Smiling man in Myanmar taking IELTS One Skill Retake.

IELTS One Skill Retake ဆိုတာ ဘာလဲ၊ ဘယ်လိုအခြေအနေမျိုး 

တွင်ဖြေဆိုလို့ရနိုင်သလဲ?

IELTS One Skill Retake က စာမေးပွဲတစ်ခုလုံးကို အစအဆုံး ပြန်ဖြေနေစရာမလိုပဲ သင်လိုချင်တဲ့ စာမေးပွဲရမှတ်ကို ရရှိအောင် ကူညီပေးဖို့ ရည်ရွယ်ထားတဲ့ လုပ်ဆောင်ချက် အသစ်တစ်ခု ဖြစ်ပါတယ်။ သင့်အနေနဲ့ IELTS 4 skills စာမေးပွဲတစ်ခါ ဖြေပြီးတဲ့နောက် Listening ၊ Reading၊ Writing (သို့) Speaking 4 skills ထဲက skill တစ်ခုခုရဲ့ ရမှတ်ကို ပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင် ကြိုက်နှစ်သက်ရာ skill  တစ်ခုကိုသာ ရွေးချယ်ပြီး ပြန်လည်ဖြေဆိုနိုင်ပါတယ်။ 

IELTS One Skill Retake ကို ဗြိတိသျှကောင်စီ မြန်မာ တွင် စတင်ဖြေဆိုနိုင်ပါပြီ။ ကမ္ဘာတစ်ဝန်းရှိ သတ်မှတ်ထားသည့် ဗြိတိသျှကောင်စီ စာမေးပွဲစင်တာများတွင်လည်း IELTS One Skill Retake  ကို IELTS ကွန်ပျူတာဖြေဆိုသူများ နှင့် IELTS for UKVI ကွန်ပျူတာ စာမေးပွဲဖြေဆိုသူများ အတွက် စစ်ဆေးပေးသွားပါမည်။

IELTS One Skill Retake ဖြေဆိုရခြင်းရဲ့ အားသာချက်များ

• စွမ်းရည်တစ်ခုတည်းမှာ အာရုံစိုက်နိုင်ခြင်း- တကယ်လို့ သင်သည် ပထမဆုံး စာမေးပွဲမှာ အကောင်းဆုံး မဖြေနိုင်ခဲ့လျှင် IELTS One Skill Retake နှင့်ဆို skill (၁) ခု အတွက် ရမှတ်ကို ပိုကောင်းစေဖို့ စာမေးပွဲကို အစအဆုံး ပြန်ဖြေနေစရာမလိုဘဲ ထို skill ကိုပဲ ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခွင့် ရရှိမှာဖြစ်ပါသည်။ skill (၄)ခု စလုံး ကို ပြန်ဖြေမည့်အစား skill  တစ်ခုနဲ့ဆိုင်သည့် စာမေးပွဲအပိုင်းကိုသာ ပြန်ဖြေရတာကြောင့် အချိန်ကုန်၊ ငွေကုန်သက်သာစေပါသည်။

• သိပြီးသား စာမေးပွဲပုံစံကို ပြန်ဖြေရခြင်း- IELTS One Skill Retake ဖြေဆိုရမည့် ပုံစံနှင့် ကြာချိန်မှာ ပုံမှန် IELTS စာမေးပွဲကို ဖြေဆိုရသည့်အတိုင်းသာ ဖြစ်ပါသည်။ ဖြေဆိုရမည့် စာမေးပွဲနှင့် ရင်းနှီးပြီးသား ဖြစ်နေမယ်ဆိုသည့်သဘောဖြစ်ပါသည်။ စာမေးပွဲပုံစံအသစ်အတွက် ကြိုတင်ပြင်ဆင်ရမှာနှင့် မတူညီသည့် လုပ်ဆောင်ချက်အမျိုးအစားတွေကို လေ့လာရမှာကို စိုးရိမ်ပူပန်နေစရာ မလိုပါ။

• စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form) အသစ်ကို လက်ခံရရှိခြင်း- IELTS One Skill Retake ရမှတ်ပါဝင်သည့် IELTS စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form) အသစ်ကို သင်ရရှိမှာ ဖြစ်ပါသည်။ ၎င်းတွင် သင့်မူလ စာမေးပွဲမှ ရရှိထားသော ရမှတ်များနှင့် CEFR ပျမ်းမျှ ရမှတ်လည်း ပါဝင်ပါသည်။ သင့်ရလဒ်များက မူလစာမေးပွဲဖြေဆိုတဲ့ရက်ကနေ (၂) နှစ်ကြာအထိ အကျုံးဝင်ပြီး ထိုရလဒ်များကို သင်၏စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form) တွင် တွေ့ရှိနိုင်မှာ ဖြစ်ပါသည်။

• မူလစာမေးပွဲရမှတ်များ မပြောင်းလဲဘဲ ဆက်ရှိနေခြင်း- မူလစာမေးပွဲတွင် ရရှိခဲ့သည့် အခြားသောရမှတ်များမှာ ပြောင်းလဲမှုရှိမည်မဟုတ်ပါ။ One Skill Retake မှ ရလဒ်များ ရရှိပြီးနောက်တွင်လည်း သင်၏ မူလ IELTS ရမှတ်ကိုပါ ဆက်လက် အသုံးပြုလိုပါက သုံးနိုင်ပါသည်။ 

IELTS One Skill Retake ကို ဘယ်အဖွဲ့အစည်းတွေက အသိအမှတ်  ပြုသလဲ?

IELTS One Skill Retake ကို အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတွေကို ဤနေရာမှာ လေ့လာနိုင်ပါသည်။-

Organisations that accept IELTS One Skill Retake 

IELTS One Skill Retake ကို အသိအမှတ်ပြုသော အဖွဲ့အစည်းများ 

IELTS One Skill Retake ဖြေဆိုရန်အတွက် ကြိုတင်စာရင်းပေးရန် လိုအပ်ချက်များ  

• ကွန်ပျူတာဖြင့်ဖြေရသည့်  ရိုးရိုး IELTS စာမေးပွဲ နှင့် IELTS for UKVI စာမေးပွဲ စဆုံး ကို လတ်တလော ဖြေဆိုထားပြီးသူဖြစ်ပါက စာမေးပွဲအတွက် ကြိုတင်စာရင်းပေးနိုင်ပါသည်။

• IELTS One Skill Retake ကို ဖြေဆိုခွင့်ပြုသည့် စာမေးပွဲစင်တာကနေ ပေးအပ်ထားသော ရလဒ်များကို လက်ခံရရှိထားသူဖြစ်ရပါမည်။ 

• မူလစာမေးပွဲတစ်ကြိမ်ဖြေဆိုထားခြင်းအတွက် IELTS One Skill Retake အနေနှင့်skill  တစ် ခုကို (၁) ကြိမ်သာ ပြန်လည်ဖြေဆိုခွင့်ရှိပါမည်။ မူလစာမေးပွဲကို ဖြေဆိုခဲ့ပြီးချိန်မှ ရက် (၆၀) အတွင်း IELTS One Skill Retake ကို ပြန်လည်ဖြေဆိုရပါမည်။

IELTS One Skill Retake ကို ဘယ်လို စာရင်းပေးသွင်းနိုင်သလဲ?

သင်၏ Test Taker Portal ထဲသို့ log in ဝင်ရောက်ပြီး IELTS အမှတ်စာရင်းသို့ သွားပါ။ ထို့နောက် သင်ကြိုက်နှစ်သက်ရာ Skill တစ်ခုကို ရွေးချယ်ကာ ‘Retake’ ခလုတ်ကို နှိပ်ပြီး စာရင်းပေးသွင်းနိုင်ပါသည်။

 

အမေးများသော မေးခွန်းများ

IELTS One Skill Retake ဆိုတာ ဘာလဲ?

