©

Mat Wright

ကျွန်ုပ်တို့သည် နိုင်ငံတွင်း၊ဒေသတွင်းရှိ ယူကေ ပညာရေးအဖွဲ့အစည်းများနှင့် ယူကေ ပညာရေးသင်တန်း ပို့ချပေးသူများ၏လုပ်ငန်းတိုးတက်ရေးကို ၀န်ဆောင်မှုအပိုင်း (၄) ပိုင်းဖြင့် အထောက်အပံ့ပေးပါသည်။ ကျွန်ုပ်တို့သည်customerတစ်ဦးစီ၏လိုအပ်ချက်ကိုလိုက်၍ဈေးကွက်အတွင်းသို့ဝင်ရောက်ခြင်းနှင့် နှုတ်ထွက်ခြင်း ဆိုင်ရာ မဟာဗျူဟာများနှင့် သက်ဆိုင်သော အကြံပြုချက်များပေးခြင်း၊ လှုပ်ရှားမှုပွဲစဉ်များ စီစဉ်ခြင်းနှင့် ကျွန်ုပ်တို့၏ကျယ်ပြန့်သောဒေသခံပညာရေးအဆက်အသွယ်များနှင့် ကျွန်ုပ်တို့၏ကျွမ်းကျင်မှုတို့ကိုအထူးပြု၍ marketing ၀န်ဆောင်မှုကို UK ပညာရေးအဖွဲ့အစည်းများအား တိုက်ရိုက်ဆောင်ရွက်ပေးခြင်း၊ နောက်ဆုံးပေါ် ပညာရေးဈေးကွက်အလားအလာများနှင့် သတင်းများကို ယူကေ ပညာရေးအဖွဲ့အစည်းများသို့ ပေးပို့ခြင်းနှင့် ပညာရေးအတိုင်ပင်ခံများအတွက် ကျွမ်းကျင်မှု တိုးတက်ရေးသင်တန်း အစီအစဉ်များကို ပြုလုပ်ပေးပါသည်။

ယူကေတက္ကသိုလ်များအပါအဝင် ယူကေပညာရေးအဖွဲ့အစည်းများအတွက် ကျွန်ုပ်တို့ စီစဉ်ဆောင်ရွက်ပေးသော လှုပ်ရှားမှုပွဲစဉ်များနှင့် ၀န်ဆောင်မှုများတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • Annual Education UK Exhibitions and Education Seminars
  • Transnational Education Partnership Services 
  • Education UK Agent and Counsellors Trainings
  • Market Research and Consultancy

နိုင်ငံတကာပညာရေး Marketing အတွက်ဝန်ဆောင်မှုများ၊ မြန်မာနိုင်ငံအတွက်သတင်းများနှင့် ပတ်သက်၍ အချက်အလက်များ သိရှိလိုပါက အောက်ဖော်ပြပါ အီးမေးလ်သို့ ဆက်သွယ်ပါ။

Uraiwan Samolee (Head of Education Services: Thailand, Vietnam and Myanmar)
Uraiwan.Samolee@britishcouncil.or.th

မျှဝေပါ