သင်၏ စာမေးပွဲဖြေဆိုမည့်အစီအစဉ်များ ပြောင်းလဲသွားခြင်း သို့မဟုတ် မမျှော်လင့်ထားသော အခြေအနေတစ်ခု ကြုံတွေ့ရခြင်းကြောင့် IELTS စာမေးပွဲ ဖြေဆိုမည့်ရက်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြောင်းရွှေ့ရန် လိုအပ်လာနိုင်ပါသည်။

အောက်ဖော်ပြပါတွင် စာမေးပွဲပယ်ဖျက်ခြင်း (Cancellation)၊ ငွေပြန်အမ်းခြင်း (Refund) နှင့် စာမေးပွဲရက် ပြောင်းရွှေ့ခြင်း (Transfer) ဆိုင်ရာ မူဝါဒများကို ဖော်ပြထားပါသည်။

ဤစာမျက်နှာပါ အချက်အလက်များသည် ပုံမှန် IELTS စာမေးပွဲများ အတွက်သာ သက်ဆိုင်ပါသည်။

IELTS for UKVI နှင့် IELTS for UKVI Life Skills စာမေးပွဲများ ဖြေဆိုမည့်သူများအနေဖြင့် IELTS for UKVI Cancellation and Transfer Policy ကို ကြည့်ရှုပါ။

IELTS စာမေးပွဲပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းခြင်း

သင်၏ IELTS စာမေးပွဲကို မဖြေဆိုမီ မည်သည့်အချိန်တွင်မဆို Test Taker Portal မှတစ်ဆင့် စာရင်းပယ်ဖျက်နိုင်ပါသည်။ ငွေပြန်အမ်းမှုသည် ပယ်ဖျက်သည့်အချိန်နှင့် ချွင်းချက်အခြေအနေ (Exceptional Circumstances) ရှိ/မရှိပေါ်မူတည်ပါသည်။

ပယ်ဖျက်သည့်အချိန်/နေ့ရက်

ငွေပြန်အမ်းမည့် မူဝါဒ

စာမေးပွဲနေ့မတိုင်မီ ၁၅ ရက်နှင့်အထက် စာမေးပွဲကြေး၏ ၇၅% ကို ပြန်အမ်းမည်။ (စီမံခန့်ခွဲမှုကြေး ၂၅% နုတ်ယူပါမည်)
စာမေးပွဲနေ့မတိုင်မီ ၁၄ ရက်အတွင်း ငွေပြန်အမ်းမည် မဟုတ်ပါ။

သင် စာရင်းပေးသွင်းထားသော နိုင်ငံ၏ စားသုံးသူကာကွယ်ရေးဥပဒေတွင်  စာမေးပွဲရက် ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းဆိုင်ရာ ဥပဒေနှင့်ကိုက်ညီသည့် အခြေအနေအထူးအချက်အလက် များ ပါရှိပါက၊ သက်ဆိုင်ရာ ဒေသဆိုင်ရာဥပဒေကိုသာ အတည်ပြုလိုက်နာမည် ဖြစ်ပါသည်။

စာမေးပွဲဖြေဆိုသူအတွက် ချွင်းချက် အခြေအနေများ (Exceptional Circumstances)

စာမေးပွဲနေ့တွင် နေမကောင်းဖြစ်ခြင်း သို့မဟုတ် ကိုယ်ရေးကိုယ်တာ အရေးပေါ်အခြေအနေတစ်ခု ကြုံတွေ့ရပါက စာမေးပွဲကို ပယ်ဖျက်ရန် လိုအပ်နိုင်ပါသည်။

ထိုသို့ဖြစ်ပါက သင်၏ စာစစ်ဌာန သို့ ချွင်းချက်အခြေအနေ အရ စဉ်းစားပေးရန် တောင်းခံနိုင်ပါသည်။

အတည်ပြုခံရပါက -

  • စာမေးပွဲကြေးကို နောက်တစ်ကြိမ် စာမေးပွဲသို့ လွှဲပြောင်းအသုံးပြုနိုင်ခြင်း၊ သို့မဟုတ် 
  • အချို့သောအခြေအနေများတွင် ငွေပြန်အမ်းခြင်း 

