Boothee Thaik Htun

December 2026 Cambridge English Qualifications (Paper-Based) စာမေးပွဲအတွက် စာရင်းပေးသွင်းခြင်းကိုစတင်လက်ခံလျက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၆ ရက် အောက်တိုဘာလ မှ ၁၉ ရက် အောက်တိုဘာလ အထိဖြစ်ပါသည်။


တစ်ဦးချင်းစာရင်းပေးသွင်းခြင်း

အဆင့် (၁) - အွန်လိုင်းမှ စာရင်းပေးသွင်းခြင်း

  • Cambridge English Qualifications စာမေးပွဲများကို ရန်ကုန် နှင့် မန္တလေးမြို့များတွင် ဖြေဆိုရန် စာရင်းပေးသွင်းနိုင်ပါသည်။စာရင်းပေးသွင်းရာတွင် ဖြေဆိုမည့်မြို့၊ စာမေးပွဲရက်၊စာမေးပွဲဖြေဆိုပုံ ပုံစံ (ကွန်ပျူတာ (သို့)စာရွက်ဖြင့်ဖြေဆိုခြင်း) အစရှိသည်တို့ကိုသေချာစွာရွေးချယ်ဖြည့်စွက်ပေးရန်လိုအပ်ပါသည်။ စာမေးပွဲနဲ့ ပတ်သတ်သည့် စည်မျဉ်းစည်းကမ်း သတ်မှတ်ချက်များကိုလည်း စာရင်းပေးသွင်းမီသေချာဖတ်ရှုထားရန်လိုအပ်ပါသည်။
  • Cambridge English Qualifications စာမေးပွဲများဖြစ်သည့် စာရွက်ဖြင့်ဖြေဆိုရသောစာမေးပွဲအား ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင်ဖြေဆိုနိုင်ပြီး ကွန်ပျူတာဖြင့်ဖြေဆိုရသောစာမေးပွဲအား ရန်ကုန်မြို့တွင်ဖြေဆိုနိုင်ပါသည်။
  • စာမေးပွဲရက်များ နှင့် စာရင်းပေးသွင်းရန် ရက်များကို အောက်ပါ 'စာမေးပွဲရက်များ' ဇယားတွင်ဖော်ပြထားပါသည်။
  • စာမေးပွဲရက်များကျော်လွန်သွားလျှင် စာမေးပွဲရက်များကို စာရင်းပေးသွင်းရာတွင်မတွေ့ရှိနိုင်ပါ။
  • စာမေးပွဲရက်များ နှင့် စာရင်းပေးသွင်းရန် ရက်များကို အောက်ပါ 'စာမေးပွဲရက်များ' ဇယားတွင်ဖော်ပြထားပါသည်။
  • စာရင်းပေးသွင်းပြီးသည်နှင့် တစ်ပြိုင်နက် စာမေးပွဲဖြေဆိုသူများသည် ငွေပေးချေရန်အချက်အလက်များပါရှိသော “Acknowledgement of registration completion” အီးမေးလ်ကို လက်ခံရရှိပါမည်။
  • စာမေးပွဲအတွက် ငွေပေးချေပြီးသူများသည် စာရင်းပေးသွင်မှု အတည်ပြုကြောင်း အီးမေးလ်ကို ငွေသွင်းပြီး ရုံးဖွင့်ရက် (၃) ရက်အတွင်း လက်ခံရရှိပါမည်။

ဖြေဆိုမည့်စာမေးပွဲအားရွေးချယ်ရန်

ဒီဇင်ဘာလ Cambridge English Qualifications (Paper-Based) စာမေးပွဲများအတွက် စာရင်းပေးသွင်းရမည့်ကာလမှာ ၆ ရက် အောက်တိုဘာလ မှ ၁၉ ရက် အောက်တိုဘာလ အထိဖြစ်ပါသည်။



မှတ်ချက် - Exam Format ကိုရွေးချယ်ရာတွင် Paper Based Test သည် စာမေးပွဲအတွက် စာရင်းပေးသွင်းချိန်မှသာ ရွေးချယ်နိုင်မည်ဖြစ်သည်။ ထိုစာရင်းသွင်းချိန်ကာလအတွင်းမှ အပ Paper Based Test အားရွေးချယ်ရန်မြင်တွေ့နိုင်မည်မဟုတ်ပါ။

Young Learner (Pre A1 Starters,A1 Movers,A2 Flyers)

