ဗြိတိသျှကောင်စီ သည် ကျောင်းစာမေးပွဲ (IGCSE/International GCSE & A Levels)  များကို နှစ်ပေါင်း ၇၅ နှစ်ကျော် စီမံခန့်ခွဲပေးလာခဲ့ပြီး၊ စာမေးပွဲဖြေဆိုသည့်နေ့တွင် အရာအားလုံး ချောမွေ့စွာ လည်ပတ်နိုင်စေရန် စီစဉ်ပေးလျက်ရှိပါသည်။ 

စာမေးပွဲဖြေဆိုသည့်နေ့တွင် ယူဆောင်လာရန်လိုအပ်သော စာရွက်စာတမ်းများနှင့် ပစ္စည်းများအကြောင်းကို အောက်တွင် ဖော်ပြထားပါသည်။

အကယ်၍ သင့်တွင် မသန်စွမ်းမှုတစ်ခုခု သို့မဟုတ် အထူးလိုအပ်ချက်များ ရှိပါက၊ စာမေးပွဲအတွက် စာရင်းပေးသွင်းချိန်တွင် စာမေးပွဲဝန်ဆောင်မှု ဝန်ထမ်းများအား ကြိုတင်အသိပေးပါရန်ပန်ကြားအပ်ပါသည်။

စာမေးပွဲဖြေဆိုသည့်နေ့တွင် ယူဆောင်လာရန်

လိုအပ်သော စာရွက်စာတမ်းများနှင့် ပစ္စည်းများကို မှန်ကန်စွာ ယူဆောင်လာခြင်းဖြင့် စာမေးပွဲနေ့တွင် မလိုအပ်သော စိတ်ဖိစီးမှုများ သို့မဟုတ် နှောင့်နှေးမှုများကို ရှောင်ရှားနိုင်ပါသည်။

စာမေးပွဲခန်းသို့ မလာရောက်မီ

  • စာမေးပွဲမစတင်မီ အနည်းဆုံး ၄၅ မိနစ်ကြိုတင် ရောက်ရှိရန် သတိပြုရပါမည်။
  • ယာဉ်ကြောပိတ်ဆို့မှုများ သို့မဟုတ် ခရီးသွားလာရေး အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး အခြားရွေးချယ်နိုင်သော ခရီးစဉ်အစီအစဉ်တစ်ခုကိုလည်း ကြိုတင်ပြင်ဆင်ထားရန်လည်းလိုအပ်ပါသည်။

စာမေးပွဲခန်းအတွင်း ယူဆောင်လာရမည့် ပစ္စည်းများ

  • မူရင်း ကိုယ်ရေးအထောက်အထား (နိုင်ငံကူး လက်မှတ် (Passport)၊ နိုင်ငံသားစိစစ်ရေးကတ် (NRC) သို့မဟုတ် ဓာတ်ပုံပါ Student Card)
  • စာမေးပွဲအချိန်စာရင်းစာရွက်(Timetable Slip)
  • Statement of Entry (မဖြစ်မနေ ယူဆောင်လာရန် မလိုအပ်ပါ)
  • ဖောက်ထွင်းမြင်နိုင်သော အိတ် သို့မဟုတ် Pencil Case အတွင်း ထည့်ထားသော ဘောပင်နှင့် ခဲတံများ (ငှားရမ်းအသုံးပြုခွင့် မရှိသဖြင့် အပိုအနက်ရောင် ဘောပင်များကိုလည်း ယူဆောင်လာရန် အကြံပြုပါသည်)
  • အညွှန်းစာများ ဖယ်ရှားထားသော ဖောက်ထွင်းမြင်နိုင်သည့် ရေဘူး
  • ရိုးရိုးဂဏန်းတွက်စက် (Algebraic Manipulation လုပ်ဆောင်နိုင်သော Calculator များကို ခွင့်မပြုပါ။ Numerical Integration နှင့် Differentiation Function များသာ ပါဝင်ခွင့်ရှိသည်)
  • မိမိဖြေဆိုမည့် ဘာသာရပ်အတွက် လိုအပ်သော အခြားပစ္စည်းများ (ဥပမာ - ပေတံ၊ Geometry Set စသည်)

ICT Practical Tests ဖြေဆိုမည့် စာမေးပွဲဖြေဆိုသူ များအနေဖြင့် Printed Work အတွက် Candidate Folder ကို ဖြည့်စွက်ရန် အနက်ရောင် ဘောပင်ကို ယူဆောင်လာရပါမည်။