တို့ကို ခွင့်ပြုပေးနိုင်ပါသည်။

ချွင်းချက်အခြေအနေ တွင် အောက်ပါအခြေအနေများ ပါဝင်နိုင်ပါသည်။

  • စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရစေသော ဖြစ်ရပ်များ 
  • မိသားစုအရေးပေါ်အခြေအနေ 
  • ရှောင်လွှဲ၍မရသော ဥပဒေဆိုင်ရာ သို့မဟုတ် စစ်မှုထမ်းဆောင်ရမည့် တာဝန် 
  • စာမေးပွဲဖြေဆိုရန် မဖြစ်နိုင်စေသော ပြင်းထန်သည့် ကျန်းမာရေးအခြေအနေ 
  • မိသားစုဝင် ကွယ်လွန်ခြင်း သို့မဟုတ် အခြား ပြင်းထန်သော အခက်အခဲများ 
  • နိုင်ငံရေးအခြေအနေမငြိမ်မသက်မှုတွင်သော်လည်းကောင်း သို့မဟုတ် ပြင်းထန်သော ရာသီဥတုအခြေအနေ 

ထို ချွင်းချက်စဉ်းစားပေးရန် တောင်းဆိုမှု ကို

  • စာမေးပွဲမတိုင်မီ၊ သို့မဟုတ် 
  • စာမေးပွဲ မတက်ရောက်ခဲ့ပါက စာမေးပွဲနေ့မှစ၍ ပြက္ခဒိန် ၂ ရက်အတွင်း 

လျှောက်ထားနိုင်ပါသည်။

စာမေးပွဲရလဒ် ထုတ်ပြန်ပြီးနောက် Special Consideration လျှောက်ထားမှုများကို လက်ခံမည် မဟုတ်ပါ။

လျှောက်ထားလိုပါက စာစစ်ဌာန သို့ တိုက်ရိုက်ဆက်သွယ်၍ အထောက်အထားများနှင့်အတူ အကြောင်းပြချက် အပြည့်အစုံ တင်ပြရပါမည်။

စာစစ်ဌာန မှ သင်၏ လျှောက်လွှာကို စိစစ်ပြီး စာဖြင့် လျှောက်ထားမှု အပြည့်အစုံ လက်ခံရရှိပြီးနောက် အလုပ်ဖွင့်ရက် ၇ ရက်အတွင်း အကြောင်းပြန်ကြားပေးပါမည်။

လျှောက်လွှာ အတည်ပြုခံရပါက ငွေပြန်အမ်းခြင်း သို့မဟုတ် စာမေးပွဲရက် ပြောင်းရွှေ့ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ အချို့အခြေအနေများတွင် စီမံခန့်ခွဲမှုကြေး ကောက်ခံနိုင်ပါသည်။

ငွေပြန်အမ်းမှု လုပ်ငန်းစဉ်သည် ၄ ပတ်မှ ၆ ပတ်အထိ ကြာမြင့်နိုင်ပါသည်။

ချွင်းချက်အခြေအနေအဖြစ်စဉ်းစားပေးမှု လျှောက်ထားရန် စာစစ်ဌာန သို့ ဆက်သွယ်ပြီး စာမေးပွဲပယ်ဖျက်ရန် လျှောက်လွှာနှင့် သက်သေအထောက်အထားများကို တင်ပြရပါမည်။

 စာစစ်ဌာန မှ စာမေးပွဲပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်း

စာစစ်ဌာနဘက်မှ ထိန်းချုပ်မှုမရှိနိုင်သည့် အခြေအနေများကြောင့် စာမေးပွဲကို ပယ်ဖျက်ခြင်း သို့မဟုတ် နောက်ရက်သို့ ရွှေ့ဆိုင်းခြင်း ပြုလုပ်ရနိုင်ပါသည်။

ဥပမာ -

  • ပြင်းထန်သော ရာသီဥတု 
  • သဘာဝဘေးအန္တရာယ် 
  • လူထုမငြိမ်သက်မှု 
  • အလုပ်သမားဆန္ဒပြမှု 
  • စာစစ်ဌာနဘက်မှ ထိန်းချုပ်မှုမရရှိနိုင်သည့် အခြေအနေများ 

ဖြစ်ပါသည်။

ထိုသို့ဖြစ်ပါက စာစစ်ဌာန မှ တတ်နိုင်သမျှ ကြိုတင်အကြောင်းကြားပြီး အောက်ပါရွေးချယ်မှုများကို ပေးပါမည်။

