အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေသော တိမ်မြုပ်နေသော စကားလုံးများ၊ တိမ်မြုပ်နေသော လောကများ - မြန်မာပြည်မှ ခေတ်ပြိုင် ဝတ္ထုတိုများ စာအုပ်မိတ်ဆက်ပွဲကို ဗြိတိသျှကောင်စီ စာကြည့်တိုက်(အမှတ် - ၇၈၊ ကမ်းနားလမ်း) တွင် ဖေဖေါ်ဝါရီလ၊ ၁၈ ရက် တနင်္ဂနွေနေ့၊ ညနေ ၃ နာရီမှ ၆ နာရီ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။ ဤပွဲတွင် စာရေးဆရာများ၊ ဝတ္ထုတိုများကို ဘာသာပြန်ဆိုသူများအချို့မှ ဝတ္ထုတိုများကို ဖတ်ကြားခြင်း အပါအဝင် ဤအစီအစဉ်နှင့် ပတ်သက်သော အမေးအဖြေ ကဏ္ဍများ ပါဝင်မည် ဖြစ်ပါသည်။အဆိုပါပွဲသို့ လူကြီးမင်းတို့၏ သတင်းဌာနမှ တက်ရောက်သတင်းယူပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

Hidden Words, Hidden Worlds (တိမ်မြှုပ်နေသောစကားလုံးများ၊ တိမ်မြှုပ်နေသောလောကများ) စာပေစီမံကိန်းကို ဗြိတိသျှကောင်စီမှ တိုင်းရင်းသားစာပေဖွံ့ဖြိုးတိုးတက်ရေးအား တစ်စိတ်တစ်ဒေသ ပံ့ပိုးလိုသော ရည်ရွယ်ချက်ဖြင့် ၂၀၁၃ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့ပါသည်။ ဤစာအုပ်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတို့၏ စာပေများကို ၎င်းတို့၏ ကိုယ်ပိုင်ဘာသာစကားမှ ကမ္ဘာသုံးဘာသာစကားဖြင့် ဖော်ပြခွင့်ရသည့် ရသစာပေ၏ မှတ်တိုင်သစ်တစ်ခုဖြစ်ပါသည်။ ဤစာအုပ်တွင်  ပါဝင်သော ဝတ္ထုတိုများထဲမှ ဗမာစာရေးဆရာ ( ၇ ) ဦးအပြင် မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ ကချင်၊ ချင်းနှင့် ရခိုင်ပြည်နယ်များမှ စာရေးဆရာ ရ ဦးတို့ ရေးသားထားသော ဝတ္ထုတိုများကို ဗြိတိသျှကောင်စီမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ယူကေနိုင်ငံတွင် Hidden Words,Hidden Worlds Contemporary Short Stories from Myanmar အမည်ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့ပြီး ၂၀၁၇ နိုဝင်ဘာ ၈ ရက်နေ့တွင် စာအုပ်မိတ်ဆက်ပွဲကို ယူကေနိုင်ငံ၊ လန်ဒန်မြို့တွင်ကျင်းပခဲ့ပါသည်။ ဤစာအုပ်သည်  Lucas Stewart နှင့် Alfred Birnbaum တို့မှ တည်းဖြတ်ပေးခဲ့သော အနောက်တိုင်းတွင် ပုံနှိပ်ထုတ်ဝေသည့် ပထမဦးဆုံး မြန်မာပြည်မှ ဝတ္ထုတိုပေါင်းချုပ် ဖြစ်ပါသည်။

အဆိုပါပွဲသို့ ကြွရောက်သတင်းယူပါရန် သတင်းမီဒီယာအားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တက်ရောက်မည်ဆိုပါက မသင်းအောင်ထူး (ဗြိတိသျှကောင်စီ) ဖုန်းနံပါတ် ဝ၉ ၅၁၅၄၄၁၇ သို့လည်းကောင်း အီးမေးလ် ThinAung.Htoo@mm.britishcouncil.org သို့လည်းကောင်း ပြန်လည် အကြောင်းကြားပေးပါရန် ပန်ကြားအပ်ပါသည်။

 

မျှဝေပါ