British Council Advantage

ကောင်းမွန်သည့် အကျိုးရလဒ် အတွက် အကောင်းမွန်ဆုံး အထောက်အပံ့များကို ရယူပါ

ဗြိတိသျှကောင်စီ၏ Advantage Member အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်နိုင်မည့်အခွင့်အရေးကို ရရှိနိုင်ပါသည်။ Cambridge University Press & Assessment နှင့် ပူးပေါင်း၍ Advantage Members များသည် ကျွန်ုပ်တို့၏ ခွင့်ပြုချက်ရ စာမေးပွဲစင်တာများကွန်ရက်တွင် Cambridge English Qualifications အတွက် ကိုယ်စားလှယ်လောင်းများအဖြစ် အသိမှတ်ပြုချီးမြှင့်လျက်ရှိပါသည်။

ဗြိတိသျှကောင်စီ တွင် Cambridge English Exams ဖြေဆိုရန်မည်သို့စာရင်းပေးသွင်းနိုင်မည်နည်း။ Advantage Member Centre အဖြစ်ပါဝင်ရန် မည်သူတို့စာရင်းပေးသွင်းနိုင်မည်နည်း။

ဗြိတိသျှကောင်စီတွင် Cambridge English Exams ဖြေဆိုရန် တွင်စာရင်းပေးသွင်းနိုင်ပါသည်။ကျောင်းသားများအတွက်စာရင်းပေးသွင်းရန် နှင့် စာမေးပွဲဆိုင်ရာ ကိစ္စအဝဝ ကိုကျွန်ုပ်တို့ ကူညီပေးပါသည်။

သင့်အဖွဲ့အစည်း (သို့) ကျောင်းရှိ ကျောင်းသား/သူများ ဗြိတိသျှကောင်စီမြန်မာတွင် Cambridge English စာမေးပွဲဖြေဆိုလိုလျှင် Advantage Member အသင်းဝင်အဖြစ် ဦးစွာပါဝင်ပြီး အသင်းဝင်အကျိုးကျေးဇူးများကို ခံစားရယူလိုက်ပါ။

Apply online 

အွန်လိုင်းမှ လျှောက်ထားပြီးလျှင် သင့်အား Exams Service Team မှ အသင်းဝင်အဖြစ် အတည်ပြုရန်ဆက်သွယ်ပါမည်။ Advantage အသင်းဝင်အဖြစ် အခမဲ့ အသင်းဝင်နိုင်ပြီး အချိန်မရွေး အသင်းဝင်အဖြစ်လျှောက်ထားနိုင်ပါသည်။

သင်သည် အသင်းဝင်ဖြစ်သည်နှင့်တပြိုင်တည်း Advantage Membership Badge ကို သင့်ကျောင်း၊အသင်းအဖွဲ့ ၏ အရောင်းမြှင့်တင်ရေး ကြေငြာများတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။ထို့အပြင် အခြားသော Advantage Member ဆိုင်ရာသတင်းအချက်ဆောင်းပါးများကိုလည်း အချိန်နှင့်တပြေးညီ ပေးပို့ပေးသွားမည်ဖြစ်ပါသည်။

ဘာကြောင့် Advantage အား ပါဝင်သင့်သနည်း။

Advantage အဖြစ်အသင်းဝင်မှုကြောင့် အသင်းဝင်များ၊ ဆရာ/ဆရာမများ အတွက် ၎င်းတို့၏ အင်္ဂလိပ်စာသင်ကြားမှုဆိုင်ရာ နည်းလမ်းများကို တိုးတက်အောင်ကူညီပေးနိုင်ပါသည်။ အသင်းဝင်ခြင်းကို Advantage Standard မှ Premium Plus အဖြစ် ဖြေဆိုသူကျောင်းသား စာရင်းပေးသွင်းမှုအရေအတွက်ပေါ်မူတည်ကာ အဆင့်ဆင့်ထားရှိပေးထားပြီး  အကျိုးခံစားခွင့်များရှိသည့်အပြင် ကျွန်ုပ်တို့နှင့် လက်တွဲသည့် နှစ်ကြာချိန် အပေါ်မူတည်၍လည်း အကျိုးခံစားခွင့်များရရှိသွားမည်ဖြစ်ပါသည်။

Advantage အဖြစ်ယနေ့ပဲပါဝင်ကာ အသင်းဝင်အကျိုးခံစားခွင့်များရယူပါ။  

  • အဆင်ပြေချော့မွေ့သော စာမေးပွဲဝန်ဆောင်မှုများနှင့် Personal Account အကူအညီများရရှိခြင်း။
  • ငွေကြေးအကျိုးခံစားခွင့်များ နှင့် သင့်အဖွဲ့အစည်း၊ကျောင်းအတွက် Marketing Materials များရရှိခြင်း -  Exam registrations ကိုတိုးမြှင့်ကာ အသင်းဝင်အဆင့် အလိုက် အကျိုးခံစားခွင့်များကိုရယူပါ။
  • ကမ္ဘာ့ပညာရေးဆိုင်ရာ သင်ထောက်ကူများ၊ အတွေ့အကြုံများကိုရယူနိုင်ခြင်း။ သင်ကြားရေး သင်ထောက်ကူများစွာအခမဲ့ရယူပြီး သင့် ပညာရေးအဖွဲ့အစည်းအတွက် အတွေ့အကြုံကိုမြှင့်တင်ပါ။