သတိပြုရန်

  • မိုဘိုင်းဖုန်းများ၊ နာရီများနှင့် အခြား အီလက်ထရောနစ်ပစ္စည်းများကို စာမေးပွဲခန်းအတွင်း ယူဆောင်ခွင့်မပြုပါ။
  • တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်လာခြင်းကို ရှောင်ကြဉ်ပါ။ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများအတွက် ဗြိတိသျှကောင်စီ မှ တာဝန်ယူပေးမည် မဟုတ်ပါ။
  • Calculator Case များနှင့် အဖုံးများကို ယူဆောင်လာခွင့်မရှိပါ။
  • Practical၊ Oral၊ ICT နှင့် Art and Design စာမေးပွဲများအတွက် အထက်ပါ စည်းမျဉ်းများနှင့် မတူညီသော စည်းမျဉ်းများ သီးခြားသတ်မှတ်ထားနိုင်ပါသည်။

ID နှင့် Timetable Slip

စာမေးပွဲအားလုံးတွင် မူရင်း ID နှင့် စာမေးပွဲအချိန်စာရင်း စာရွက် ကို ယူဆောင်လာရန် လိုအပ်ပါသည်။

မည်သည့် ID များကို လက်ခံသနည်း။

အောက်ဖော်ပြပါ ID များကိုသာ လက်ခံပါသည်။

  • နိုင်ငံကူးလက်မှတ် (Passport)
  • နိုင်ငံသားစိစစ်ရေးကတ် (NRC)
  • ဓာတ်ပုံပါ ကျောင်းသားကတ်

စာမေးပွဲလျှောက်ထားစဉ် အသုံးပြုခဲ့သော မူရင်း ID ကို ယူဆောင်လာရမည်ဖြစ်ပြီး၊ စာမေးပွဲကာလတစ်လျှောက်လုံး တူညီသော ID ကိုသာ အသုံးပြုရပါမည်။

စာမေးပွဲကာလအတွင်း အောက်ပါကဲ့သို့ ID ပြောင်းလဲခြင်းများကို ခွင့်မပြုပါ။

  • Passport အသစ်ပြန်လည်လဲလှယ်ခြင်း
  • Visa သက်တမ်းတိုးခြင်း
  • အသက် ၁၀ နှစ် NRC ကတ်မှ အသက် ၁၈ နှစ် NRC ကတ်သို့ ပြောင်းလဲခြင်း

အမှန်တကယ် လိုအပ်သော အကြောင်းအရင်းကြောင့် ID ပြောင်းလဲရန် လိုအပ်ပါက စာမေးပွဲကာလ မစတင်မီ အနည်းဆုံး တစ်ပတ်ကြိုတင်၍ Exam Centre သို့ အသိပေးရပါမည်။

ID မှားယွင်းယူဆောင်လာခဲ့ပါက

ID မှားယွင်းယူဆောင်လာခဲ့သည့်တိုင် စာမေးပွဲခန်းအတွင်း ဝင်ရောက်ပြီး စာမေးပွဲဖြေဆိုခွင့် ရရှိနိုင်ပါသည်။

သို့သော် စာမေးပွဲမပြီးဆုံးမီ သင့်မိဘ သို့မဟုတ် အုပ်ထိန်းသူမှ မှန်ကန်သော မူရင်း ID ကို စာမေးပွဲကျင်းပရာနေရာသို့ ယူဆောင်လာပေးရပါမည်။

သတ်မှတ်ထားသော အချိန်အတွင်း မှန်ကန်သော ID ကို တင်ပြနိုင်ခြင်းမရှိပါက သင့်၏ အဖြေလွှာကို Exam Board သို့ ပေးပို့မည်မဟုတ်သည့်အပြင် စာမေးပွဲရလဒ်ကိုလည်း ထုတ်ပြန်ပေးမည် မဟုတ်ပါ။

အချိန်စာရင်း စာရွက် ဆိုသည်မှာ အဘယ်နည်း။

အချိန်စာရင်းစာရွက် သည် သင်၏ စာမေးပွဲစာရင်းသွင်းမှုကို အတည်ပြုသည့် စာရွက်စာတမ်းဖြစ်ပြီး အောက်ပါအချက်အလက်များ ပါဝင်ပါသည်။

  • စာရင်းသွင်းထားသော ဘာသာရပ်များ
  • စာမေးပွဲရက်စွဲနှင့် အချိန်များ
  • စာမေးပွဲကျင်းပမည့်နေရာ
  • အမည်အပြည့်အစုံနှင့် မွေးသက္ကရာဇ်

