Laptop and mobile screen displaying the EnglishScore B2B online English test

လုပ်ငန်းအတွက် EnglishScore က ဘာလဲ။

EnglishScore သည် မိုဘိုင်း အင်္ဂလိပ်စာ စစ်ဆေးမှုတစ်ခု ဖြစ်သည်။ အလုပ်ရှင်များ နှင့် ပညာရေးအဖွဲ့အစည်းများ မှအသုံးပြုနိုင်ပြီး ဝန်ထမ်းများနှင့် ကျောင်းသားများ ၏ အရည်အချင်း လယ်ဗယ် ကိုမြန်ဆန်စွာ စစ်ဆေးသိရှိနိုင်မှာဖြစ်ပါသည်။

Setup ပြုလုပ်ရန်မလိုအပ်ဘဲ အဝေးရောက် စစ်ဆေးမှုဖြင့် အမြန်စစ်ဆေးမှု ရယူပါ။ အကောင့်တစ်ခုဖွင့်ရန်သာလိုအပ်ပြီး သင်၏ ဖြေဆိုမည့်သူများအား အက်ပ် (Apple သို့မဟုတ် Android)ကိုဒေါင်းလုတ် လုပ်ရန် ဖိတ်ခေါ်ပြီးနောက် ၎င်းတို့၏ စစ်ဆေးမှုများကို သင်၏ ဒတ်ရှ်ဘုတ်သို့ အလိုအလျောက် မျှဝေသွားပါမည်။

စစ်ဆေးမှုသည် မိနစ် ၃ဝ ကြာပြီး အလုံးစုံ ရမှတ် (CEFR နှင့်အတူ) အပြင် အဖတ်၊ အကြား၊ သဒ္ဒါနှင့် ဝေါဟာရဆိုသည့် အပိုင်းလေးပိုင်းအတွက် ခွဲခြမ်းစိတ်ဖြာချက်ကို ပေးပါသည်။ လူအများက အဖြေများကို အကျွမ်းတဝင် ဖြစ်မသွားစေရန် မေးခွန်းများမှာ အချိန်တိုင်း ပြောင်းလဲနေပြီး လိမ်လည်မှု မဖြစ်စေရန် ရှေ့မျက်နှာမူသော ကင်မရာကို အသုံးပြုသည်။

သင့်ဝန်ထမ်းများနှင့်ကျောင်းသားများအတွက်မြန်ဆန် လွယ်ကူသည့် စစ်ဆေးခြင်းနည်းလမ်း

အလုပ်ရှင်များသည် EnglishScore ဖြင့် အလုပ်ခန့်အပ်မည့်ဝန်ထမ်းသစ်များကို အင်တာဗျူးမတိုင်မီ စစ်ဆေးနိုင်ခြင်း သို့မဟုတ် လက်ရှိလုပ်ကိုင်နေသော ဝန်ထမ်းများ၏ အင်္ဂလိပ်စာလယ်ဗယ်ကို တိုင်းတာစစ်ဆေးခြင်းများ အားလုပ်ဆောင်နိုင်ပြီး ရရှိလာသော အချက်အလက်များကိုအသုံးချ၍ သင်တန်းပေးမည့် အစီအစဉ်များကိုချမှတ်နိုင်ခြင်း သို့မဟုတ် အတော်ဆုံးလူများကို အသင့်တော်ဆုံး ရာထူးများ ပေးအပ်ကြောင်း သေချာစေရန် EnglishScore ကို အသုံးပြုနိုင်သည်။

ကောလိပ်များနှင့် တက္ကသိုလ်များသည် EnglishScore ကိုအသုံးပြု၍ ကျောင်းသားများကို မှန်ကန်သော သင်တန်းများအားတက်ရောက်စေနိုင်ရန် သို့မဟုတ် ကျောင်းသားများကို အလုပ်ခွင်ထဲအထိဝင်ရောက်ရာတွင် အသုံးချနိုင်မည့် ၎င်းတို့၏ လယ်ဗယ်ကို စစ်ဆေးသိရှိစေနိုင်ပါသည်။

