မိဘများအတွက် ကလေးငယ်များ Cambridge English စာမေးပွဲတွင်အောင်မြင်စွာဖြေဆိုနိုင်ရန် အထောက်အပံ့များ

မိဘများသည် မိမိကလေးငယ်များ၏ ပညာရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါသည်။  ဗြိတိသျှကောင်စီ တွင် သင်၏ကလေးငယ်များအတွက် အင်္ဂလိပ်စာတွင်တိုးတက်မှုရှိစေရန် နှင့် Cambridge English စာမေးပွဲများအတွက် စိတ်ချယုံကြည်စွာ လေ့ကျင့်ပြင်ဆင်နိုင်ရန် ကူညီပံ့ပိုးပေးနေပါသည်။

မိဘများ နဲ့ ကလေးငယ်များကို ဘယ်လိုပံ့ပိုပေးလျက်ရှိသနည်း။

ကျွန်ုပ်တို့သည် မိဘများအနေဖြင့် စာမေးပွဲဖြေဆိုမှုလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန် နှင့် မိမိကလေးငယ်အား ပညာသင်ကြားရေးတွင် အကူအညီပေးနိုင်ရန် အတိုင်ပင်ခံပညာရှင်များ၏ အကြံဉာဏ်များနှင့် ယုံကြည်စိတ်ချရသောအရင်းအမြစ်များကို ထောက်ပံ့ပေးလျက်ရှိပါသည်။

  • စာမေးပွဲမေးခွန်းပုံစံများ၊ အင်္ဂလိပ်စာအရည်အချင်းစစ်အဆင့်များ နှင့် ၎င်းတို့မှ ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း ညွှန်ကြားပေးခြင်း၊
  • အပြန်အလှန်လေ့ကျင့်သင်ကြားပေးသော: practice tests, activities, နှင့် သင်တန်းများ
  • စမ်းသပ်ဖြေဆိုစရာများ၊ လေ့ကျင့်ခန်းများနှင့် သင်တန်းများပါဝင်သော အပြန်အလှန်လေ့လာရေးကိရိယာများ
  • စိတ်ကျန်းမာရေး အထောက်အကူအများအနေနှင့် စိတ်ဖိစီးမှုများကို ကိုင်တွယ်နိုင်ရေး၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် သင်ကြားမှုအလေ့အကျင့်များ အမူအကျင့်များ အတွက် အထောက်အပံ့ပေးခြင်း 
  • ကျောင်းများနှင့်ပူးပေါင်းကာ ဆရာများဦးဆောင်သော ဆွေးနွေးပွဲများနှင့် ပညာဖလှယ်မှုအစီအစဉ်များ ဆောင်ရွက်ပေးခြင်း

ကျွန်ုပ်တို့၏ အွန်လိုင်းပလက်ဖောင်းများတွင် စိတ်ဝင်စားဖွယ်အရင်းအမြစ်များနှင့် တရားဝင်လေ့ကျင့်ခန်းများကို ရှာဖွေနိုင်ပါသည်။

Advantage Members ကျောင်းများအတွက် အထူး အထောက်အပံ့များ

Cambridge English စာမေးပွဲ များအတွက် Parent Guide သည် မိဘများအနေဖြင့် မိမိကလေး၏ အင်္ဂလိပ်စာသင်ယူရေးရာတွင် အထောက်အကူရစေရန် ရည်ရွယ်ထားသည့် လမ်းညွှန်ဂိုက်တစ်ခု ဖြစ်ပါသည်။

ဤလမ်းညွှန်တွင် ပါဝင်သောအကြောင်းအရာများမှာ 

  • စာမေးပွဲမေးခွန်းပုံစံများ၊ အင်္ဂလိပ်စာအရည်အချင်းစစ် Levels ဖွဲ့စည်းပုံအကြောင်းအရာများ၊
  • မကြာခဏမေးလေ့ရှိသောမေးခွန်းများအတွက်ဖြေကြားချက်များ
  • Revisions အတွက်အကြံဥာဏ်များ နှင့် ကလေးငယ်များစာသင်ကြားဖို့ စိတ်အားထက်သန်စေရန် နည်းဗူဟာများ
  • စာမေးပွဲနေ့ပြင်ဆင်ခြင်းနည်းလမ်းများ
  • လေ့ကျင့်ခန်းများနဲ့ အခြား activities များအတွက် လင့်ခ်များ

ဤလမ်းညွှန်သည် ဗြိတိသျှကောင်စီ ၏ Advantage Programme တွင် ပါဝင်သော ကျောင်းများအတွက်သာ သီးသန့်ရရှိနိုင်သည်။ 

Advantage Teachers Platform မှတဆင့် ဝင်ရောက်ပြီး ယခုလမ်းညွှန်နှင့် အခြားသီးသန့်အရင်းအမြစ်များကို ရယူနိုင်ပါသည်။

မျှဝေပါ