ဗြိတိသျှကောင်စီ သည် မြန်မာနိုင်ငံ တွင် စာရွက်ဖြင့်ဖြေဆိုရသော IELTS for UKVI ကို ဆက်လက်ကျင်းပပေးတော့မည် မဟုတ်ပါ။ ကမ္ဘာ့ယုံကြည်စိတ်ချရဆုံး အင်္ဂလိပ်ဘာသာစကား စစ်ဆေးမှုဖြစ်သည့် IELTS စာမေးပွဲကို ကွန်ပျူတာဖြင့် ဆက်လက်ဖြေဆိုနိုင်ပါသည်။ ကွန်ပျူတာဖြင့် ဖြေဆိုသည့် IELTS စနစ်သည် ရလဒ်များကို များသောအားဖြင့် (၁) ရက်မှ (၂) ရက်အတွင်း သိရှိနိုင်ပြီး ရက်သတ္တပတ်တစ်လျှောက်လုံးတွင်လည်း ဖြေဆိုနိုင်သည့်အတွက် သင့်အတွက် ပိုမိုအဆင်ပြေ လွယ်ကူစေမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် IELTS ဖြေရန်
IELTS စာမေးပွဲမှာ ကမ္ဘာ့လူကြိုက်အများဆုံး ဘာသာစကား စာမေးပွဲဖြစ်သည်။
မြန်မာနိုင်ငံ ဗြိတိသျှကောင်စီတွင် IELTS စာမေးပွဲကို အွန်လိုင်း နှင့်ဖြစ်စေ၊အဖြေလွှာစာရွက် နှင့်ဖြစ်စေ၊ ကွန်ပျူတာ နှင့်ဖြစ်စေ ဖြေဆိုပြီး နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန်သော်လည်းကောင်း၊ ပညာသင်ကြားရန်သော်လည်းကောင်း၊ ပြောင်းရွှေ့နေထိုင်ရန်သော်လည်ကောင်း အသုံးပြုကြပါသည်။