IELTS Academic ကို သင့်နေအိမ်တွင် ဖြစ်စေ အခြားသော တိတ်ဆိတ်ငြိမ်သက်သည့်နေရာတွင်ဖြစ်စေဖြေဆိုမည်ဆိုလျှင် IELTS Online စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ရမည့် လိုအပ်သည့်အချက်အလက်များကို ဤ လင့်ခ် တွင် အသေးစိတ် လေ့လာနိုင်ပါသည်။
အောက်ဖော်ပြပါ အချက်အလက်များသည် IELTS ကို စာစစ်ဌာနများ တွင်ဖြေဆိုရန်လိုသည့် အချက်အလက်များသာဖြစ်ပါသည်။
IELTS ဖြေဆိုမည့်နေ့အတွက် အချက်အလက်နှင့်အကြံဥာဏ်
သင်၏ IELTS စာမေးပွဲနေ့အတွက် သိရှိလိုသည့် မေးခွန်းများရှိနိုင်ပါသည်။ ဥပမာ - IELTS စာမေးပွဲ၏ ကြာချိန်၊ နှုတ်ဖြေနေ့သည် အခြားသော အရေး၊အဖတ်၊အကြား အရည်အချင်းများ စစ်ဆေးပေးသည့်စာမေးပွဲနှင့် တစ်ရက်တည်းဖြစ်နိုင်လည်း မဖြစ်နိုင်ခြင်း အစရှိသည့်မေးခွန်းများရှိနိုင်ပါသည်။ IELTS ဖြေဆိုမည့်နေ့တွင် အဆင်အပြေဆုံး ဖြစ်စေရန် အချက်အလက်၊ အကြံဥာဏ်အချို့ကို စုစည်းတင်ပြထားပါသည်။
IELTS စာမေးပွဲဖြေဆိုရန် အချိန်မီ သွားရောက်ရပါမည်။ စာမေးပွဲ စတင်ချိန်ကို သိစေရန် အီးမေးလ်ဖြင့် အနည်းဆုံး သုံးရက်ကြိုတင် ပေးပို့ထားပါမည်။ ဖြေဆိုမည့်နေ့အတွက် လုပ်ထုံးလုပ်နည်းနှင့် အချိန်သတ်မှတ်ချက်တို့ကို အီးမေးလ်တွင် ပေးထားပါမည်။ နောက်ကျမှ ရောက်ရှိလာလျှင် ဖြေဆိုခွင့် ပြုမည်မဟုတ်ပါ။
ကိုယ်အင်္ဂါချို့ယွင်းမှု သို့မဟုတ် အခြားအကြောင်းကြောင့် အထူးအစီစဉ်ကို တောင်းဆိုထားလျှင် ဖြေဆိုမည့်နေ့တွင် အဆင်ပြေအောင် ဆောင်ရွက်ပေးပါမည်။ ဖြေဆိုမည့် ဌာနရှိ မိမိတို့ ၀န်ထမ်းများအား သီတင်းပတ် ခြောက်ပတ်ကြိုတင် ဆက်သွယ်ပါ။
စကားပြော စစ်ဆေးမှုကို စာမေးပွဲ၏အခြားအပိုင်းများနှင့် တစ်နေ့တည်း သော်လည်းကောင်း၊ သီတင်းပတ် တစ်ပတ်ကြို/တစ်ပတ်နောက်ကျ၍သော်လည်းကောင်း လုပ်ဆောင်နိုင်ပါသည်။ အဓိက IELTS စာမေးပွဲနေ့နှင့် နှုတ်ဖြေ စစ်ဆေးမည့်နေ့ မတူလျှင် ကြိုတင် အသိပေးပါမည်။
စာမေးပွဲမဖြေဆိုမီ အဆင်သင့်ပြင်ပြီး တစ်ခုခု စားသောက်ထားပါ။ IELTS စာမေးပွဲခန်းအတွင်းသို့ ယူဆောင်လို့ရနိုင်မည့်ပစ္စည်းများနှင့် ပတ်သက်၍ စာမေးပွဲခန်းအတွင်း အစားအစာ ယူဆောင်ခွင့်မပြုပဲ ရေကိုလည်း ဗူးအကြည်ဖြင့်သာ သယ်ခွင့်ပြုပါမည်။