ကျောင်းများမှ စာရင်းပေးလာရောက်ဖြေဆိုသူ များသည် အချိန်စာရင်း ကို မိမိကျောင်းမှ ရရှိမည်ဖြစ်ပါသည်။

မိမိကိုယ်တိုင်စာရင်းပေးသွင်းဖြေသူများ များသည် အချိန်စာရင်း ကို Exam Centre မှ ရရှိမည်ဖြစ်ပါသည်။

အသက်မပြည့်သေးသော Candidates များအတွက် လည်ဆွဲကြိုး (Lanyard) စနစ်

စာမေးပွဲပြီးဆုံးပြီးနောက် စာမေးပွဲဖြေဆိုသူများ ကို မည်သူက ခေါ်ယူခွင့်ရှိကြောင်း အတည်ပြုနိုင်ရန် လည်ဆွဲ များကို အသုံးပြုပါသည်။

အဝါရောင် လည်ဆွဲကြိုး 

စာမေးပွဲပြီးနောက် ကိုယ်တိုင်ပြန်ခွင့်ရရှိထားသော အသက်မပြည့်သေးသော စာမေးပွဲဖြေဆိုသူ များအား အဝါရောင် လည်ဆွဲကြိုး ထုတ်ပေးပါမည်။

ခရမ်းရောင် လည်ဆွဲကြိုး

မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ခွင့်ပြုထားသော လူကြီးတစ်ဦးမှ လာရောက်ခေါ်ယူမည့် စာမေးပွဲဖြေဆိုသူများအတွက် ခရမ်းရောင်လည်ဆွဲကြိုး ထုတ်ပေးပါမည်။

ခရမ်းရောင်လည်ဆွဲကြိုးအား နှစ်ခု ထုတ်ပေးမည်ဖြစ်ပြီး 

  • စာမေးပွဲဖြေဆိုသူ အတွက် တစ်ခု
  • မိဘ၊ အုပ်ထိန်းသူ သို့မဟုတ် ခွင့်ပြုထားသော လူကြီးအတွက် တစ်ခု

စာမေးပွဲဖြေဆိုသူ နှင့် မိဘ/အုပ်ထိန်းသူ နှစ်ဦးစလုံးသည် စာမေးပွဲနေ့တိုင်း လည်ဆွဲကြိုး ကို ယူဆောင်လာရပါမည်။

အနီရောင် လည်ဆွဲကြိုး

ကျောင်းမှ တာဝန်ယူပြီး စာမေးပွဲဖြေဆိုသူများ ကို လာရောက်ခေါ်ယူမည့် အခြေအနေတွင် အနီရောင်လည်ဆွဲကြိုး ထုတ်ပေးပါမည်။

အနီရောင်လည်ဆွဲကြိုး အား  နှစ်ခု ထုတ်ပေးမည်ဖြစ်ပြီး 

  • စာမေးပွဲဖြေဆိုသူ အတွက် တစ်ခု
  • ကျောင်း သို့မဟုတ် Centre မှ တာဝန်ရှိသူအတွက် တစ်ခု

အရေးကြီးသော အသိပေးချက်
သက်ဆိုင်ရာ လည်ဆွဲကြိုး ကို တင်ပြနိုင်သူကိုသာ စာမေးပွဲဖြေဆိုသူများ အား ပြန်လည်လွှတ်ပေးမည်ဖြစ်ပါသည်။ ကိုက်ညီသော လည်ဆွဲကြိုး မရှိသူ မည်သူ့ကိုမျှ ဗြိတိသျှကောင်စီ မှ စာမေးပွဲဖြေဆိုသူများ ကို လွှဲပြောင်းပေးမည် မဟုတ်ပါ။

 

လည်ဆွဲကြိုး များ ထုတ်ပေးခြင်းနှင့် ပြန်လည်အပ်နှံခြင်း

အဝါ၊ ခရမ်း နှင့်အနီ လည်ဆွဲကြိုး များကို စာမေးပွဲဖြေဆိုသူများ ၏ ပထမဆုံး စာမေးပွဲနေ့တွင် စာမေးပွဲကျင်းပရာနေရာ၌ ထုတ်ပေးမည်ဖြစ်ပါသည်။

စာမေးပွဲကာလပြီးဆုံးသည့်အခါ စာမေးပွဲဖြေဆိုသူများ၊ မိဘများ၊ အုပ်ထိန်းသူများနှင့် တာဝန်ရှိသူများအားလုံးသည် လည်ဆွဲကြိုး များကို ဗြိတိသျှကောင်စီ စာမေးပွဲဝန်ထမ်းများ ထံသို့ ပြန်လည်အပ်နှံရမည်ဖြစ်ပါသည်။