ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ပညာရေးအခန်းကဏ္ဍကို အမျိုးသားအဆင့်မြင့်ပညာရေးကော်မတီများ၊အဖွဲ့အစည်းမျာနှင့်မိတ်ဖက်အဖြစ် အတူတကွ ပူးပေါင်းလုပ်ဆောင်၍ ပံ့ပိုးပေးသည့်အပြင် ပညာရေးပြုပြင်ပြောင်းလဲရေး၏ အဓိကကျသော နယ်ပယ်များတွင် ယူကေ၏ကျွမ်းကျင်မှုနည်းစနစ်များနှင့် အတွေ့အကြုံများအား ယူဆောင်လာခြင်းဖြင့် ထောက်ပံ့ခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာမူဝါဒဆွေးနွေးပွဲများကို စီစဉ်ကျင်းပပေးရာတွင် ပညာရေးနယ်ပယ်မှ သက်ဆိုင်သူများကို အတူတကွပါဝင်စေ၍ ဗြိတိသျှပညာရေးတက္ကသိုလ်များနှင့်အဖွဲ့အစည်းများ၊ အမျိုးသား အဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ အတိုင်ပင်ခံများအပြင် အခြားနိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ထိတွေ့ဆက်ဆံနိုင်သော အခွင့်အလမ်းများကို ဖန်တီးဖြင့် မြန်မာနိုင်ငံအတွက်ခေတ်မှီတိုးတက်သော မူဝါဒလမ်းစဉ်တစ်ခု ဖော်ဆောင်ရန်ကြိုးပမ်းခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပညာရေးပြောင်းလဲမှုတွင် အရေးပါသောအခန်းကဏ္ဏ၌ ပါဝင်သော အစိုးရအရာရှိကြီးများကိုလည်း မြန်မာနိုင်ငံပညာရေးကဏ္ဍကို ယူကေနိုင်ငံမှ ပိုမိုသိရှိသဘောပေါက်စေရန်နှင့် ယူကေ၏ လုပ်ဆောင်မှုနည်းစနစ်များနှင့်လည်း ကိုယ်တိုင်ရင်းနှီးကျွမ်းဝင်စေရန် ယူကေနိုင်ငံသို့ လေ့လာရေးခရီးစဉ်များစီစဉ်ပေးခဲ့ပါသည်။
ထိုကဲ့သို့ ကျွန်ုပ်တို့၏ပညာရေးလှုပ်ရှားမှုများမှတဆင့် ယူကေနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရေရှည်တည်တံ့၍ တစ်ဦးနှင့်တစ်ဦး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယုံကြည်စိတ်ချရသောဆက်ဆံရေးနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တည်ထောင်နိုင်ရန်ရည်ရွယ်ပါသည်။
ဗြိတိသျှကောင်စီ၏လက်ရှိပညာရေးစီမံကိန်းများထဲမှတစ်ခုဖြစ်သော Towards Results in Education and English (TREE) စီမံကိန်းသည် Foreign Commonwealth and Development Office (FCDO) ၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာ-ယူကေ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း Myanmar – UK Partnership for Education (MUPE) အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၅နှစ် ကြာ အကောင်အထည်ဖော်ဆောင်သွားမည့် ပညာရေးစီမံကိန်းဖြစ်ပါသည်။
TREE စီမံကိန်း၏ ကနဦး စီမံကိန်းရလဒ်ကြီး သုံးခုမှာ
- သင်ကြားမှုဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်များနှင့် ဆရာအတတ်သင်ဆရာဆရာမများထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရန်