အသိအမှတ်ပြုလက်မှတ်များကိုလည်း ရရှိနိုင်မှာဖြစ်ပါသည်။ ဖြေဆိုသူများသည် ၎င်းတို့ ရည်မှန်းထားသော ရမှတ်အား ရရှိပါကအသိအမှတ်ပြုလက်မှတ်များကို ဝယ်ယူနိုင်ပြီး စီမံအုပ်ချုပ်သူကလည်း အခြေခံအားဖြင့် ပေးနိုင်သည်။

EnglishScore for Business ကိုမည်သို့အသုံးပြုမည်နည်း။

သင်က အလုပ်ရှင် သို့မဟုတ် ပညာရေး အသင်းအဖွဲ့ ဖြစ်ပါက အခမဲ့ လုပ်ငန်းအကောင့်ကို စာရင်းသွင်းနိုင်ပြီး ကျွန်ုပ်တို့က စတင်လုပ်ဆောင်ရန် $250 တန်သည့် အခမဲ့ စစ်ဆေးမှုများ ပေးပါမည်။ သင့်အသေးစိတ်များကို အတည်ပြုမည်၊ သင့်အကောင့်ကို ဖန်တီးပြီး သင်၏ စစ်ဆေးမှု ခရက်ဒစ်များကို ခွဲဝေသတ်မှတ်ပေးပါမည်။

သင်၏ ပထမဆုံး စစ်ဆေးမှု ပရောဂျက်ကိုလည်း ဖွင့်ပေးပြီး သင့်အား အထူးသီးသန့် ‘ချိတ်ဆက်ကုဒ်’ ပေးအပ်ပါမည်။ သင်၏ စစ်ဆေးမှုဖြေဆိုသူများအား အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန် ဖိတ်ခေါ်ပြီး စစ်ဆေးမှု စတင်သောအခါ ဤကုဒ်ကို ထည့်သွင်းခိုင်းပါ။ ၎င်းတို့ ပြီးစီးသောအခါ ၎င်းတို့၏ ရလဒ်များကို သင်၏ ဒတ်ရှ်ဘုတ်သို့ အလိုအလျောက် မျှဝေသွားပါမည်။

စစ်ဆေးမှုကို ဘယ်လို တည်ဆောက်ထားပါသလဲ။

EnglishScore သည် ဖြေဆိုရန် ၁၅ -၂ဝ မိနစ်ကြာသည့် သဒ္ဒါနှင့် ဝေါဟာရဆိုင်ရာ အပိုင်းဖြင့် စတင်ပါသည်။ ၎င်းနောက်တွင် အဖတ်အပိုင်းနှင့် နားထောင်မှု အပိုင်းတို့ ပါဝင်ပြီး တစ်ပိုင်းလျှင် ၁ဝ မိနစ်ကြာပါသည်။

အဖတ်နှင့် နားထောင်မှု အပိုင်းများသည် စစ်ဆေးမှု ဖြေဆိုသူများ၏ သဒ္ဒါနှင့် ဝေါဟာရအပိုင်းတွင် စွမ်းဆောင်ရည်အပေါ် အခြေခံ၍ ခက်ခဲမှုအဆင့် ပြောင်းလဲနိုင်သည်။ အဆင့်မြင့်ရမှတ်ရသူများသည် ပိုခက်သော မေးခွန်းများကို ဖြေရပြီး အဆင့်နိမ့်ရမှတ်ရသူများသည် ပိုလွယ်ကူသော မေးခွန်းများကို ဖြေရပါသည်။ ဆိုလိုသည်မှာ စစ်ဆေးမှုတစ်ခုတည်းဖြင့် သင်က ကျွမ်းကျင်မှုအဆင့်များစွာကို ဝင်ကြည့်နိုင်ပါသည်။

အဓိကရမှတ်ကို ဝ - ၅၉၉ စကေးဖြင့် ပေးအပ်ပြီး ဘာသာစကားများအတွက် နိုင်ငံတကာ အသိအမှတ်ပြုသည့် ဘုံဥရောပနိုင်ငံ သတ်မှတ်ချက် အကိုးအကား Common European Framework of Reference for Languages (CEFR) နှင့် ကိုက်ညီပါသည်။ ရမှတ်ခွဲကိုလည်း ပေးအပ်ထားပြီး စစ်ဆေးမှု၏ ကဏ္ဍလေးခုမှ တစ်ခုစီတွင် သက်ဆိုင်ရာ စွမ်းဆောင်ရည်ကို ဖော်ပြ ပေးပါသည်။

မျှဝေပါ