၂၀၂၆ ဇန်နဝါရီလ ၀၇ ရက် (မြန်မာစံတော်ချိန် ညနေ ၄ နာရီ) မှ စ၍ တစ်ဦးချင်းပေးသွင်းသူများအနေဖြင့် School Exams နှင့် Cambridge English Qualifications Exams စာမေးပွဲကြေးများကို အွန်လိုင်းမှ တဆင့်ဖြင့်သာပေးချေရပါမည်။
- For School Exams, please find the information HERE.
- For Cambridge English Qualifications, please find the information HERE.

 

ပြီးခဲ့တဲ့နှစ်တွင် လူပေါင်း (၂)သန်းကျော်သည် ဗြိတိသျှကောင်စီမှတဆင့် စာမေးပွဲများကို ဖြေဆိုခဲ့ကြပါသည်။ ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း (၉၀)ကျော်တွင် အင်္ဂလိပ်စာ စာမေးပွဲများမှ အစပြု၍ လုပ်ငန်းဆိုင်ရာ အရည်အချင်း စာမေးပွဲအဆုံး အမျိုးမျိုးသော စာမေးပွဲများကို ကျွန်ုပ်တို့က တာဝန်ယူ ကျင်းပပေးနေပါသည်။ ပညာရပ် သင်ကြားမှုဆိုင်ရာ ပတ်ဝန်းကျင်နှင့် စီးပွားရေးလောကတို့မှ သင်ယူမှုအခွင့်အလမ်းများနှင့် တီထွင်မှုအတွေး အခေါ်များကို ကမ္ဘာအရပ်ရပ်ရှိ လူများနှင့် ဆက်သွယ်ပေးနေပါသည်။

CUSTOMER SERVICE

သင့်အား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုပေးရန်အတွက် ကျွန်ုပ်တို့တွင် Customer Services ဌာနရှိပါသည်။ စာမေးပွဲနှင့်ပတ်သက်ပြီးစုံစမ်းခြင်း၊ စာရင်းပေးသွင်းခြင်း နှင့် စာမေးပွဲအောင်လက်မှတ်ထုတ်ယူခြင်းတို့အတွက် ကျွန်ုပ်တို့၏အလုပ်အချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Customer Services ဖွင့်ရက်နှင့် အချိန် နေ့ရက် အချိန်
စာမေးပွဲအတွက် စာရင်းပေးသွင်းခြင်း တနင်္လာ - သောကြာ မနက် ၈.၃၀ မှ ညနေ ၄နာရီ
စာမေးပွဲနှင့်ပတ်သက်ပြီးစုံစမ်းခြင်းနှင့် စာမေးပွဲအောင်လက်မှတ်ထုတ်ယူခြင်း တနင်္လာ - တနင်္ဂနွေ မနက် ၈.၃၀ မှ ညနေ ၅နာရီ

စာမေးပွဲများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို enquiries@mm.britishcouncil.org သို့အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါသည်။

ဤကဏ္ဍတွင်

Cambridge English Qualifications စာမေးပွဲများ

Cambridge အင်္ဂလိပ်စာအကဲဖြတ်စာမေးပွဲများအကြောင်းကို အင်္ဂလိပ်စကားပြောသော ကမ္ဘာအနှံ့ရှိ ကျောင်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကနှင့် ပြည်သူပိုင်ဌာနများနှင့် အလုပ်ရှင်များက အသိအမှတ် ပြုကြပါသည်။

အတတ်ပညာနှင့် ပညာရေးဆိုင်ရာစာမေးပွဲများ

မြန်မာနိုင်ငံရှိ ယူကေနှင့် နိုင်ငံရပ်ခြားအတတ်ပညာဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများနှင့် ကျောင်းများအတွက် စာမေးပွဲများ ကျင်းပပေးပါသည်။

ဘာကြောင့် ကျွန်ုပ်တို့မှတဆင့် စာမေးပွဲဖြေဆိုကြပါသနည်း

သင်၏ အလုပ်အခွင့်အလမ်းတိုးတက်ရန်နှင့် နိုင်ငံတွင်း (သို့) နိုင်ငံခြားတွင်ဖြစ်စေ ဆက်လက်၍ ပညာသင်ကြားနိုင်မည့် အခွင့်အလမ်းများ ပိုမိုကောင်းမွန်ရန်အတွက် ကျွန်ုပ်တို့မှ တဆင့်စာမေးပွဲ ဖြေဆိုပါ။