IELTS One Skill Retake သည် စာမေးပွဲဖြေဆိုသူများအား ၎င်းတို့၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို အပြည့်အဝပြသနိုင်ပြီး အကောင်းဆုံးရမှတ်များကို ရယူနိုင်စေရန် ယုံကြည်မှုပေးသည့် နည်းလမ်းအသစ်တစ်ခုဖြစ်သည်။ IELTS One Skill Retake ဖြင့် ယခုအခါ သင်သည် skill တစ်ခုတွင် ပိုကောင်းသော ရမှတ်ရရှိရန် လိုအပ်ပါက4skills စလုံးကို ပြန်ဖြေဆိုမည့်အစား စာမေးပွဲ၏ (Listening  Reading Writing  (သို့) Speaking) မည်သည့် skill တစ်ခုကိုမဆို ရွေးချယ်၍ ပြန်လည်ဖြေဆိုနိုင်ပြီဖြစ်သည်။ စာမေးပွဲဖြေဆိုသူအများစုက ၎င်းတို့လိုအပ်သည့် ရမှတ်ကို ပထမအကြိမ် ဖြေဆိုရုံဖြင့်ပင် ရရှိကြသည်ကို ကျွန်ုပ်တို့ သိထားပါသည်။ သို့သော် skill အသီးသီးတွင် အကောင်းဆုံးဖြေဆိုနိုင်ခဲ့သည်ဟု သင်မခံစားရပါက မျှော်မှန်းထားသည့်ရလဒ်ကို ပြန်လည်ရယူနိုင်စေရန် IELTS One Skill Retake က သင့်ကို ကူညီပေးနိုင်ပါသည်။ IELTS Academic နှင့် General Training စာမေးပွဲ နှစ်မျိုးလုံးအတွက် ရရှိနိုင်သည်။

 

IELTS One Skill Retake ကို ဘာကြောင့် မိတ်ဆက်ခဲ့တာလဲ?

လက်ရှိတွင် IELTS ကို ဖြေဆိုရန် တစ်ခုတည်းသော နည်းလမ်းမှာ Listening Reading Writing  ၊Speaking စသည့် 4 skills စလုံး ကို တစ်ခုချင်းစီ တစ်ကြိမ်တည်းပေါင်း၍ စာမေးပွဲဖြေဆိုရခြင်းဖြစ်သည်။ One Skill Retake ပါဝင်လာခြင်းဖြင့် IELTS သည် စာမေးပွဲဖြေဆိုသူများအတွက် လိုအပ်ပါက စာမေးပွဲ၏ skill တစ်ခုကို နောက်တစ်ကြိမ် ထပ်မံဖြေဆိုခွင့်ပေးပြီး ၎င်းတို့၏ ပျမ်းမျှစာမေးပွဲရလဒ်အသစ်ကို ရယူနိုင်စေမည့် တစ်ခုတည်းသော အဓိကအင်္ဂလိပ်ဘာသာစကား စွမ်းရည်စာမေးပွဲ ဖြစ်လာပါမည်။   

ကမ္ဘာတစ်ဝန်းလုံးက စာမေးပွဲဖြေဆိုသူတိုင်း ဖြေ၍ရပါသလား?

လက်ရှိတွင် IELTS One Skill Retake ကို သတ်မှတ် ကွန်ပျူတာဖြင့် IELTS စာမေးပွဲဖြေဆိုရေးစင်တာများတွင် ရရှိနိုင်ပြီး 2023 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် မိတ်ဆက်ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားပါမည်။ OSR ရရှိနိုင်သည့် နေရာများကို ဤနေရာတွင် ကြည့်ရှုပါ- https://takeielts.britishcouncil.org/take-ielts/one-skill-retake 

သင်၏ကနဦး 4 skills ဖြေဆိုရသည့် IELTS စာမေးပွဲနှင့် One Skill Retake အကြား အချိန်ဘယ်လောက် စောင့်ရသလဲ?

IELTS One Skill Retake ကို မူလ IELTS စာမေးပွဲဖြေဆိုပြီး ရက် (၆၀) အတွင်း ပြန်လည်ဖြေဆိုရပါမည်။

IELTS One Skill Retake ကို ဖြေဆိုရမည့် ပုံစံနှင့် ကြာချိန်ကရော ဘယ်လိုရှိပါသလဲ?

