၂၀၂၅ နိုဝင်ဘာလ (၂၀)ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီ မှ စတင်ပြီး ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံအတွက် IELTS စာမေးပွဲကြေးများအား ဘဏ်မှ တဆင့်လည်းကောင်း၊ POS payments မှ တဆင့်လည်းကောင်း လက်ခံမည်မဟုတ်ပါ။
ယင်းရက်မှ စတင်ပြီး အမေရိကန်ဒေါ်လာ ဖြင့်သာ အွန်လိုင်းမှ တဆင့်ပေးချေရမည်ဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန် - Click here
မြန်မာနိုင်ငံတွင် IELTS ဖြေရန်
ဗြိတိသျှကောင်စီ တွင် IELTS စာမေးပွဲအားစာရင်းပေးသွင်းပြီး အခမဲ့ သင်ထောက်ကူ ပစ္စည်းများကို ယနေ့ပဲ ရယူလိုက်ပါ။
IELTS စာမေးပွဲ အတွက်စာရင်းသွင်းတဲ့အခါ စာမေးပွဲကြေးထဲမှာ ပါပြီးသားကတော့
IELTS ပြင်ဆင်ရေးမှာ နာမည်ကြီးအွန်လိုင်းသင်ထောက်ကူဖြစ်တဲ့
- IELTS Ready Premium – Speaking, Writing, Reading and Listening အတွက် လေ့ကျင့်ခန်း အခု (၄၀)
- ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS အတွက် Results ကို ပျမ်းမျှအားဖြင့် (၁)ရက် အတွင်းသိရှိနိုင်ပါသည်။
- Test Report Form အပို (၅)ခု - သင်လျှောက်ထားသည့် အဖွဲ့အစည်းများကို အခမဲ့ ပို့ပေးနိုင်ပါသည်။ (ဥပမာ - immigration ရုံးများ၊ တက္ကသိုလ်များ)
ဘယ် IELTS စာမေးပွဲကိုဖြေဆိုမလဲ ရွေးချယ်ပြီး အွန်လိုင်းမှ စာရင်းသွင်းလိုက်ပါ
သင်၏ IELTS စာမေးပွဲကို အွန်လိုင်းတွင် (သို့မဟုတ်) ကျွန်ုပ်တို့၏ မြန်မာနိုင်ငံ ဗြိတိသျှကောင်စီရုံးတွင်စာရင်းသွင်းနိုင်သည်။ ကျွန်ုပ်တို့ထံ IELTS စာမေးပွဲကို စာရင်းသွင်းပါက သင်သည် IELTS တရားဝင်စာမေးပွဲစင်တာ၌ စာမေးပွဲဖြေဆိုရမည်မှာသေချာပါသည်။
IELTS Academic test ကို IELTS Online Test အမျိုးအစား ဖြင့် မိမိ နေအိမ်တွင် (သို့) မိမိကြိုက်နှစ်သက်ရာ တိတ်ဆိတ်ငြိမ်သက်ပြီး အင်တာနက်ကောင်းမွန်သော မည်သည့်နေရာတွင်မဆို ဖြေဆိုနိုင်ပါသည်။
| စာမေးပွဲအမျိုးအစား | စာမေးပွဲကြေး | စာရင်းပေးရန် |
|---|---|---|
| IELTS on Computer (Academic) - in a test centre | ၂၁၀ ဒေါ်လာ | |
| IELTS on Paper (Academic) - in a test centre | ၂၁၀ ဒေါ်လာ | |
| IELTS Online (Academic) - take from your home or any private location | ၁၉၀ ဒေါ်လာ | |
| IELTS on Computer (General Training) - in a test centre | ၂၁၀ ဒေါ်လာ | |
| IELTS on Paper (General Training) - in a test centre | ၂၁၀ ဒေါ်လာ | |
| IELTS for UKVI (Academic) - in a test centre | ၂၃၅ ဒေါ်လာ | စာရင်းပေးရန် |
| IELTS for UKVI (Genetral Training) - in a test centre | ၂၃၅ ဒေါ်လာ | စာရင်းပေးရန် |
| IELTS Life Skills (A1, A2 and B1) - in a test centre | ၁၆၀ ဒေါ်လာ |