- အင်္ဂလိပ်စာဘာသာရပ်သင်ကြားခြင်း (English Language Teaching) အပါအဝင် ဆရာ ဆရာမလောင်းများ၏ သင်ကြားမှုရလဒ်များပိုမိုကောင်းမွန်လာစေရန်
- သင်ကြားမှုဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုအား အထောက်အကူဖြစ်စေမည့် ပိုမိုထိရောက်မှုရှိသော မသန်စွမ်းအပါအဝင် အားလုံးတန်းတူညီမျှရှိသော ပညာရေးစနစ်ဖြစ်ပေါ်လာစေရန် တို့ဖြစ်ပါသည်။
ထို့အပြင် TREE စီမံကိန်းရလဒ်များသည် MUPE အစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ပိုမိုထိရောက်ကောင်းမွန်သည့် ပညာရေးစနစ်နှင့် မြန်မာကျောင်းသားများအတွက် သင့်လျော်သော သင်ကြားမှုပုံစံ အောင်မြင်စွာအကောင်အထည်ဖော်ခြင်းအပြင် ကျောင်းပြင်ပ လုပ်ငန်းခွင်အတွက် လိုအပ်သည့်အရည်အသွေးများ ပြင်ဆင်ပေးခြင်းတို့ကို ပံ့ပိုးပေးသွားရန် ရည်ရွယ်သည်။ TREE စီမံကိန်းကနဦးကာလသည် ၂၀၁၉ ခုနှစ် ဇွန်လ ၃ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ပြီး အဆိုပါ ကနဦးကာလာအတွင်း လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍနှင့်ပတ်သက်ပြီး အထူးသဖြင့် ပညာရေးကောလိပ်များတွင် လေ့လာဆန်းစစ်မှုများစွာ ပြုလုပ်ခဲ့သည်။
TREEစီမံကိန်းကို ဗြိတိသျှကောင်စီက ဦးဆောင်ပြီး မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော The Open University၊ Montroseနှင့် Voluntary Service Overseas တို့နှင့်အတူ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် အရှေ့အာရှဒေသတွင်းပညာရေးမူဝါဒဆွေးနွေးပွဲနှင့် နိုင်ငံတကာအစည်းအဝေးပွဲများတွင် ပညာရေးမူဝါဒချမှတ်သူများ တက်ရောက်နိုင်ရန်စီစဉ်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ထောက်ပံ့မှုကို တိုးမြှင့်ခဲ့ပါသည်။ ကမ္ဘာ့ပညာရေးဖိုရမ် (Education World Forum) နှင့် ဗြိတိသျှကောင်စီ၏ နှစ်ပတ်လည်ပညာရေးညီလာခံဖြစ်သော Going Global ကဲ့သို့သောအဓိကကျသည့် နိုင်ငံတကာ ညီလာခံများတွင် မြန်မာနိုင်ငံ၏ ပါဝင်လှုပ်ရှားမှုရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေး အခန်းကဏ္ဍသည် အရေးပါသော ပြောင်းလဲမှု၏ ကနဦးအဆင့်တွင် ရှိနေပါသည်။ ထိုပြောင်းလဲမှုကိုအပေါ် လိုက်လျောညီထွေစွာ တုံ့ပြန်ရန်နှင့် တက္ကသိုလ်များ၊ ဌာနများ၌ ပြောင်းလဲမှုကို ဦးဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအဆင့်မြင့်ပညာရေး တက္ကသိုလ်များနှင့် ပညာရေးဌာနများရှိ ဦးဆောင်သူများ ၊အကြီးတန်းစီမံခန့်ခွဲမှု အဖွဲ့များ၏ စွမ်းရည်များကို မြှင့်တင်ပေးရန် အရေးတကြီး လိုအပ်လျက်ရှိပါသည်။ ဗြိတိသျှကောင်စီအစီအစဉ်များသည် အမျိုးသား အဆင့်မြင့်ပညာဖွံ့ဖြိုးရေးကျောင်း (NIHED) နှင့် အတူတွဲလျက် မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးနယ်ပယ်တွင် ဦးဆောင်လျက်ရှိသော အကြီးတန်းအဖွဲ့များအတွက် ခေါင်းဆောင်မှုနှင့် စီမံအုပ်ချုပ်မှုစွမ်းရည် မြှင့်တင်ပေးရန် အဓိကထားပြီး လုပ်ကိုင်ပါသည်။