IELTS စာမေးပွဲ၏ (Listening  Reading Writing  (သို့) Speaking) မည်သည့်အပိုင်းတစ်ခုကိုမဆို ပြန်လည်ဖြေဆိုနိုင်ပါသည်။ IELTS One Skill Retake ဖြေဆိုရမည့် ပုံစံနှင့် ကြာချိန်မှာ ပုံမှန် IELTS စာမေးပွဲတွင် skill တစ်ခုချင်းစီအတွက် ဖြေဆိုခဲ့သည့် ပုံစံ၊ ကြာချိန်တို့နှင့် အတူတူပင်ဖြစ်သည်။ သို့သော် အခြား skill  (၃) မျိုးကို ဖြေဆိုရန် မလိုအပ်သောကြောင့် အချိန်ကုန်သက်သာစေပါသည်။

One Skill Retake ကို ခဏခဏ ပြန်ဖြေလို့ရလား?

ပြန်ဖြေလို့မရပါ။ IELTS စာမေးပွဲစဆုံးတစ်ကြိမ်ဖြေဆိုခြင်းအတွက် (၁) ကြိမ်သာ ပြန်လည်ဖြေဆိုနိုင်သည်။ One Skill Retake စာမေးပွဲတစ်ခုစီတွင်လည်း IELTS စာမေးပွဲ၏ skill တစ်ခုတည်းကိုသာ ပြန်လည်ဖြေဆိုနိုင်ပါသည်။ 

ကျွန်ုပ်၏ရလဒ်များကို ဘယ်လိုလက်ခံရရှိမလဲ?

စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form)  အသစ်တစ်ခုကို သင်ရရှိပါမည်။ ၎င်းတွင် အသစ်ရရှိသော IELTS One Skill Retake ရမှတ်နှင့် မူလစာမေးပွဲတွင် ရရှိခဲ့သော အခြား skill (၃) မျိုး ၏ ရလဒ်များ ပါဝင်ပါသည်။ မူလစာမေးပွဲရလဒ်ကိုဖြစ်စေ၊ စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form) အသစ်ကိုဖြစ်စေ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါသည်။  

စာမေးပွဲအစီရင်ခံစာဖောင်ကို အီလက်ထရောနစ်ပုံစံ သို့မဟုတ် စာရွက်နှင့် လက်ခံရရှိမှာလား?

သင်၏ One Skill Retake စာမေးပွဲအတွက် စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form) ကို အီလက်ထရောနစ်ပုံစံဖြင့်ရရှိပါမည်။ စာမေးပွဲဖြေဆိုသူ လမ်းညွှန်ဝက်ဘ်ဆိုက်တွင် စာမေးပွဲအစီရင်ခံစာဖောင် (Test Report Form) ကို ဒေါင်းလုဒ်ဆွဲ၍ ပရင့်ထုတ်နိုင်ပါသည်။ One Skill Retake အတွက် စာမေးပွဲအစီရင်ခံစာဖောင်(Test Report Form) ကို စာရွက်ဖြင့် ပုံသေအားဖြင့် ထုတ်ပေးမည် မဟုတ်ပါ။ 

IELTS One Skill Retake ရလဒ်များက ဘယ်လိုပုံစံမျိုးလဲ?

စာမေးပွဲအစီရင်ခံစာဖောင်အသစ်နှင့် IELTS One Skill Retake စာမေးပွဲအစီရင်ခံစာဖောင် (၂) ခုစလုံးက အကျုံးဝင်ပါသည်။ စာမေးပွဲဖြေဆိုသူများနှင့် စာရင်းသွင်းထားသော အဖွဲ့အစည်းများက ယင်းအစီရင်ခံစာဖောင် (၂) ခုစလုံး ကို ပုံမှန်နည်းလမ်းအတိုင်း အသုံးပြုနိုင်ပါသည်။ IELTS One Skill Retake စာမေးပွဲအစီရင်ခံစာဖောင်တွင် မူလ စာမေးပွဲ၌ အခြား skill (၃) မျိုးအတွက် သင် ရရှိထားသော မူလရလဒ်များကိုလည်း ထည့်သွင်းဖော်ပြထားပါမည်။    

