The British Council at Rander House in the 1960s. ©

Getty Images

ဗြိတိသျှကောင်စီသည် United Kingdom ခေါ် ယူကေနိုင်ငံ၏ နိုင်ငံတကာယဉ်ကျေးမှုကူးလူးဆက်ဆံရေးအဖွဲ့အစည်းဖြစ်ပြီး ၁၉၃၄ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့တွင် နိုင်ငံပေါင်း(၁၁၀)နိုင်ငံ နှင့် ကမ္ဘာအနှံ့ရှိဒေသများတွင်ရှိသော မြို့ငယ်၊မြို့ကြီး (၂၂၉) မြို့တွင် ရုံးခန်းများ ရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်မှစတင်တည်ရှိခဲ့ပါသည်။

 ၁၉၄၆-ခု 

ရန်ကုန်မြို့သို့ ဗြိတိသျှကောင်စီ၏ ပထမဆုံးကိုယ်စားလှယ် ရောက်ရှိပြီး အမှတ် ၅၅၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ရုံးခန်းတည်ထောင်ခဲ့သည်။

 ၁၉၄၈-ခု 

ဗြိတိသျှကောင်စီသည် Rander House တွင် စာကြည့်တိုက်၊ စာဖတ်ခန်း၊ စာသင်ခန်းများ၊ ဟောပြောခန်းမနှင့် ရုပ်ရှင်ရုံတို့ပါဝင်သော အဆောက်အအုံအသစ်ဖွင့်လှစ်ခဲ့သည်။

၁၉၄၉-ခု 

စာကြည့်တိုက် ပထမအခွဲကို မော်လမြိုင်ဒေသန္တရစာကြည့်တိုက်တွင် တည်ထောင်ခဲ့ပြီး နောက်ထပ်အခွဲများကို တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ 

၁၉၆၆-ခု  

တခြားသောနိုင်ငံခြားယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းမျာအားလုံးနှင့်အတူ ဗြိတိသျှကောင်စီသည် လုပ်ငန်းများရပ်တန့်ခဲ့သည်။

၁၉၇၈-ခု

ဗြိတိသျှကောင်စီသည် ဗြိတိသျှသံရုံးတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ “ ဗြိတိသျှသံရုံး၏ ယဉ်ကျေးမှုဌာန” အမည်နှင့်ဖြစ်ပါသည်။ 

၁၉၉၆-ခု 

ဗြိတိသျှကောင်စီသည် အင်္ဂလိပ်စာသင်ကြားရေးဌာနကိုဖွင့်လှစ်ခဲ့ပါသည်။ 

၁၉၉၇-ခု

ဗြိတိသျှကောင်စီကို မန္တလေးမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ 

၁၉၉၈-ခု

ဗြိတိသျှကောင်စီသည် သံရုံးနှင့်အတူ စာကြည့်တိုက်ကွန်ယက် - Millennium Centre ကိုပူးပေါင်းတည်ထောင်ခဲ့သည်။ 

၂၀၀၅-ခု 

ဗြိတိသျှကောင်စီစာကြည့်တိုက်သည် ၎င်း၏အသင်းဝင်များအတွက် အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ခွင့်ပေးခဲ့ပါသည်။ 

၂၀၁၄-ခု 

ဗြိတိသျှကောင်စီသည်  မြန်မာနိုင်ငံနှင့် ယူကေနိုင်ငံကြား ရင်းနှီးဖော်ရွေသော ဗဟုသုတ၊အသိအမြင်များဖြင့်တည်ဆောက်ထားပြီး တက်ကြွကောင်းမွန်၍ အခြေခိုင်မာသော ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကို ဖန်တီးနိုင်ရန်အတွက် ၎င်း၏ပရိုဂရမ်လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်၍ လုပ်ဆောင်လျက်ရှိပါသည်။ 

မျှဝေပါ