက်သေပြရန်လိုအပ်ပါက ဤစာမေးပွဲကိုဖြေဆိုပါ။ | USD 209 | စာရင်းသွင်းရန် |
IELTS Life Skills B1 | သင်၏အင်္ဂလိပ်စကားပြောခြင်းနှင့် နားထောင်ခြင်းစွမ်းရည်များကို ဆက်လက်နေထိုင်ခွင့်သို့မဟုတ်နိုင်ငံသားအဖြစ်အစဉ်အမြဲနေခွင့်အတွက် ဗြိတိန်နိုင်ငံဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးသို့လျှောက်ထားရန်လျှောက်လွှာ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သက်သေပြရန်လိုအပ်ပါက ဤစာမေးပွဲကိုဖြေဆိုပါ။ | USD 209 | စာရင်းသွင်းရန် |
စာမေးပွဲကြေးမှာဘာတွေပါဝင်လဲ။ စာမေးပွဲကြေးမှာပါဝင်ပြီးသားဖြစ်တာကတော့ သင့်အတွက်အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ရေးပစ္စည်းများ၊ အစမ်းစာမေးပွဲများစသည်ဖြင့် အထူးပြင်ဆင်ထားပါတယ်။
ဗြိတိသျှကောင်စီတွင် ဗီဇာနှင့်လူဝင်မှုကြီးကြပ်ရေးအတွက် IELTS (IELTS for UKVI) စာမေးပွဲကိုဖြေဆိုခြင်း
IELTS for UKVI (Academic နှင့် General Training) စာမေးပွဲများ နှင့် IELTS Life Skills စာမေးပွဲများ ကို ယူကေဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေးမှ ထောက်ခံသည့် ဌာနများတွင် ဖြေဆိုရပါမည်။ ဗြိတိသျှကောင်စီတွင် UKVI မှ အသိအမှတ်ပြုထောက်ခံထားသည့် စာဖြေဌာနများ ကမ္ဘာတစ်ဝှမ်းတွင် ရှိနေပါသည်။
စာမေးပွဲဖြေဆိုသောအခါ စာရွက်ပေါ်တွင် ဖြေဆိုရသော (သို့မဟုတ်) ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS for UKVI ကိုရွေးချယ်နိုင်ပါသည်။