၎င်းသည် IELTS One Skill Retake ရလဒ်ဖြစ်ကြောင်း OSR စာမေးပွဲအစီရင်ခံစာဖောင်တွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါမည်။ IELTS ရလဒ်များ စိစစ်အတည်ပြုရေး ဝန်ဆောင်မှုတွင်လည်း ၎င်းကို ဖော်ပြထားပါမည်။     

ကျွန်ုပ်၏မူလ IELTS စာမေးပွဲရလဒ်များနှင့် IELTS One Skill Retake ရလဒ်များကို ဘယ်လိုအသုံးပြုနိုင်သလဲ?

မူလ 4 skills ဖြေဆိုရသည့် IELTS စာမေးပွဲမှ စာမေးပွဲအစီရင်ခံစာဖောင်နှင့် ရမှတ်များကိုသော်လည်းကောင်း၊ အသစ်ရရှိထားသော IELTS One Skill Retake ရမှတ်ပါဝင်သည့် စာမေးပွဲအစီရင်ခံစာဖောင်အသစ်ကိုသော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ IELTS One Skill Retake ရမှတ်အသစ်နှင့်အတူ မူလစာမေးပွဲအစီရင်ခံစာဖောင်ကလည်း ဆက်ရှိနေပါမည်။ (၂) ခုစလုံး အကျုံးဝင်ပါသည်။    

အကယ်၍ ကျွန်ုပ်၏အဖွဲ့အစည်း(များ)က စာမေးပွဲအစီရင်ခံစာဖောင်များကို စာရွက်ပုံစံဖြင့် တောင်းဆိုခဲ့လျှင် ဘယ်လိုလုပ်ရမလဲ?

အကယ်၍ သင့်အဖွဲ့အစည်း(များ)သည် စာမေးပွဲအစီရင်ခံစာဖောင်၏ စာရွက်မိတ္တူကို တောင်းဆိုပါက ကျေးဇူးပြု၍ သင်ဖြေဆိုခဲ့သည့် စာမေးပွဲစင်တာကို ဆက်သွယ်ပါ။ စာမေးပွဲအစီရင်ခံစာဖောင် ထပ်ဆောင်း ဝန်ဆောင်မှုများမှတစ်ဆင့် သင့်စာမေးပွဲအစီရင်ခံစာဖောင်၏ စာရွက်မိတ္တူများစွာကိုလည်း တောင်းဆိုနိုင်ပါသည်။ 

IELTS One Skill Retake ကို ကျွန်ုပ်၏အဖွဲ့အစည်း(များ)က အသိအမှတ်ပြုမပြု ဘယ်လိုသိနိုင်မလဲ?

IELTS One Skill Retake ကို အသိအမှတ်ပြုသော အဖွဲ့အစည်းများအား ဤနေရာတွင် ဖော်ပြထားသည်- https://takeielts.britishcouncil.org/take-ielts/one-skill-retake/organis....

ဤဝက်ဘ်စာမျက်နှာကို အခါအားလျော်စွာ ဖြည့်စွက်ပြင်ဆင်မှုများ လုပ်ပေးသွားပါမည်။ သင်၏ သက်ဆိုင်ရာ အဖွဲ့အစည်း(များ)ထံလည်း တိုက်ရိုက်မေးမြန်း၍ စစ်ဆေးကြည့်နိုင်ပါသည်။ 

IELTS One Skill Retake ကို အသိအမှတ်ပြုသည့် အဖွဲ့အစည်းများက ရလဒ်များကို ဘယ်လိုလက်ခံရယူနိုင်မလဲ?

