©

EU film festival

Image: Soe Moe, film director and artist, giving special commentaries on Made in Dagenham at the press show at the Traders Hotel, Grand Ballroom on 1 November 2012. Photo by Boothee © Astrophoto.

ဥရောပရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆိုင်ရာ အနုပညာမြင်ကွင်း၏ အဓိက အစိတ်အပိုင်းအဖြစ် ရပ်တည်ခဲ့သည်မှာ လွန်ခဲ့သော (၂၁)နှစ်ကျော်ကပင် ဖြစ်ပါသည်။ အဓိကအားဖြင့် ဗြိတိသျှ၊ ပြင်သစ်၊ ဂျာမန် နှင့် အီတလီ သံရုံးတို့က ငွေကြေးပံ့ပိုးပေးခဲ့သော ဤပွဲတော်သည် သက်ဆိုင်ရာ သံအမတ်ကြီးများအိမ်၌ ပြုလုပ်သော ဖိတ်ကြားထားသူများသာ တက်ရောက်ခွင့်ရခဲ့သော သီးသန့်ပွဲတော်အဖြစ် စတင်ခဲ့ပါသည်။ အများပြည်သူကိုပါ ဖိတ်ခေါ်သော ပွဲအဖြစ် ၁၉၉၈ ခုနှစ်တွင် သမ္မတရုပ်ရှင်ရုံ၌ ပထမဆုံး ပြုလုပ်ခဲ့ပါသည်။

ထိုပွဲ၏ အောင်မြင်မှုနောက်တွင် သံရုံးတစ်ရုံးစီမှ အလှည့်ကျ ပွဲတော်ကို တာဝန်ယူ စီစဉ်ပြီး နှစ်စဉ်နှစ်တိုင်း ဥရောပရုပ်ရှင်ပွဲတော်များကို ကျင်းပခဲ့ပါသည်။လန်ဒန်ရှိ ယူကေရုပ်ရှင်အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဗြိတိသျှကောင်စီမြန်မာမှ စိတ်ဝင်စားစရာကောင်းသော အကဲစမ်းသော၊ ပျော်စရာကောင်းသော ရုပ်ရှင်များကို  မြန်မာပြည်သူလူထုအနေဖြင့် ယူကေ၏ ယဉ်ကျေးမှု နှင့် လူ့အဖွဲ့အစည်းအကြောင်းကို ပို၍ အတွင်းကျကျ သိရှိနိုင်အောင် အခွင့်အလမ်းဖန်တီးပေးသော အနေဖြင့် ပြသခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် ပွဲတော်ကို ပုံမှန်တစ်ပတ်ကျင်းပရာမှ ဆယ်ရက်အထိ တိုး၍ကျင်းပခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် နယ်သာလန်၊ စပိန် နှင့် ဆွီဒင်တို့မှ  ဤကျယ်ပြန့်၍ စွဲဆောင်မှုရှိသော လက်ရွေးစင် ရုပ်ရှင်များ ပြသသည့် ရုပ်ရှင်ပွဲတော်တွင်ပါဝင်လာခဲ့ပြီး၊ ပါဝင်သည့်နိုင်ငံပေါင်း ၁၁ နိုင်ငံအထိများပြားလာခဲ့ပါသည်။ ထိုနှစ်တွင် ပြသခဲ့သော ဗြိတိသျှရုပ်ရှင်ကား “Pride” ဇာတ်ကားသည်လည်း နိုင်ငံတကာပရိတ်သတ်၏ လက်ခံအားပေးမှုများစွာ ရရှိခဲ့ပါသည်။