ယူကေ၌ရှိသော အလုပ်ရှင်များ၊ တက္ကသိုလ်များနှင့် အတတ်ပညာဆိုင်ရာအဖွဲ့အစည်းများက အသိအမှတ်ပြုသော နိုင်ငံတကာပညာအရည်အချင်းကို ရယူလိုပါသလား။ London Chamber of Commerce and Industry (LCCI) ပညာအရည်အချင်းများကို နိုင်ငံပေါင်း (၈၀) ကျော်တွင် ကျင်းပပြီး ကမ္ဘာတစ်ဝှမ်း (၅၀၀,၀၀၀) ကျော်ကို ထောက်ခံမှု ပေးခဲ့ပါသည်။
၎င်းစာမေးပွဲမှာ ဘာသာရပ်ဆိုင်ရာအတတ်ပညာကို အင်္ဂလိပ်လိုစစ်ဆေးပါသည်။ အင်္ဂလိပ်စကားသည် မိခင်ဘာသာစကားမဟုတ်သော စာမေးပွဲဖြေလိုသူများအတွက် လိုအပ်သော အင်္ဂလိပ်ဘာသာစကားအဆင့်ကို သင်ရိုးတိုင်း၌ တွေ့နိုင်ပါသည်။ ၎င်းပညာအရည်အချင်းများကို တစ်ဘာသာချင်း (သို့မဟုတ်) ဒီပလိုမာများနှင့် အဖွဲ့လိုက်ထောက်ခံ ချက်များအဖြစ်ရယူနိုင်ပြီး အောက်ဖော်ပြပါ ဘာသာရပ်များတွင် အဆင့်လိုက်ရယူနိုင်ပါသည်။