မြန်မာနိုင်ငံ ၌ IELTS စာမေးပွဲ စာရင်းသွင်းရန် လိုအပ်သည်များမှာ
၁။ တရားဝင်မှတ်ပုံတင်တစ်ခုခု (ပတ်(စ)ပို့သို့မဟုတ် အမျိုးသားမှတ်ပုံတင်) အဆင်သင့်ရှိပါစေ။ စာမေးပွဲဖြေဆိုရန် လျှောက်ထားရာတွင် အသက် ၁၈-နှစ် မပြည့်သေးသူများအတွက် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ၏ သဘောတူညီချက်ကို စာဖြင့်တင်ပြရမည်။
၂။ စာမေးပွဲ ဖွဲ့စည်းပုံ၊ မေးခွန်းပုံစံ၊ စာမေးပွဲရလဒ်အကြောင်း အရေးကြီးအချက်အလက်များပါဝင်သည့် ဖြေဆိုသူအတွက် သတင်းအချက်အလက်ကို ဖတ်ရှုပါ။ အသက် ၁၆-နှစ် မပြည့်သေးသူများ IELTS ဖြေဆိုရန် မသင့်တော်ကြောင်း မှတ်သားပါ။
၃။ စာမေးပွဲအတွက် ငွေသွင်းရာတွင် ၂၀၂၅ နိုဝင်ဘာလ (၂၀) ရက် မှ စတင်ပြီး ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံအတွက် IELTS စာမေးပွဲကြေးများအား ဘဏ်မှ တဆင့်လည်းကောင်း၊ POS payments မှ တဆင့်လည်းကောင်း လက်ခံမည်မဟုတ်ပါ။
ယင်းရက်မှ စတင်ပြီး အမေရိကန်ဒေါ်လာ ဖြင့်သာ အွန်လိုင်းမှ တဆင့် ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။
ငွေပေးချေရန် အရေးကြီးသည့်အချက်များ
- ၂၀၂၅ နိုဝင်ဘာလ (၂၀)ရက်မှ စ၍ IELTS စာမေးပွဲကြေးများအား အွန်လိုင်းမှ တဆင့် အမေရိကန်ဒေါ်လာနှုန်းထားအတိုင်းပေးချေရပါမည်။
IELTS စာမေးပွဲကြေး (USD):
- IELTS: USD 210
- IELTS for UKVI: USD 235
- IELTS Life Skills: USD 160
- Enquiry on result: USD 95
- Test Report Form (TRF) အပိုတောင်းယူခြင်း: အခမဲ့
- စာမေးပွဲကြေးများကို ၂၀၂၅ နိုဝင်ဘာလ (၂၀)ရက် မှ စတင်ပြီး အွန်လိုင်းမှ စာရင်းပေးသွင်းကာ ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။
- ဗြိတိသျှကောင်စီသည် ဗြိတိန် (သို့မဟုတ်) အခြားနိုင်ငံများမှ အရေးယူပိတ်ဆို့ထားသည့် ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ပေးချေမှုများကို လက်ခံမည်မဟုတ်ပါ။
- ၂၀၂၅ နိုဝင်ဘာလ (၂၀)ရက် မှစ၍ ဘဏ်မှတဆင့် ငွေလွှဲခြင်း (AYA Pay, AYA iBanking, mBanking, Counter Payment) နှင့် POS Payment များကိုလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ အထက်ဖော်ပြပါ တစ်နည်းနည်းဖြင့် ငွေပေးချေခဲ့ပါလျှင် ဗြိတိသျှကောင်စီ ဘက်မှ ငွေလက်ခံ ရရှိခြင်းအတွက်အသိမှတ်ပြုနိုင်မည် မဟုတ်သည့်အပြင် ငွေလက်ခံနိုင်မည်မဟုတ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။ထိုနည်းတူစွာ ပြန်အမ်းငွေပေးအပ်ခြင်း (Refund) အတွက်လည်း ဗြိတိသျှကောင်စီဘက်မှပြုလုပ်ပေးနိုင်မည်မဟုတ်ပါ။
- ပြန်အမ်းငွေပေါ်လစီ နှင့် ပတ်သက်သည့် ပေါ်လစီအသစ်များကို နိုဝင်ဘာလ (၂၀)ရက်နေ့ https://www.britishcouncil.org.mm/my/exam/ielts/cancellation-refund-policy တွင် ပြောင်းလဲပြင်ဆင် ပေးသွားမည်ဖြစ်ပါသည်။