  • စာမေးပွဲကြေး အပြည့်အဝ ပြန်အမ်းခြင်း 
  • သင်အဆင်ပြေသော နောင်လာမည့် စာမေးပွဲရက်သို့ ပြောင်းရွှေ့ခြင်း 

နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ စာမေးပွဲကျင်းပရာနေရာ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကြောင့် စာမေးပွဲ ပယ်ဖျက်ခြင်း သို့မဟုတ် ရွှေ့ဆိုင်းရပါကလည်း ငွေပြန်အမ်းခြင်း သို့မဟုတ် စာမေးပွဲရက်ပြောင်းရွှေ့ခြင်းကို ရွေးချယ်နိုင်ပါသည်။

စာစစ်ဌာန၏ ထိန်းချုပ်နိုင်သော အကြောင်းရင်းကြောင့် စာမေးပွဲပယ်ဖျက်ရပါက ခရီးစရိတ်နှင့် တည်းခိုစရိတ်များအတွက် လျော်ကြေးတောင်းခံနိုင်ပါသည်။

လျော်ကြေးပေးခြင်း

လျော်ကြေးတောင်းခံမှုကို စာစစ်ဌာန မှ စိစစ်ပြီး အောက်ပါအချက်များအပေါ် မူတည်၍ ဆုံးဖြတ်ပါမည်။

  • စာမေးပွဲတက်ရောက်ရန် စီစဉ်ထားခြင်းကြောင့် တိုက်ရိုက်ကုန်ကျခဲ့သော စရိတ်များ 
  • ငွေပေးချေမှုအထောက်အထား 
  • ခရီးစဉ် သို့မဟုတ် တည်းခိုမှုအတွက် ပြန်လည်ရယူ၍ မရကြောင်း အထောက်အထား 
  • သင့်လျော်သော ဈေးကွက်နှုန်းထားများနှင့် နှိုင်းယှဉ်စိစစ်ခြင်း 

သင့်အိမ်နှင့် အနီးဆုံး စာစစ်ဌာန မဟုတ်ဘဲ အခြား စာစစ်ဌာန သို့ သွားရောက်ဖြေဆိုရန် ရွေးချယ်ခဲ့ပါက လျော်ကြေးတောင်းခံနိုင်မည် မဟုတ်ပါ။

လျော်ကြေးပေးခြင်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အားလုံးကို စာစစ်ဌာန မှသာ ဆုံးဖြတ်မည် ဖြစ်ပါသည်။

IELTS စာမေးပွဲရက် ပြောင်းရွှေ့ခြင်း (Transfer)

IELTS စာမေးပွဲ စာရင်းပေးသွင်းထားပြီးနောက် စာမေးပွဲဖြေဆိုမည့်ရက်ကို ပြောင်းလဲလိုပါက နောက်ထပ် စာမေးပွဲရက်သို့ ပြောင်းရွှေ့နိုင်ပါသည်။

ပြောင်းရွှေ့နိုင်သည့် စည်းမျဉ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပြောင်းရွှေ့ရန် လျှောက်ထားသည့်အချိန်

ပြောင်းရွှေ့ခြင်း မူဝါဒ

စာမေးပွဲနေ့မတိုင်မီ ၁၅ ရက်နှင့်အထက် အခမဲ့ ၅ ကြိမ်အထိ ပြောင်းရွှေ့နိုင်သည်
စာမေးပွဲနေ့မတိုင်မီ ၅ ရက်မှ ၁၄ ရက်အတွင်း ပြောင်းရွှေ့နိုင်သည်။ စာမေးပွဲကြေး၏ ၂၅% စီမံခန့်ခွဲမှုကြေး ကောက်ခံမည်
စာမေးပွဲနေ့မတိုင်မီ ၅ ရက်အောက် ပြောင်းရွှေ့ခွင့် မရှိပါ။ ထိုသို့ လျှောက်ထားမှုများကို စာမေးပွဲပယ်ဖျက်ခြင်းအဖြစ် သတ်မှတ်ပြီး ပုံမှန် ငွေပြန်အမ်းမူဝါဒအတိုင်း ဆောင်ရွက်မည်

စာမေးပွဲရက် ပြောင်းရွှေ့လိုပါက Test Taker Portal သို့ ဝင်ရောက်ပြီး "Manage my booking" အောက်ရှိ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။

မျှဝေပါ