Advantage Member များသည်မည်သူများကိုကူညီပံ့ပိုးပေးသနည်း။

Advantage အသင်းဝင်သည် Cambridge English Qualifications စာမေးပွဲအတွက် ကျောင်းသားများဖြေဆိုရန် စာရင်းပေးသွင်းသော ကျောင်းများ၊ Language Schools များနှင့် အခြားပညာရေးဆိုင်ရာအဖွဲ့အစည်းများအတွက် အသင်းဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။  ၎င်းအသင်းဝင်များသည် ကျောင်းသားများအတွက် အပြည်ပြည်ဆိုင်ရာ အသိမှတ်ပြု အင်္ဂလိပ်စာ စာမေးပွဲအတွက် ကျွမ်းကျင်ပညာရှင်များ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအကြံပေးချက်များ၊ ပညာရေးဆိုင်ရာကြံပြုချက်များကိုရရှိနိုင်ပါသည်။

Advantage အသင်းဝင်များသည် နိုင်ငံပေါင်း (၅၀)ကျော်မှကျောင်းများပါဝင်သာကြောင့် ဆရာများနှင့် ကျောင်းမှအကြီးအကဲများအနေနှင့် ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ဘဝတစ်လျှောက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ရယူနိုင်ပြီး သင်ယူသူများသည်မတူကွဲပြားသော နိုင်ငံတကာယဉ်ကျေးမှု များကိုလည်း သင်ယူ ဖလှယ်မှုအခွင့်အရေးများ ရရှိနိုင်ပါသည်။

Advantage global offer တွင်လည်း အသင်းဝင်များ၏အကျိုးခံစားခွင့်များကိုကြည့်နိုင်ပါသည်။မြန်မာနိုင်ငံ အတွက် အထူးအခွင့်အရေးအနေနှင့် ကျွန်ုပ်တို့ အကျိုးခံစားခွင့်အနည်းငယ်ကို နိုင်ငံအတွင်းကျောင်းများ၏လိုအပ်ချက်အပေါ်မူတည်၍ ဖြည့်စွက်ပေးထားပါသည်။

အသင်းဝင်အကျိုးကျေးဇူးကိုမည်သို့အသုံးချနိုင်မည်နည်း။

စာမေးပွဲဖြေဆိုသူ များလျှင် များသလို အကျိုးခံစားခွင့်များခံစားခွင့်ရှိမည်ဖြစ်သည်။ ကျွန်ုပ်တို့တွင် အသင်းဝင်အဆင့် (၄)ဆင့် ရှိပါသည်။

  • Advantage Starter 
  • Advantage Standard 
  • Advantage Premium 
  • Advantage Premium Plus 

၎င်း အသင်းဝင်အဆင့်များသည် နှစ် တစ်နှစ် ၏ စက်တင်ဘာလ မှ သြဂုတ်လ အတွင်း စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းမည့်ကျောင်းသား အရေအတွက်ပေါ်မူတည်ပါသည်။ ကျွန်ုပ်တို့သည် နှစ်စဉ် အသင်းဝင် အဆင့်ကို စီစစ်ပေးလျက်ရှိပါသည်။

Advantage အသင်းဝင်အသစ်များအနေနှင့် အဆင့်ကို ပထမဦးဆုံး စာရင်းပေးသွင်းသည့် ကျောင်းသားဦးရေအပေါ်မူတည်ကာ သတ်မှတ်ပေးမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် Cambridge English Exams ကို စတင် ဝန်ဆောင်မှုပေးသော ကျောင်းများကို လည်း Advantage Starter Memberအဖြစ် အသင်းဝင်ရန်ဖိတ်ခေါ်အပ်ပါသည်။ Starter Member အသင်းစဝင်ခြင်းဖြင့် အသင်းဝင် အဆင့်ဆင့်၏လုပ်ဆောင်ပုံများ ၊ အကျိုးခံစားခွင့်များကို ရင်းနှီးကျွမ်းဝင်ရှိစေမှာဖြစ်ပါသည်။

Advantage member အသင်းဝင်၏ စည်းမျဉ်းစည်းကမ်းများကို တွင်ကြည့်ရှုနိုင်ပါသည်။

အသင်းဝင် အကျိုးအကျေးဇူးများနှင့်အသေးစိတ်အချက်အလက်များကို mmexamsbdteam@britishcouncil.org အီးမေလ်းပို့ဆက်သွယ်ခြင်း (သို့)  အွန်လိုင်းမှ  တွင်လျှောက်ထားနိုင်ပါသည်။

About registering candidates and Advantage membership

Our support for teachers and leaders, students and families in Advantage