စာရွက်ဖြင့်ဖြေဆိုရသော IELTS အတွက် စာရင်းပေးသွင်းရန် လိုအပ်သည့် အရေးကြီး အချက်အလက်များ
သင်သည် တရားဝင် မြန်မာနိုင်ငံသားတစ်ဦးမဟုတ်ပါက စာရွက်ဖြင့်ဖြေဆိုရသော IELTS အားဖြေဆို၍ရနိုင်မည်မဟုတ်ပါ။ သို့သော် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS စာမေးပွဲ ကိုရွေးချယ်ဖြေဆိုနိုင်ပါသည်။
သင်သည် မြန်မာနိုင်ငံသားတစ်ဦးမဟုတ်သော်လည်း စာရွက်ဖြင့်ဖြေဆိုရသော IELTS အား ဖြေဆိုရန် စာရင်းပေးသွင်းထားလျှင် မည်သို့ပြုလုပ်ရမည်နည်း။
- စာရွက်ဖြင့်ဖြေဆိုရသော IELTS အား ဖြေဆိုရန် (၁၆)ရက် ဇန်နဝါရီ ၂၀၂၅ခုနှစ် မတိုင်မီ စာရင်းပေးသွင်းထားပါက မြန်မာနိုင်ငံတွင်တရားဝင်နေထိုင်ခွင့် အထောက်အထား ထောက်ခံစာ အား တင်ပြပေးရန်မလိုအပ်ပါ။
- စာရွက်ဖြင့်ဖြေဆိုရသော IELTS အား ဖြေဆိုရန် (၁၆)ရက် ဇန်နဝါရီ ၂၀၂၅ခုနှစ် နောက်ပိုင်း တွင် စာရင်းပေးသွင်းထားပါက မြန်မာနိုင်ငံတွင်တရားဝင်နေထိုင်ခွင့် အထောက်အထား ထောက်ခံစာ ကိုတင်ပြပေးရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင်တရားဝင်နေထိုင်ခွင့် အထောက်အထား ထောက်ခံစာ ဆိုသည်မှာ Foreigner Registration Certification (Form A) ဖြစ်ပါသည်။
IELTS စာမေးပွဲအတွက် စာရင်းသွင်းပြီးသည့်အခါ
- စာရင်းပေးသွင်းပြီးလျှင်ရင် စာမေးပွဲဖြေဆိုမည့်အချိန် နှင့်နေရာကို Email မှ အတည်ပြုစာစောင်ပေးပို့ပေးသွားမည်ဖြစ်သည်။
- Speaking Test ကို အခြားဖြေဆိုသူများနှင့် အတူတကွလည်းကောင်း၊ Reading,Writing,Listeningဖြေဆိုပြီးနောက် (သို့) မဖြေဆိုခင် (၇)ရက် အတွင်း လည်ကောင်း စီစဉ်ပေးပါသည်။ စာမေးပွဲဌာန မှဖြေဆိုမည့် ရက်စွဲကို ပြန်လည် အတည်ပြုပေးပါသည်။
- စာမေးပွဲအတွက်စာရင်းပေးပြီးသောအခါ အွန်လိုင်း မှ စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် IELTS Ready premium သို့ လေ့ကျင့်ရန် ဝင်ရောက်နိုင်သည့် ကုဒ်ကို သင်၏ Email သို့ အလိုအလျှောက်ပို့ပေးပါသည်။
- သင်သည် စာရင်းပေးသွင်းပြီးသည့်အခါတွင် Test Taker Portal ထဲ သို့ ဝင်ရောက်ရန် IELTS Reference Number ကိုရရှိပါမည်။ စာမေးပွဲအတွက်စာရင်းပေးသွင်းလျှင် မိမိ အီးမေလ်းကို မှန်ကန်စွာဖြည့်စွက်ရန် မေတ္တာရပ်ခံအပ်ပါသည်။
အုပ်စုလိုက် စာရင်းပေးသွင်းခြင်း
သင်သည် ကျောင်း (သို့) အဖွဲ့အစည်းတစ်ခုခု မှဖြစ်ပြီး စာမေးပွဲဖြေဆိုရန် ကျောင်းသားစာရင်းအား အုပ်စုလိုက် စာရင်းပေးသွင်းမည် ဆိုပါက ဤ လင့်ခ် တွင် ဝင်ရောက် စာရင်းပေးသွင်းနိုင်ပါသည်။
Download Files
- IELTS Guide for Test Takers
- IELTS registration step by step guide (without Online Payment)
- IELTS registration and online payment step by step guide
- IELTS Global Refund User Guide
- Frequently Asked Questions for Online Payment Method