၂၀၂၆ ဇန်နဝါရီလ ၀၇ ရက် (မြန်မာစံတော်ချိန် ညနေ ၄ နာရီ)မှ စ၍ တစ်ဦးချင်းပေးသွင်းသူများအနေဖြင့် School Exams (IGCSE/International GCSE & A/IAL Level) စာမေးပွဲကြေးများကို အွန်လိုင်းမှ တဆင့်ဖြင့်သာပေးချေရပါမည်။အသေးစိတ်အချက်အလက်ကို ဖတ်ရန်နှိပ် ပါ။
May/June 2026 Cambridge International Education IGCSE & A/AS Level အတွက်စာရင်းပေးသွင်းခြင်းကို ၁၃ ဇန်နဝါရီလ မှ ၁၃ ဖေဖော်ဝါရီလ ၂၀၂၆ အတွင်းလက်ခံနေပါပြီ။
May/June 2026 Pearson Edexcel International GCSE & IAL အတွက်စာရင်းပေးသွင်းခြင်းကို ၁၃ ဇန်နဝါရီလ မှ ၁၃ မတ်လ ၂၀၂၆ အတွင်းလက်ခံနေပါပြီ။

 

နှစ်စဉ်နှစ်တိုင်း နိုင်ငံပေါင်း ၉၀ မှ လူ ၂ သန်းသည် ဗြိတိသျှကောင်စီမှတဆင့် နိုင်ငံတကာစာမေးပွဲများကို ဖြေဆိုကြပါသည်။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားခြင်းခံရသော ကျွန်ုပ်တို့၏ အရည်အချင်းများက ကျောင်းသားများကို အကောင်းဆုံးတက္ကသိုလ်များသို့ တက်ရောက်နိုင်စေခြင်း၊ မယုံကြည်နိုင်လောက်အောင် ကောင်းသော အလုပ်အခွင့်အလမ်းများ ရှာဖွေတွေ့ရှိနိုင်စေခြင်းနှင့် ပိုမို၍ အကျိုးကျေးဇူးရှိသော ဘ၀များကို တည်ထောင်ရာတွင် အထောက်အပံ့ဖြစ်စေပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့အစည်းသည် ဆရာများ၊ အစိုးရများ၊ အလုပ်ရှင်များနှင့် ကျောင်းသားတို့၏ ယုံကြည်ကိုးစားမှုကို ရရှိထားပါသည်။ ဗြိတိသျှကောင်စီသည် အားပေးထောက်ခံမှုနှင့် အကြံပြုချက်များကိုပေး၍ အဆင့်တိုင်းရှိ စာမေးပွဲစနစ်၏ ရိုးသားတည်ကြည်မှုကိုလည်း အာမခံပါသည်။

CUSTOMER SERVICE

သင့်အား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုပေးရန်အတွက် ကျွန်ုပ်တို့တွင် Customer Services ဌာနရှိပါသည်။ စာမေးပွဲများနှင့်ပတ်သက်၍ ဆက်သွယ်လိုပါက အောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည်။

နေရာ နေ့ရက် အချိန် ဖုန်းနံပါတ်
ရန်ကုန်စာမေးပွဲများ တနင်္လာနေ့ - သောကြာနေ့ ၈း၃၀ - ၁၇း၀၀ +၉၅ ၉ ၉၄၀၀၇၀၀၉၉  
မန္တလေးစာမေးပွဲများ တနင်္လာနေ့ - သောကြာနေ့ ၉း၀၀ - ၁၇း၀၀ +၉၅ ၉ ၇၇၇၀၀၁၈၂၃

အီးမေးလ်ဖြင့်ဆက်သွယ် လိုပါက enquiries@mm.britishcouncil.org သို့မဟုတ် mandalayexam@britishcouncil.org တို့သို့ဆက်သွယ်ပေးပို့နိုင်ပါသည်။

In this section

စာမေးပွဲဖြေဆိုမည့်ရက်

စာမေးပွဲနေ့တွင် အချိန်ဇယားများ၊ ဖြေဆိုရမည့်နေရာများနှင့် ယူဆောင်လာနိုင်သည့်ပစ္စည်းနှင့်ဆိုင်ရာများကို စုံစမ်းရှာဖွေခြင်းဖြင့် စာမေးပွဲဖြေဆိုရာ၌ လွယ်ကူချောမွေ့အောင် သေချာစွာဆောင်ရွက်ထားပါ။