ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအစိုးရ၏ ပညာရေးစနစ်၏ အရည်အသွေးကိုမြှင့်တင်နိုင်ရန် ပြုပြင်ပြောင်းလဲရေး ပဏာမလုပ်ငန်းစဉ်များတွင် အကူအညီပေးနေပါသည်။ အခြားဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များနှင့်အတူ ပညာရေးစနစ်၏ပြုပြင်ပြောင်းလဲမှုအစီအစဉ်များတွင်လည်း တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လျက်ရှိပါသည်။ မြန်မာအစိုးရနှင့်နိုင်ငံတကာ အသိုက်အဝန်းများကြားရှိ ဆက်ဆံရေးခိုင်မာစေရန်လည်း တက်ကြွစွာ ကူညီပေးလျက်ရှိပြီး အထူးသဖြင့် ဗြိတိန်နှင့်မူဝါဒဆွေးနွေးပွဲများ တည်ဆောက်ခြင်း အသိပညာဝေမျှသည့် ခရီးစဉ်များရေးဆွဲခြင်းနှင့် မြန်မာနိုင်ငံ၏ပညာရေးကိုကမ္ဘာလုံးဆိုင်ရာပညာရေးလှုပ်ရှားမှုများထဲတွင် ပါဝင်လာပြီး နိုင်ငံတကာကသိရှိနားလည်စေခြင်း စသည်တို့ကို ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ပညာရေးပြုပြင်ပြောင်းလဲမှု အထောက်အကူပြုလုပ်ငန်း
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ ပညာရေးကို ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ပံ့ပိုးကာ ပညာရေးပြုပြင်ပြောင်းလဲရေးတွင် ဗြိတိန်၏ကျွမ်းကျင်မှုများ၊ အတွေ့အကြုံများဖြင့် ရင်းနှီးကျွမ်းဝင်စေပါသည်။