ကြိုးစားအားထုတ်၍ စာမေးပွဲဖြေဆိုပြီးနောက် ရလဒ်များကို အသည်းအသန်သိလိုမှာဖြစ်ပါသည်။ ထိုရလဒ်များကို တတ်နိုင်သမျှ အမြန်ဆုံးရရှိနိုင်အောင် ဗြိတိသျှကောင်စီက ဆောင်ရွက်ပေးပါသည်။

စင်တာများကတဆင့် စာမေးပွဲဖြေဆိုသူများသည် ၎င်းတို့၏ရလဒ်များနှင့် လက်မှတ်များကို မိမိ၏စင်တာများ၌ သွားရောက်ထုတ်ယူရပါမည်။ တစ်ဦးချင်းဖြေဆိုသူများက သင်စာရင်းသွင်းခဲ့သော  ဗြိတိသျှကောင်စီရုံးမှာ လာရောက်ထုတ်ယူနိုင်ပါသည်။ သက်သေခံအထောက်အထားနှင့် အချိန်ဇယားကို ယူလာရန်မမေ့ပါနှင့်။

On-Demand စာမေးပွဲများအတွက် ရလဒ်နှင့်လက်မှတ်များကို စာမေးပွဲရက်၏နောက် (၆)ပတ်အကြာ၌ ထုတ်ပြန် ပေးပါသည်။ 

Series စာမေးပွဲများအတွက်ကတော့ Online မှရလဒ်တွေကို Series ၏ နောက်ဆုံးစာမေးပွဲနေ့အပြီးနောက် (၉)ပတ်အကြာ၌ ထုတ်ပြန်ပေးပါသည်။ ပုံမှန်အားဖြင့် Series စာမေးပွဲအတွက် ရလဒ်နှင့် လက်မှတ်များကို Online ရလဒ်များ ထုတ်ပြန်ပြီးနောက် (၆)ပတ်အကြာတွင် ထုတ်ယူနိုင်ပါသည်။ 

မျှဝေပါ