ရည်ရွယ်ချက်များ
ဤအစီအစဉ်သည် မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးပြောင်းလဲမှုဖြစ်သော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ချမှတ်ထားသည့် အဆင့်မြင့်ပညာရေးပြုပြင်ပြောင်းလဲမှုအရွေ့တခုဖြစ်သည့် အဆင့်မြင့်ပညာရေးကဏ္ဍ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အားကောင်းခိုင်မာစေရေး နှင့် အမျိုးသားအဆင့်မြင့်ပညာဖွံ့ဖြိုးရေးကျောင်း ထူထောင်နိုင်ရေးတို့ကို ပံ့ပိုးနိုင်ရန် ရည်ရွယ်ပါသည်။ ဤအစီအစဉ်သည် မြန်မာနိုင်ငံနှင့်ယူကေနိုင်ငံ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်သောနိုင်ငံတကာ အဆင့်မြင့်ပညာရေး နယ်ပယ်တခုကို ဖန်တီးပေးနိုင်စေရန်လည်း ရည်မှန်းပါသည်။
ဤ အစီအစဉ်၏ ကနဦးပထမနှစ် (THEMP, ၂၀၁၇-၂၀၁၈) ခုနှစ်တွင် မြန်မာနိုင်ငံရှိ တက္ကသိုလ် (၁၁) ခုမှ အကြီးတန်းစီမံခန့်ခွဲမှု ကိုယ်စားလှယ်များအား ပို့ချခဲ့သော သင်တန်းဧရိယာများမှာ
၁။ မဟာဗျူဟာဆိုင်ရာ ဦးဆောင်မှုနှင့် စီမံခန့်ခွဲခြင်း
၂။ သုတေသနလုပ်ငန်းများအား ဦးဆောင်မှုနှင့် စီမံခန့်ခွဲခြင်း
၃။ သင်ကြားမှုအရည်အသွေး ဦးဆောင်မှုနှင့် စီမံခန့်ခွဲခြင်း
၎။ သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းဆိုင်ရာ ဦးဆောင်မှုနှင့် စီမံခန့်ခွဲခြင်း
၅။ တုံ့ပြန်ဖြေကြားမှု၊ အကဲဖြတ်မှု၊ စစ်ဆေးမှုများအား ဦးဆောင်မှုနှင့် စီမံခန့်ခွဲခြင်းတို့ဖြစ်ပါသည်။
သင်တန်းများတွင် ပါဝင်သောအကြောင်းအရာများကို ယူကေတက္ကသိုလ်တစ်ခု ဖြစ်သော University College London-Institute of Education (UCL) မှ ဆန်းစစ်လေ့လာကာ ရေးဆွဲထားပါသည်။ ထိုယူကေတက္ကသိုလ် UCL (IOE) မှ မြန်မာနိုင်ငံမှ NIHED သင်တန်းဆရာ၊ဆရာမများအား လေ့ကျင့်ပေးခဲ့ပြီးနောက် သင်တန်းများအား ယူကေပညာရှင်များနှင့် အတူ ပူးတွဲပို့ချခဲ့ပါသည်။ အစီအစဉ်ကနဦးပထမနှစ်တွင် နိုင်ငံတော်အဆင့်ညီလာခံ ၂ ခုကို ကျင်းပနိုင်ခဲ့ပြီး မြန်မာနိုင်တက္ကသိုလ်ပေါင်း ၁၀၀ ကျော်မှ ခေါင်းဆောင် ၂၀၀ ကျော်တက်ရောက်ခဲ့ပါသည်။