IELTS ရလဒ်များကို အီလက်ထရောနစ်ပုံစံဖြင့် လက်ခံရယူထားပြီးသော အဖွဲ့အစည်းများသည် ယခုအခါ IELTS One Skill Retake ရလဒ်များကိုလည်း ထိုနည်းအတိုင်းပင် လက်ခံရယူနိုင်ပါမည်။ ဤရယူအသုံးပြုခွင့်အတွက် စာရင်းသွင်းထားခြင်းမရှိသော အဖွဲ့အစည်းတိုင်းသည် ရလဒ်များကို ၎င်းတို့၏ လျှောက်ထားသူများထံမှ တိုက်ရိုက် ရယူနိုင်သည် သို့မဟုတ် IELTS ရလဒ်များကို အီလက်ထရောနစ်နည်းလမ်းဖြင့် ပို့ပေးရန် တောင်းဆိုနိုင်သည်။  

စာရင်းသွင်းထားသော အဖွဲ့အစည်းများသည် ကျွန်ုပ်၏ ရမှတ်များကို စိစစ်အတည်ပြုနိုင်ပါသလား?   

သင်လျှောက်ထားသည့် ပညာရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် အဖွဲ့အစည်းများသည် သင်၏ IELTS One Skill Retake စာမေးပွဲအစီရင်ခံစာဖောင်ကို အီလက်ထရောနစ်ပုံစံဖြင့် လက်ခံရရှိပါမည်။ အဖွဲ့အစည်းများအနေဖြင့်လည်း သင်၏ IELTS ရမှတ်များမှန်ကန်ကြောင်း အတည်ပြုရန် IELTS ရလဒ်များ စိစစ်အတည်ပြုရေး ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ 

British Council တွင် IELTS One Skill Retake စာမေးပွဲကိုဖြေဆိုရန် ကြိုတင်စာရင်းပေးသွင်းပါက IELTS Ready Premium ကို အသုံးပြုခွင့်ရမလား?

“IELTS Ready Premium” သည် IELTS အတွက် ပိုကောင်းစွာ ကြိုတင်ပြင်ဆင်ထားနိုင်ရန် တစ်ဦးချင်းအတွက် သင့်တော်သော ရင်းမြစ်များကို ပံ့ပိုးပေးသည့် ပလက်ဖောင်းတစ်ခုဖြစ်သည်။ British Council တွင် IELTS စာမေးပွဲဖြေဆိုသူတိုင်းအတွက် ၎င်းကို အခမဲ့ သီးသန့်ရရှိနိုင်ပါသည်။

British Council တွင် IELTS One Skill Retake စာမေးပွဲ ဖြေဆိုရန် ကြိုတင်စာရင်းသွင်းသည့်အခါ အခမဲ့ သုံးစွဲခွင့် ရရှိပါမည်။ ယခုအခါ သင်ရမှတ်ပိုကောင်းလိုသည့် စွမ်းရည်အပိုင်း အတိအကျကိုသာ အာရုံစိုက်၍ လေ့ကျင့်နိုင်ပြီဖြစ်သည်။ 

 

IELTS One Skill Retake မှာ Register ပြုလုပ်ပြီးသား Skill Section တစ်ခု ကနေ တစ်ခု ကို ပြောင်းလို့ရလား?

ရပါသည်။ ဥပမာ - Writing Section အတွက် IELTS One Skill Retake ကို ပြုလုပ်ပြီး Speaking Section ကိုပြောင်းလိုလျှင် လက်ရှိ ရွေးချယ်ထားသည့် Writing Section အတွက် Booking ကို ဦးစွာ Cancel ပြုလုပ်ရမှာဖြစ်ပြီး Test အသစ်ကို ပြန်လည် ရွေးချယ်ရမှာဖြစ်ပါသည်။ Register ပြုလုပ်ပြီးသည့် IELTS One Skill Retake ဖြေဆိုရန် အကြောင်းကြောင်း ကြောင့်လွတ်ချော်သွားလျှင် နောက် တစ်ကြိမ် IELTS One Skill Retake အတွက် ထပ်မံ Book ပြုလုပ်နိုင်ပါသည်။ Cancellation Policies နှင့် Administration Fees  များအပိုစောင်းရှိနိုင်ပါသည်။ အသေးစိတ်ကို သက်ဆိုင်ရာ British Council Myanmar ၏ Customer Service ဌာန 09-940 0700 99 (သို့) mmieltsadmin@mm.britishcouncil.org သို့ မနက် (၉) နာရီမ ညနေ (၅) နာရီ အတွင်း နေ့စဉ် ဆက်သွယ်ခေါ်ဆိုမေးမြန်နိုင်ပါသည်။ 

IELTS One Skill Retake ဖြေဆိုဖို့ ရက် လွတ်ချော်သွားလျှင်ထပ်မံ Booking/Register ပြုလုပ်လို့ ရရှိနိုင်ပါသလား?