 ရန်ကုန်မြို့ မန္တလေးမြို့
စာမေးပွဲရက်စွဲ: တနင်္လာနေ့၊ ၀၇ ဒီဇင်ဘာ ၂၀၂၆ စာမေးပွဲရက်စွဲ: ဗုဒ္ဓဟူးနေ့၊ ၀၂ ဒီဇင်ဘာ ၂၀၂၆
နှုတ်ဖြေရက်စွဲကာလ: Speaking Test များကို အထက်ဖော်ပြပါစာမေးပွဲရက်တွင် တစ်ခါတည်း စစ်ဆေးပေးသွားပါမည်။ နှုတ်ဖြေရက်စွဲကာလ: Speaking Test များကို အထက်ဖော်ပြပါစာမေးပွဲရက်တွင် တစ်ခါတည်း စစ်ဆေးပေးသွားပါမည်။

 

A2 Key for Schools/B1 Preliminary for Schools On Demand

 ရန်ကုန်မြို့ မန္တလေးမြို့
စာမေးပွဲရက်စွဲ: အင်္ဂါနေ့၊ ၀၈ ဒီဇင်ဘာ ၂၀၂၆ စာမေးပွဲရက်စွဲ: တနင်္ဂနွေနေ့၊ ၊ ၁၃ ဒီဇင်ဘာ ၂၀၂၆
နှုတ်ဖြေရက်စွဲကာလ: Speaking Test များကို အထက်ဖော်ပြပါစာမေးပွဲရက်တွင် တစ်ခါတည်း စစ်ဆေးပေးသွားပါမည်။ နှုတ်ဖြေရက်စွဲကာလ: Speaking Test များကို အထက်ဖော်ပြပါစာမေးပွဲရက်တွင် တစ်ခါတည်း စစ်ဆေးပေးသွားပါမည်။

 

B2 First for Schools

  • စာမေးပွဲရက်စွဲ: စနေနေ့၊ ၁၂ ဒီဇင်ဘာ ၂၀၂၆
  • စာမေးပွဲဖြေဆိုရန် နေရာ: ရန်ကုန်/မန္တလေး
  • နှုတ်ဖြေရက်စွဲကာလ:  Speaking Test များကို အထက်ဖော်ပြပါစာမေးပွဲရက်တွင် တစ်ခါတည်း စစ်ဆေးပေးသွားပါမည်။

 

C1 Advanced

  • စာမေးပွဲရက်စွဲ: မကြာမီ
  • စာမေးပွဲဖြေဆိုရန် နေရာ:   ရန်ကုန်/မန္တလေး
  • နှုတ်ဖြေရက်စွဲကာလ: မကြာမီ

 

Teaching Knowledge Test (TKT)

  • စာမေးပွဲရက်စွဲ: သောကြာနေ့၊ ၁၁ ဒီဇင်ဘာ၂၀၂၆
  • စာမေးပွဲဖြေဆိုရန် နေရာ: ရန်ကုန်/မန္တလေး

 

Delta Module One

  • စာမေးပွဲရက်စွဲ: မကြာမီ
  • စာမေးပွဲဖြေဆိုရန် နေရာ: မကြာမီ

Cambridge English Qualifications စာမေးပွဲများကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီတွင် Pre A1 Starters နှင့် A1 Movers စာမေးပွဲများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်းစစ်ဆေးလျက်ရှိပြီး A2 Key, B1 preliminary, B2 First နှင့် C1 Advanced စာမေးပွဲများကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးပေးလျက်ရှိပါသည်။ လူဦးရေအကန့်အသတ် နှင့် နေရာထိုင်ခင်းအကန့်အသတ်များကြောင့် ရက်အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါသည်။ထို့ကြောင့် ကွန်ပျူတာဖြင့် CEQ စာမေးပွဲများအားဖြေဆိုရန် ကြိုတင်စာရင်းပေးသွင်းပါရန်အကြံပြုအပ်ပါသည်။ကွန်ပျူတာဖြင့်ဖြေဆိုသူများသည် Result ရလဒ်အား ၅ ရက်မှ ၁၀ ရက်အတွင်း အွန်လိုင်းတွင်သိရှိနိုင်ပြီး အွန်လိုင်းရလဒ်ရရှိပြီး ၂ ပတ် မှ ၃ ပတ်အတွင်း Certificate များကို ဗြိတိသျှကောင်စီရုံးတွင်လာရောက်ထုတ်ယူနိုင်ပါသည်။