ဤအစီအစဉ်အား အဆင့်မြင့်ပညာရေးဦးစီးဌာန (ပညာရေးဝန်ကြီးဌာန) ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များ ကော်မတီနှင့် ဗြိတိသျှကောင်စီတို့ မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အဆိုပါ အဖွဲ့အစည်း ၃ ခုနှင့် ကျင်းပသော အစည်းအဝေးများတွင် ဤအစီအစဉ်၏ လာမည့်နှစ် စီမံကိန်းအသစ်၏ အဓိကရလဒ်ဖြစ်သော အမျိုးသားအဆင့်မြင့်ပညာဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development – NIHED) ကို တရားဝင်တည်ထောင်နိုင်ရန် သဘောတူညီခဲ့ပါသည်။ ဤ NIHED အား တရားဝင် ဖွဲ့စည်းတည်ထောင်ခြင်းသည် စီမံကိန်းကာလတစ်လျှောက်နှင့် စီမံကိန်းကာလအလွန်အထိပါ အဆင့်မြင့်ပညာရေး၏စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးမှုကို ရေရှည်တည်တံ့သော လုပ်ဆောင်ချက်များဖြင့် ဆောင်ရွက်နိုင်စေခဲ့မည်ဖြစ်ပါသည်။
ဤအစီအစဉ်၏ ဒုတိယအဆင့်တွင် အဓိကလုပ်ဆောင်မည့်နယ်ပယ်(၂) နေရာမှာ -
၁။ မဟာနည်းဗျူဟာရေးဆွဲနည်းများ၊ သင်တန်းလိုအပ်ချက်စမ်းစစ်ခြင်းနှင့်နည်းလမ်းများ၊ ဝန်ထမ်းအင်အားများ၊ အရည်အသွေးအာမခံနှင့်၊ ဘဏ္ဍာရေးငွေစာရင်း၊ စသည့်နယ်ပယ်တို့ပါဝင်သော အမျိုးသားအဆင့်မြင့်ပညာရေးဖွံ့ဖြိုးရေးကျောင်း (NIHED) ဖွဲ့စည်းပုံ အဆိုပြုချက်ကိုရေးဆွဲခြင်း။
၂။ ကနဦး အစမ်းကာလနှစ်အတွင်း လုပ်ဆောင်ခဲ့သောသင်တန်းများပေါ်မူတည်ကာ ဝန်ထမ်းများစွမ်းရည် မြှင့်တင်ခြင်းကို ဆက်လက်ဆောင်သွားခြင်း။
ဤအစီအစဉ် ၏ ဒုတိယပိုင်းအဆင့်ကို ၂ဝ၁၉ စက်တင်ဘာလတွင် စတင်ခဲ့ပြီး တစ်နှစ်နှင့်လေးလတာ လုပ်ဆောင်ခဲ့ပါသည်။ ဤအစီအစဉ်ကို ဝန်ထမ်းများ၊ ကျောင်းသားများနှင့်လူ့အဖွဲ့အစည်းအတွက် အဆင့်မြင့်ပညာရေးတိုးတက်လာစေရန် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများနှင့် အဆင့်မြင့်ပညာရေးတို့နှင့် ပူးပေါင်းလုပ်ဆောင်သောကဏ္ဍ Advance HE မှအကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည်။ Advance HE သည် မြန်မာနိုင်ငံတစ်ဝှမ်းမှ တူညီသောကဏ္ဍအသီးသီးမှ အမျိုးသားအဆင့်မြင့်ပညာဖွံ့ဖြိုးရေးကျောင်းမှ သင်တန်းဆရာများကို သင်ကြားရေးနှင့်သင်ယူမှု၊ ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှုစနစ်နှင့် နိုင်ငံတကာမျှော်မှန်းချက်များ ခိုင်မာလာစေရေးအတွက် Virtual အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုတိုးတက်မှုအလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်နိုင်ရန်လေ့ကျင့်ပေးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲးသည် အကြီးတန်း HEI ဝန်ထမ်း အယောက် ၁ဝဝ ခန့်ကို ကြိုဆိုခဲ့သည်။ ထို့ပြင်အဆင့်မြင့်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသားအဖွဲ့အစည်းတည်ဆောက်ရန် ဖွဲ့စည်းပုံဆိုင်ရာအဆိုပြုလွှာကိုကောင်းမွန်စွာတင်သွင်းနိုင်ခဲ့သည်။
ဤ ၃နှစ်တာ အစီအစဉ်သည် ၂ဝ၂၂ခုနှစ် မတ်လတွင် ပြီးဆုံးခဲ့ပါသည်။