မြန်မာနိုင်ငံတွင် IELTS ဖြေရန်

နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စာမေးပွဲစနစ် ဖြစ်သည့် IELTS သည် ကမ္ဘာ့လူကြိုက်အများဆုံး အင်္ဂလိပ်ဘာသာ စာမေးပွဲဖြစ်ပါသည်။ ဘာသာစကားတတ်မြောက်မှု စစ်ဆေးရေးတွင် ကမ္ဘာ့အထူးချွန်ဆုံး ကျွမ်းကျင်သူများမှ ဖော်ဆောင်ထားပြီး အဖတ်၊ အရေး၊ နားထောင်မှု၊ ပြောဆိုမှု စွမ်းရည်အားလုံး ဆန်းစစ်နိုင်သော စာမေးပွဲဖြစ်သည်။

ယခု နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စာမေးပွဲ သည် အင်္ဂလိပ်စကားပြောဆိုသည့် ပတ်ဝန်းကျင်၌ ပညာသင်ကြားခြင်း၊ အလုပ်ကိုင်ကိုင်ခြင်း၊ နိုင်ငံရပ်ခြားတွင် အခြေချ ပြောင်းရွှေနေထိုင်ခြင်း တို့ အတွက် အကျုံးဝင်သည့် စာမေးပွဲစနစ်တစ်ခုဖြစ်ပါသည်။

IELTS Guide အခမဲ့ယူရန်

IELTS စာမေးပွဲသည် ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်း နှင့် နိုင်ငံရပ်ခြားတွင် အခြေချပြောင်းရွှေ့နေထိုင်ခြင်းတို့ အတွက် အထောက်အကူပြုပါသည်။

နိုင်ငံပေါင်း (၁၄၀)မှ အဖွဲ့အစည်း (၁၁,၀၀၀)ကျော်က IELTS စာမေးပွဲကို လက်ခံကြပါသည်။ အစိုးရ၊ ပညာရေးအဖွဲ့အစည်း၊ အလုပ်ရှင်များ ပါဝင်ပြီး USA တစ်နိုင်ငံတည်းတွင် (၃,၄ဝဝ)ကျော် ရှိပါသည်။

IELTS နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စာမေးပွဲ ဖြင့် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်ရှာဖွေခြင်း နှင့် ပညာသင်ကြားခြင်းများပြုလုပ်လိုက်ပါ။

အင်္ဂလိပ်စကား အဓိကပြောသည့် နိုင်ငံအများစုတွင် အလုပ်လျှောက်ရန်နှင့် တက္ကသိုလ်တက်ရန် အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုရှိကြောင်း သက်သေထူရန် လိုအပ်ပါသည်။ ဤ IELTS နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စာမေးပွဲ သည် သင့် အင်္ဂလိပ်စာအရည်အချင်းအတွက် အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်ပါသည်။

IELTS နိုင်ငံတကာ အင်္ဂလိပ်ဘာသာ စာမေးပွဲ ဖြင့် အမိနိုင်ငံမှာပင် ရနိုင်သော အခွင့်အရေးများ

IELTS စာမေးပွဲဖြင့် သင့်အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုကို သက်သေထူပြီး သင့်မိခင်နိုင်ငံတွင် အလုပ်အကိုင်ကောင်းရခြင်း၊ ရာထူးတိုးခြင်းများအတွက် အထောက်အကူ ပြုနိုင်ပါသည်။

ပြောင်းရွှေ့နေထိုင်ဖို့ ရည်ရွယ်ထားပါသလား။

လူဝင်မှုကြီးကြပ်ရေး၏ သတ်မှတ်ချက်များ ပြည့်မီအောင် IELTS စာမေးပွဲ ရလဒ်များက အထောက်အကူ ပြုပါလိမ့်မည်။ အင်္ဂလိပ်ဘာသာ စာမေးပွဲကို လက်ခံသော လ.၀.က အာဏာပိုင်များအားလုံး IELTS ကိုလက်ခံကြပါသည်။

IELTS စာမေးပွဲဖြေဆိုဖို့ ရွေးချယ်လိုက်ပါ။

သင် ဖြေဆိုမည့် IELTS စာမေးပွဲအား  စာရင်းပေးသွင်းသည်မှ စ၍ အောင်လက်မှတ် ရလဒ်ရသည်အထိ သင်အဆင်ပြေသင့်တော်မည့် လမ်းကြောင်းကို https://www.britishcouncil.org.mm/exam/ielts/which-test တွင်ကြည့်ရှုနိုင်ပါသည်။  

Young woman graduate discussing IELTS English language test with British Council IELTS teacher in Myanmar

အဘယ်ကြောင့် ဗြိတိသျှကောင်စီတွင် IELTS ဖြေဆိုရန် ရွေးချယ်ရပါသနည်း။

နေရာများစွာတွင် စာမေးပွဲကို အဆင်ပြေပြေ ဖြေဆိုရန်ရက်များသတ်မှတ်ပေးခြင်း၊အခမဲ့အရင်းအမြစ်များ၊ လွယ်ကူသည့်စာရင်းသွင်းလုပ်ငန်း၊ စိတ်ဖိစီးမှုကင်းသည့် စာမေးပွဲပတ်ဝန်းကျင်စသည်ဖြင့် ၀န်ဆောင်ပေးပါသည်။