Internationalising Higher Education

မြန်မာနိုင်ငံ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်းအားတိုးချဲ့လိုသည့်ဆန္ဒကို တုံ့ပြန်သည့်အနေနှင့်မြန်မာနိုင်ငံရှိ ဗြိတိသျှကောင်စီသည် ယူကေနှင့်မြန်မာနိုင်ငံကြားကျောင်းသားများ၊ တက္ကသိုလ်ဆရာ/ဆရာမများ မူဝါဒရေးဆွဲသူများ အချင်းချင်းဖလှယ်ခြင်းနှင့် အပြန်အလှန် သွားရောက်လည်ပတ်၍ ပညာရပ်နှင့် အတွေ့အကြုံများဖလှယ်နိုင်ရန် အကူအညီပေးခဲ့ပါသည်။ ယူကေတက္ကသိုလ်များနှင့် မြန်မာနိုင်ငံပညာရေးကဏ္ဍများ၊ အဖွဲ့အသည်းများ၊ နိုင်ငံတကာမှ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီပေးသူများ၊ တက္ကသိုလ်များနှင့် ပုဂ္ဂိုလ်များအကြားပူးပေါင်း ဆောင်ရွက်ခြင်းနှင့် မိတ်ဖက်ပြုခြင်းများကိုလည်း အထောက်အပံ့ပေးပါသည်။ 

ထို့အပြင် နိုင်ငံတကာအဆင့်၊ ‌‌‌ဒေသတွင်းအဆင့်နှင့် နိုင်ငံအဆင့်ညီလာခံများ၊ အလုပ်ရုံ ဆွေးနွေးပွဲများစီစဉ်ကျင်းပခြင်းဖြင့်လည်း နိုင်ငံတကာမှအကူအညီပေးသူများ၊ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် များနှင့် နိုင်ငံတကာ ပူးပေါင်းဆက်ဆံရေးပိုမိုရှင်သန်လာစေရန် နီးနီးကပ်ကပ်လုပ်ဆောင်ပါသည်။

External links

မျှဝေပါ