ရရှိနိုင်ပါသည်။ IELTS One Skill Retake ကို ကနဦး Book လုပ်ပြီး အကြောင်းကြောင်းကြောင့် လာရောက်ဖြေဆိုနိုင်ခြင်းမရှိ ခဲ့လျှင်  IELTS One Skill Retake Testကို နောက်တစ်ကြိမ် ထပ်မံ  Booking/Register ပြုလုပ် နိုင်ပါသည်။ ဒါ့အပြင် မိမိကြိုက်နှစ်သက်ရာ Reading,Writing,Listening,Speaking ထဲက ကနဦး Booking ပြုလုပ်ခဲ့သော မတူညီသည့် Test Section ကိုပြန်လည်ရွေးချယ်ဖြေဆိုနိုင်ပါသည်။ သို့သော် IELTS One Skill Retake ကို ဦးစွာ ဖြေဆိုခဲ့သည့် IELTS on Computer test Full Test (4 Skills) ဖြေဆိုပြီး ရက် (၆၀) အတွင်း ဖြေဆိုရပါမည်။ IELTS One Skill Retake တစ်ခါဖြေဆိုပြီးလျှင် နောက် တစ်ကြိမ် One Skill Retake ကို ဖြေဆိုလို့မရရှိနိုင်ပါ။

သက်တမ်းကုန်ဆုံးနေ့သည့် ID နှင့် IELTS One Skill Retake ကို Register ပြုလုပ်ပြီးဖြေဆိုနိုင်ပါသလား?

သက်တမ်းကုန်ဆုံးနေသည့် ID နှင့် IELTS One Skill Retake ကို Register ပြုလုပ်ပြီးဖြေဆိုလို့မရရှိနိုင်ပါ။ IELTS One Skill Retake ဖြေဆိုလျှင် ကနဦး IELTS Full Skills (4 Skills) ဖြေဆိုရန် Register ပြုလုပ်ထားသော တူညီသည့် ID ကိုသာ အသုံးပြုပြီး Register ပြုလုပ်ရမှာ ဖြစ်ပါသည်။ ထို ID သည်လည်း သက်တမ်း ကုန်ဆုံးထားခြင်းမရှိရသည့် တရားဝင် ID ဖြစ်ရပါမည်။ ကနဦး IELTS Full Skills (4 Skills) ဖြေဆိုပြီး ထို Register ပြုလုပ်ထားသည့် ID မှာ သက်တမ်းကုန်ဆုံးခဲ့လျှင် IELTS One Skill Retake ကို Booking/Register ပြုလုပ်ရန်လက်ခံတော့မည်မဟုတ်ပါ။ IELTS One Skill Retake ဖြေဆိုသူများအနေနှင့် ထိုသို့ မလိုလားအပ်သော ကိစ္စရပ်မျိုးမှ ရှောင်ကြဉ်နိုင်ရန် IELTS One Skill Retake ကို မိမိတို့ ID သက်တမ်းမကုန်ဆုံးခင် ဖြေဆိုပါရန် အကြံပေးအပ်ပါသည်။

 British Council နဲ့ အတူ IELTS ဖြေဆိုသူများ အတွက် သင်ထောက်ကူအနေနဲ့  IELTS Ready premium_ Exam Preparation E-Platform ကို အခမဲ့ ပေးအပ်သွားမှာဖြစ်ပါသည်။ ထို e-platform တွင် ကိုယ်တိုင်စိတ်ကြိုက် စီမံနိုင်မည့် Study Plan များ၊ အစမ်းမေးခွန်း များ နှင့် နမူနာအဖြေများ၊ Practice Test အများ အပြင် အခမဲ့ တတ်ရောက်နိုင်မည့် အွန်လိုင်းသင်တန်း masterclasses များ ပါဝင်မှာဖြစ်ပါသည်။

မျှဝေပါ