©

British Council

စွမ်းရည်မြင့် စူပါအာကာသသူလျှိုများဖြစ်သော Sam နှင့် Pam တို့နှင့်အတူ အင်္ဂလိပ်စာလုံးများ ဖတ်ခြင်းနှင့် အသံထွက်ခြင်းတို့တွင် ယုံကြည်မှုကိုတည်ဆောက်ပါ။ ဇာတ်လမ်းသွားပုံစံဖြင့် ရေးဆွဲထားသော ယခု app တွင် ဇာတ်လမ်း (၈) ပုဒ် ပါရှိပြီး၊ ဇာတ်လမ်းတစ်ပုဒ်ချင်းစီသည် မတူညီသော အသံအုပ်စုတွဲများကို အလေးထားဖော်ပြထားပါသည်။ ဤ app အားငယ်ရွယ်သော လေ့လာသူများ ( ၆ နှစ်မှ ၈ နှစ်အရွယ်ရှိသူများ) ၏ စာဖတ်စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ရေးဆွဲထားပါသည်။ 

အသံထွက်များအပေါ် အထူးအလေးပေးထားသည့် ဇာတ်လမ်းများ

အာကာသသူလျှိုများဖြစ်သည့် Sam နှင့် Pam တို့ ကမ္ဘာပေါ်သို့ လာလည်ပြီး အင်္ဂလိပ်စာကို စတင်လေ့လာသည့်အကြောင်းကို နောက်ခံထား၍ ပုံပြင်ဇာတ်လမ်း (၈) ပုဒ်ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်အသံများကို စူးစိုက်လေ့လာနိုင်ရန် ဇာတ်လမ်း တစ်ပုဒ်ချင်းစီအား အထူးတလည် ရေးသားထားပါသည်။ ဇာတ်လမ်းတစ်လျှောက်လုံးတွင် ၄င်းအသံထွက်များကို ထပ်ခါထပ်ခါ ပါရှိစေရန် စီစဉ်ထားသဖြင့် လေ့လာသူများအနေနှင့် အသံနှင့် စာလုံးများ၏ဆက်စပ်မှုကို နားလည်နိုင်ပြီး ပြန်လှန်လေ့ကျင့်နိုင်ပါသည်။

ယူကေ အင်္ဂလိပ်အသံထွက်အစီအစဉ်၏ စာလုံးများနှင့် အသံများ

LearnEnglish Kids: Phonics Stories သည် ယူကေ အင်္ဂလိပ်အသံထွက်အစီအစဉ်၏ စာလုံးများနှင့် အသံများ စနစ်ကို လိုက်နာကျင့်သုံးပါသည်။ အသံထွက်စနစ်၏ အသံများကို ယထာဘူတကျကျ အုပ်စုဖွဲ့ပေးထားပြီး အလွယ်ကူဆုံး အသံများမှ စတင်ဖော်ပြထားသည်။ ဇာတ်လမ်းတစ်ခုစီအလိုက် အသံထွက်အုပ်စုများကို တဆင့်ပြီးတဆင့် ပိုမို၍ ခက်ခဲလာစေပြီး ရှုပ်ထွေးသော အသံထွက်ခြင်းများကို သဘာဝအတိုင်း ဖွံ့ဖြိုးတိုးတက်လာစေသည်။

ဇာတ်လမ်းများနှင့် စကားလုံးပြကားချပ်များကို ကြိုက်ပါသည်။ ဆရာလမ်းညွှန်စာအုပ်ကလည်း အသုံးဝင်ပါသည်။”

External links