(မှတ်ချက် - စာရင်းပေးသွင်းမှုအား ဖြေဆိုသူရွေးချယ်မည့် စာမေးပွဲရက်မတိုင်မီ အများပြည်သူအလုပ်လုပ်ရက် (၆)ရက်အလိုတွင် နောက်ဆုံးထားစာရင်းပေးသွင်းရမည်။)

  • Digital Test စာမေးပွဲကြေးသိရှိရန် - Click Here


အဆင့် (၂) - 
 ငွေပေးချေမှု 

Cambridge English Qualifications စာမေးပွဲအတွက် စာရင်းပေးသွင်းသူများအနေဖြင့် စာမေးပွဲကြေးများကို ၂၀၂၆ ဇန်နဝါရီလ (၇)ရက် မှ စတင်၍ ဘဏ်မှတစ်ဆင့်သော်လည်းကောင်း၊ POS ဖြင့် ဗြိတိသျှကောင်စီ ကမ်းနားလမ်းရုံးတွင်လူကိုယ်တိုင်သော်လည်းကောင်း လာရောက်ပေးသွင်းခြင်းအား လက်ခံတော့မည်မဟုတ်ပါ။ ထိုအစား ၂၀၂၆ ဇန်နဝါရီလ (၇)ရက်မှစ၍  အမေရိကန်ဒေါ်လာ (USD)  ဖြင့်အွန်လိုင်းမှ တစ်ဆင့်သာ ပေးသွင်းနိုင်မည်ဖြစ်ပါသည်။ တစ်ဦးချင်းစာရင်းပေးသွင်းသူများအတွက် 

၁) စာမေးပွဲကြေးများကို ၂၀၂၆ ဇန်နဝါရီလ (၇)ရက်  မှ စတင်ပြီး အွန်လိုင်းမှ စာရင်းပေးသွင်းကာ ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card  (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။

၂) ယင်းငွေလွှဲခြင်းအတွက် ငွေလှဲနှုန်းနှင့် ငွေလွှဲအခကြေးငွေများ သည် မိမိအသုံးပြုမည့် Credit/Debit ကတ်များ၏ ဘဏ်များပေါ်မူတည်ပါသည်။

၃) ဗြိတိသျှကောင်စီသည် ဗြိတိန် (သို့မဟုတ်) အခြားနိုင်ငံများမှ အရေးယူပိတ်ဆို့ထားသည့်  ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ပေးချေမှုများကို လက်ခံမည်မဟုတ်ပါ။

အဆင့် (၃) - ငွေပေးချေမှုအတည်ပြုခြင်း

  • စာရင်းပေးသွင်းမှုသည် ငွေပေးချေမှုပြီးမြောက်မှသာလျှင်အတည်ဖြစ်ပါသည်။
  • ပေးသွင်းရမည့်စာမေးပွဲကြေးများအား စာမေးပွဲအတွက်စာရင်းပေးသွင်းသည့်ရက်မှ စ၍ (၅)ရက် အတွင်းပေးသွင်းရပါမည်။ ငွေပေးသွင်းပြီးနောက်အလိုလျောက် ငွေပေးချေမှုပြီးမြောက်မှုအတည်ပြု အီးမေးလ်ရရှိမည်ဖြစ်သည်။

 အဆင့် (၄) - စာမေးပွဲအချိန်စာရင်း

ပုံမှန်အားဖြင့် စာမေးပွဲအချိန်စာရင်းများကို စာမေးပွဲမတိုင်မီ တစ်ပတ်အလိုတွင် ထုတ်ပြန်လေ့ရှိပါသည်။ အကယ်၍စာမေးပွဲဖြေဆိုသူသည် အထက်ပါသတ်မှတ်အချိန်အတွင်း လက်ခံရရှိ ခြင်း မရှိပါက enquiries@mm.britishcouncil.org သို့အီးမေးလ်ပို့ပြီး၍သော်လည်းကောင်း၊ 09940070099 သို့ဖုန်းဆက်၍သော်လည်းကောင်း မေးမြန်းစုံးစမ်းနိုင်ပါသည်။

စာမေးပွဲ ဖြေဆိုရန် ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရန်ရက်များသည် စာမေးပွဲ ဖြေဆိုသူအရေအတွက်ပေါ်မူတည်၍အပြောင်းအလဲများရှိနိုင်ပါသည်။

စာမေးပွဲရက်စွဲများသည် ဖြေဆိုသူလူဦးရေ အရေအတွက်ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

See also

မျှဝေပါ