သင့်ရလဒ်ကို အွန်လိုင်းမှစစ်ဆေးရန် အလွယ်တကူ Cambridge English Candidate Website တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ရလဒ် အများစုကို ရေးဖြေစာမေးပွဲဖြေဆိုပြီး (၄) ပတ်အတွင်း ထုတ်ပြန်ပေးပါသည်။ ကျန်ရှိသောရလဒ်များကို နောက်ထပ်(၂)ပတ် အတွင်း ထုတ်ပြန်ပေးပါသည်။

တစ်ဦးချင်းစာဖြေသူများ

စာဖြေသူများသည် Cambridge English Language Assessment Online Results Service မှတဆင့် ၄င်းတို့၏ ရလာဒ်များကို တိုက်ရိုက်ရယူနိုင်ပါသည်။ စာဖြေသူတစ်ဦးစီ၏ အချိန်ဇယားတွင် Login ဆိုင်ရာ အသေးစိတ်အချက်အလက်များ (Result Information Box အောက်တွင်) ပါဝင်ထားပြီး ဖြစ်ပါသည်။ ထို့ပြင် ရလာဒ်များထုတ်ပြန်သည့် ကာလ စတင်ပြီးဖြစ်ကြောင်းကို အသိပေးအကြောင်းကြားသော အီးမေးလ်ကိုလည်း ရရှိမှာ ဖြစ်ပါသည်။ စာဖြေသူများသည် မိမိတို့၏ရလာဒ်ကို ရရှိသည်အထိ ၄င်းတို့၏ အချိန်ဇယားများကို သိမ်းထားရမည်ဖြစ်ကြောင်းကို မမေ့လျော့ရန် လိုပါသည်။

လက်မှတ်များ

စာမေးပွဲအောင်မြင်ခဲ့သော အောင်လက်မှတ်ကို ရလာဒ်များထုတ်ပြန်ပြီးနောက် (၁) လခန့်အကြာတွင်ဗြိတိသျှကောင်စီ၌ ထုတ်ယူနိုင်ပါသည်။ ကျောင်းမှ စာရင်းသွင်းသူဖြစ်ပါက သင့်အတွက် ကျောင်းမှတဆင့် ထုတ်ယူပေးမှာ ဖြစ်ပါသည်။ ကိုယ်တိုင်စာရင်းသွင်းသူဖြစ်ပါက ဗြိတိသျှကောင်စီမှာ လာရောက်ထုတ်ယူနိုင်ပါသည်။

Cambridge English Qualifications Digital (Computer-Based Test) အတွက် အောင်လက်မှတ်များကို စာမေးပွဲဖြေဆိုပြီး (၆) ပတ်အတွင်း ထုတ်ပေးပါသည်။ ဗြိတိသျှကောင်စီရုံးတွင် အောင်လက်မှတ်လာထုတ်နိုင်မည့်ရက် အား အီးမေးလ်ဖြင့် ပေးပို့အသိပေးပါသည်။

မှတ်ချက် – သက်ဆိုင်ရာ အသိသက်သေအထောက်အထား မပြနိုင်ပါက အောင်လက်မှတ် မထုတ်ပေးပါ။

ရလဒ်စစ်ဆေးခြင်းဝန်ဆောင်မှု (Result Verification Service)

တက္ကသိုလ် များ၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့များနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် သင်၏ရလဒ်မှန်ကန်မှုကို စစ်ဆေးရန် Result Verification Service ကိုအသုံးပြုနိုင်ပါသည်။ သင် ကြိုက်နှစ်သက်ရာ အဖွဲ့အစည်းများအား Cambridge English Online Service Website တွင်ရွေးချယ်ကာ သင့် ID Number နှင့် Password ကိုပေးခြင်းအားဖြင့် သင့် ဓာတ်ပုံကို ကြည့်ရှုခွင့်ပေးနိုင်ပါသည်။

ကလေးများအတွက် စာမေးပွဲများ

Cambridge English Language Assessment က အကြား၊ အဖတ်၊ အရေးနှင့် အပြောအစရှိသော စစ်ဆေးမှု၏ အပိုင်းတစ်ခုစီ၌ ရရှိခဲ့သော သင့်စွမ်းဆောင်ချက်ကို ဖော်ပြထားသည့် ထောက်ခံချက်ကို ပေးမှာ ဖြစ်ပါသည်။ စစ်ဆေးမှုအပိုင်းတစ်ခုစီအတွက် Cambridge ဒိုင်းပုံအမှတ်အသားအများဆုံး (၅) ခု ရရှိနိုင်ပါသည်။ ထို့ကြောင့် စစ်ဆေးမှုတစ်ခုလုံးအတွက် ဒိုင်း (၁၅) ခု ရရှိနိုင်ပါသည်။ Young Learners ရလာဒ်များကို စာမေးပွဲအပြီး နောက် (၈) ပတ်ခန့်တွင် ထုတ်ပြန်ပေးပါသည်။ စာမေးပွဲပြီးဆုံးအောင်ဖြေဆိုသူတိုင်းကို ထောက်ခံချက်ပေးပါသည်။ ၄င်းထောက်ခံချက်တွင် သင့်အနေဖြင့် မည်သည်ကိုတော့ဖြင့် လုပ်နိုင်ခဲ့သည်၊ မည်သည်ကိုတော့ဖြင့် မလုပ်နိုင်ခဲ့ပါဟု ဖော်ပြထားပါသည်။ စာမေးပွဲဝင်ရောက် ဖြေဆိုခဲ့သည့်အတွက် ဂုဏ်ပြုခြင်းဖြစ်ပါသည်။

