ပြန်အမ်းငွေ မူဝါဒ (Refund Policy)

အောက်ဖော်ပြပါအခြေအနေများအရ ပြန်အမ်းငွေ တောင်းခံမှုများကိုစဉ်းစားပေးနိုင်ပါသည်-

  1. ဖျားနာခြင်း သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အခြေအနေ 
    စာမေးပွဲကျင်းပမည့်နေ့တွင် မိမိ၏ သား/သမီး၊ ကျောင်းသား/သူ ကျန်းမာရေးပြဿနာကြောင့် မတက်ရောက်နိုင်ခဲ့သောအခါတွင် လည်းကောင်း၊

2.  မိသားစုဝင်ဆုံးပါးမှု
     မိသားစုဝင် တစ်ဦးချင်းဆုံးပါးခဲ့သောအခါတွင် လည်းကောင်း၊

3. စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများခံစားရခြင်း
    ဥပမာ—လုယက်မှု သို့မဟုတ် ပြင်းထန်သောယာဉ်တိုက်မှုတွင်ပါဝင်နေခြင်း လည်းကောင်း၊

4. စစ်မှုတာဝန်ထမ်းဆောင်ရမှု
    မဖြစ်မနေလုပ်ဆောင်ရသည့် တာဝန်ခံ စစ်ဘက်ဝန်ဆောင်မှုအခြေအနေများ ကြုံတွေ့ရခြင်း

 

တင်သွင်းရမည့်လုပ်ငန်းစဉ်

အထက်ဖော်ပြပါအကြောင်းပြချက်များကြောင့် စာမေးပွဲနေ့တွင် တက်ရောက်၍မရခဲ့ပါက စာမေးပွဲနေ့မှမတိုင်ခင် ၂ ရက် (အများပြည်သူရုံးဖွင့်ရက်) အလိုတွင်  ပြန်အမ်းငွေတောင်းဆိုမှုတင်သွင်းရန်လိုအပ်ပါသည်။

အဆိုပါတောင်းဆိုမှုတွင် အထောက်အထားလိုအပ်ပါသည်။ ဥပမာ — ဆရာဝန်မှထုတ်ပေးသည့် ကျန်းမာရေးအထောက်အထား၊ ယာဉ်မတော်တဆမှုကြောင့်အရေးကြီးအခြေအနေဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်အဖွဲ့ထံမှထုတ်ပေးသည့် ရဲစစ်တမ်း၊ နှင့် ငွေပေးချေမှုအထောက်အထား စသည်တို့ လိုအပ်ပါသည်။

ပြန်အမ်းငွေ တောင်းခံမှုအား Cambridge English မှ အတည်ပြုရပါမည်။ အဆိုပါဆုံးဖြတ်ချက်သည် နောက်ဆုံးအဖြစ်ရှိမည်ဖြစ်ပါသည်။

 

ပြန်အမ်းငွေ ဆောင်ရွက်ချိန်

ပြန်အမ်းငွေ ဆောင်ရွက်မှုသည် အလုံးစုံ လေးပတ်မှ ခြောက်ပတ်ခန့် ကြာနိုင်ပါသည်။ ပြန်အမ်းငွေ အတည်ပြုခံရပါက ငွေသားကို မူလငွေပေးချေသည့်နည်းလမ်းအတိုင်း ပြန်အမ်းပေးမည်ဖြစ်ပါသည်။

 

ဆက်သွယ်ရန်

ဤပြန်အမ်းမူဝါဒနှင့်ဆိုင်သောမေးမြန်းလိုသည်များရှိပါက ကျေးဇူးပြု၍ အီးမေးလ် enquiries@mm.britishcouncil.org သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မျှဝေပါ