အသိပေးကြေညာချက်- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့မှစတင်၍ IELTS စာမေးပွဲအားလုံးကို ကွန်ပျူတာဖြင့်သာ စစ်ဆေးသွားမည်ဖြစ်ပြီး၊ ၎င်းသည် ပိုမိုမြန်ဆန်၊ ထိရောက်ကာ အဆင်ပြေချောမွေ့သော စာမေးပွဲဖြေဆိုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်ရန်ရည်ရွယ်ပါသည်။
ရွေးချယ်စရာများသော စာမေးပွဲရက်များအား ရွေးချယ်ပြီး မြန်ဆန်သောစာမေးပွဲရလဒ် များကိုရယူပါ။
လူတိုင်းကရွေးချယ်နိုင်ခြင်းကိုကြိုက်ကြသည်။ IELTS စာမေးပွဲဖြေဆိုရန် လွယ်ကူအဆင်ပြေစေရေး အတွက် ကျွန်တော်တို့ မှလုပ်ဆောင်ပေးထားပါသည်။ ယခုအခါသင်သည် IELTS ကိုကွန်ပျူတာဖြင့်ဖြေဆိုနိုင်ပြီဖြစ်ပါသည်။
ကွန်ပျူတာဖြင့်စစ်ဆေးသော IELTS ဖြင့် သင်သည် IELTS Academic (သို့ ) General Training ကို ဖြေဆိုရာတွင် အဖြေများကို ရိုးရှင်းစွာ ရိုက်နှိပ်၍ ဖြေဆိုနိုင်ပါသည်။
ကွန်ပျူတာဖြင့် IELTS ဖြေဆိုရာတွင် ရရှိနိုင်သော အားသာချက်များ
- ရွေးချယ်စရာ စာမေးပွဲရက်များလာခြင်း
- ရွေးချယ်စရာ စာဖြေဌာန များလာခြင်း
- Flexibility ပိုမိုရရှိလာခြင်း
- မြန်ဆန်သော ရလဒ်များ ကို ၁ မှ ၅ ရက်အတွင်းရရှိနိုင်ခြင်း
ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS မှာအဘယ်နည်း။
သင်သည် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS ကိုရွေးချယ်ပါက Listening၊ Reading နှင့် Writing အပိုင်းများကို ကွန်ပြူတာဖြင့် ဖြေဆိုရပါမည်။ Speaking စစ်ဆေးခြင်းသည် အသိအမှတ်ပြုလက်မှတ်ရ စစ်ဆေးသူနှ့င် မျက်နှာချင်းဆိုင် ဖြေဆို ရခြင်းဖြစ်သောကြောင့် သင့်ရဲ့  အပြောစွမ်းရည်ကို အကဲဖြတ်ရာတွင် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။
စာရွက်ပေါ်တွင် ဖြေဆိုခြင်းဖြစ်စေ ကွန်ပျူတာဖြင့် ဖြေဆိုခြင်းဖြစ်စေ စာမေးပွဲ၏ အောက်ပါကဏ္ဍများသည် တူညီမှုရှိပါသည်။
- ပါဝင်မှု
- အချိန်သတ်မှတ်ချက်
- မေးခွန်းပုံစံ
- အမှတ်ပေးစနစ်
- Speaking စစ်ဆေးပုံ
- Test Report Form
- ရလဒ် verification
မှတ်ချက်။ ။ သင်သည် အထူးလိုအပ်ချက်များ တောင်းလိုပါက စာစစ်ဌာန သို့ ၃လ ကြိုတင်အသိပေးရန်လိုအပ်ပါသည်။