အောင်စာရင်းကို ပြန်စုံစမ်းခြင်း

သင့်အနေဖြင့် သင့်ဖြေဆိုမှုကို အမှတ်ပေးစစ်ဆေးရာ၌ မျှတမှုမရှိဟု ယူဆပါက Cambridge English တွင် အင်အားအပြည့်ဖြင့် စေ့စပ်သေချာသော Result Enquiry Procedure ရှိပါသည်။ ၄င်းသည် အပိုင်းအားလုံး၏ စစ်ဆေးမှုသည် တိကျသေချာကြောင်းကို စစ်ဆေးပြီး အကယ်၍ တောင်းဆိုလာလျှင်လည်း ပြန်လည်၍ အမှတ်ပေးစစ်ဆေးမှုကို ပြုလုပ်ပေးပါသည်။ စာမေးပွဲ၏ ရလာဒ်နှင့် ပတ်သက်၍ မေးမြန်းလိုပါက ဗြိတိသျှကောင်စီ စာမေးပွဲဌာနသို့ အီးမေးလ် ဖြင့် တောင်းဆိုနိုင်ပါသည်။ တောင်းခံချက်တွင် အမည် အပြည့်အစုံ၊ စာမေးပွဲဖြေဆိုသည့်ရက်နှင့် စာဖြေဌာနတို့ကို ထည့်သွင်းဖော်ပြရပါမည်။ စာမေးပွဲရလာဒ်ကို ကြေငြာသည့်နေ့၏ နောက် ၄င်းလ၏ နောက်ဆုံးရက်အထိသာ တောင်းခံမှုပြုနိုင်ကြောင်းကို သတိပြုပါ။ အကယ်၍ သင်၏ စာမေးပွဲရလာဒ်မှတ်တမ်းကို ရရှိပြီးဖြစ်ပါက ၄င်းကို စာမေးပွဲရမှတ်များ ပြန်လည်စစ်ဆေးနေသည့်အချိန်တွင် ကျွန်ုပ်တို့ရုံးကို ပြန်လည်အပ်နှံထားရပါမည်။

Result Enquiry Procedure တွင် အဆင့် (၂) ဆင့်ပါဝင်ပါသည်။

အဆင့် အောင်စာရင်း စုံစမ်းပုံအဆင့်ဆင့် အချိန်မည်မျှကြာမည်နည်း။ မည်မျှငွေပေးချေရသနည်း။
အဆင့် ၁ အောင်စာရင်းရလာဒ် စစ်ဆေးခြင်း ၅ ရက်ခန့် 25.75 GBP***
အဆင့် (၂) အေ A2 Key/A2 Key for Schools/B1 Preliminary/B2 Preliminary for School ၃ ပတ်ခန့်**

77.00 GBP***

အဆင့်(၂) ဘီ အခြား အရည်အချင်းစစ်စာမေးပွဲများ ၃ ပတ်ခန့်**

119.00 GBP***

* ဤလုပ်ငန်းစဉ်သည် အပြောစစ်ဆေးခြင်းအပိုင်းပေါ်တွင် အကျိုးသက်ရောက်မှုမရှိကြောင်းကို သတိပြုပါ။

** မေးမြန်းမှု၏ ဒုတိယအဆင့်ကို တောင်းခံရန်အတွက် တောင်းခံသူသည် ၄င်း၏ ရလာဒ်များကို ရရှိပြီးဖြစ်ရမည့်အပြင် Results Enquiry Procedure ၏ ပထမအဆင့်ကိုလည်း ဆောင်ရွက်ပြီးဖြစ်နေရပါမည်။

***အထက်ဖော်ပြပါဈေးနှုန်းများသည် သြဂုတ်လ ၁ရက် ၂၀၂၅ မှ စတင်အကျုံးဝင်ပါမည်။

အောင်လက်မှတ်တွင်နာမည်ပြင်ဆင်ခြင်း

သင့် အောင်လက်မှတ်တွင် နာမည်ပြင်ဆင်လိုပါက Customer Service enquiries@mm.britishcouncil.org သို့ ဆက်သွယ်နိုင်ပါသည်။

 

မျှဝေပါ