စက်တင်ဘာလ Cambridge English Qualifications (Paper Based) Exams အား ဇူလိုင် (၈)ရက် မှ ဇူလိုင် (၂၃) ရက်အတွင်း စတင်လက်ခံပေးသွားပါမည်။
၂၀၂၆ ဇန်နဝါရီလ ၀၇ ရက် (မြန်မာစံတော်ချိန် ညနေ ၄ နာရီ)မှ စ၍ တစ်ဦးချင်းပေးသွင်းသူများအနေဖြင့် Cambridge English Qualifications စာမေးပွဲကြေးများကို အွန်လိုင်းမှ တဆင့်ဖြင့်သာပေးချေရပါမည်။ အသေးစိတ်ဖတ်ရန် နှိပ် ပါ။
Cambridge English Qualifications စာမေးပွဲများကို အင်္ဂလိပ်စကားပြောသော ကမ္ဘာအရပ်ရပ်ရှိ ကျောင်းများ၊ တက္ကသိုလ်များ၊ ပုဂ္ဂလိကနှင့် အများပိုင်ဌာနမှ အလုပ်ရှင်များက အသိအမှတ်ပြုလက်ခံထားကြပါသည်။
Cambridge English Qualifications စာမေးပွဲတစ်ခုကို အောင်မြင်ခြင်းသည် သင်ရရှိထားသော အင်္ဂလိပ်စာအဆင့်ကို ဖော်ပြထားသော နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ကို ရစေနိုင်ပါသည်။
ဗြိတိသျှကောင်စီ တွင် Cambridge English Qualifications စာမေးပွဲများကို ရန်ကုန် နှင့် မန္တလေးမြို့များ ရှိ စာမေးပွဲစင်တာများတွင် ကျင်းပပေးလျက်ရှိပါသည်။ စာမေးပွဲဖြေဆိုသူများသည် စာရွက်ဖြင့် စာမေးပွဲ (Paper-based Test) ကို ရန်ကုန် နှင့် မန္တလေးမြို့ များတွင် ဖြေဆိုနိုင်ပြီး၊ ကွန်ပျူတာဖြင့် စာမေးပွဲ (Digital Test) အား Yangon တွင်ဖြေဆိုနိုင်ပါသည်။