IELTS Online ဆိုတာ ဘာလဲ? ဘယ်လိုဖြေဆိုလို့ရနိုင်မလဲ?
IELTS Academic test ကိုဖြေဆိုလိုလျှင် မိမိ နေအိမ်တွင်ဖြစ်စေ (သို့) မိမိကြိုက်နှစ်သက်ရာ အင်တာနက်ကောင်းမွန်သော မည်သည့်နေရာတွင်မဆို ဖြေဆိုနိုင်ပါသည်။ စာမေးပွဲမေးခွန်းပုံစံ နှင့် အချိန်ကန့်သတ်ချက်မှာ ပုံမှန် Test Centre များ၌ ဖြေဆိုရသည့် IELTS Academic Test နှင့် ပုံစံတူညီမှုရှိပြီး နှုတ်ဖြေ (Speaking Test) ကိုတော့ IELTS examiner နှင့် ဗီဒီယို ဖုန်း ဖြင့်ခေါ်ဆို ဖြေကြားရမှာဖြစ်ပါသည်။ IELTS Online ကို မိမိ၏ ကွန်ပျူတာ (သို့)လက်ပ်ပတော့ ဖြင့် ဖြေဆိုနိုင်ပါသည်။ IELTS Online သည် လူသား နှင့် ကွန်ပျူတာနည်းပညာ (Artifical Intelligence) တို့ဖြင့် ထိန်းကြပ်ထားသော အွန်လိုင်းစာမေးပွဲတစ်ခုဖြစ်ပါသည်။ IELTS Online မဖြေဆိုမည် Inspera Exam Portal ဆော့ဖ်ဝဲ ကို ဦးစွာပထမ မိမိစာမေးပွဲဖြေဆိုရန်အသုံးမည့် ကွန်ပျူတာ/လက်ပ်ပတော့ အတွင်းသို့ သွင်းထားရပါမည်။ ထို ဆော့ဖ်ဝဲ ကို စာမေးပွဲရက် (၁) ရက်မတိုင်မီ ကြိုတင်ထည့်သွင်းစမ်းသပ်ထားပေးရန် အကြံပြုလိုပါသည်။ ဆော့ဖ်ဝဲ ကို download ပြုလုပ်ရန် လင့်ခ် ကိုလည်း Email နှင့်တကွ ပေးပို့ပေးထားပါမည်။
ဖော်ပြပါ အညွှန်းဗီဒီယိုများ တွင်လည်း IELTS Online Test အတွက် အသုံးဝင်မည့် ပြင်ဆင်ပုံများကိုတစ်စုတစည်းထဲ လေ့လာနိုင်ရန် စုစည်းဖော်ပြပေးထားပါသည်။ ထိုဗီဒီယိုများတွင် ဖြေဆိုရမည့် Module/Test Section အလိုက် စာမေးပွဲ စားပွဲခုံနှင့် ဧရိယာအတွင်း ပြင်ဆင်ပုံများ၊ ကွန်ပျူတာ (သို့) လက်ပ်ပတော့ ၏ မျက်နှာပြင် (Screen) အနေအထားချိန်ညှိပုံများ နှင့် Test ဆော့ဖ်ဝဲ အလုပ်လုပ်ပုံများကို ရှင်းလင်းပြသထားပါသည်။
စာမေးပွဲအမှတ်စာရင်း
IELTS Online Test အတွက် အမှတ်စာရင်းကို ဖြေဆိုပြီး ၆ ရက်နေ ၈ ရက်အတွင်း ရရှိနိုင်ပါသည်။
အသိအမှတ်ပြု ပညာရေးအဖွဲ့အစည်းများ
IELTS Online ကို နိုင်ငံတကာ တက္ကသိုလ်များ နှင့် ပညာရေးအဖွဲ့အစည်းပေါင်းမြောက်များစွာမှ အသိအမှတ်ပြုထားပါသည်။
IELTS Online Test မဖြေဆိုမီ မိမိလျှောက်ထားလိုသည့် တက္ကသိုလ်(သို့)ပညာရေးအဖွဲ့အစည်းသို့ တိုက်ရိုက်မေးမြန်းအတည်ပြုရန်အကြံပြုလိုပါသည်။
IELTS Online test သည် လူဝင်မှုကြည့်ကြပ်ရေး (immigration authorities) လုပ်ငန်းစဉ်များလျှောက်ထားမှု အတွက် အကျုံးမဝင်ပါ။
အဓိက လိုအပ်ချက်များ
- အသက် (၁၈) နှစ်နှင့်အထက်ရှိပြီးသူ
- တရားဝင် Passport ကိုင်ဆောင်ထားသူ
- အလင်းရောင်ကောင်းမွန်စွာရရှိသော သီးသန့်အခန်း
- (၂)နာရီ (၅၀) မိနစ်အတွင်း အနှောက်အယှက်ကင်းရှင်းသော အချိန်အပိုင်းအခြား
- ကောင်းမွန်သော အင်တာနက်ကွန်နက်ရှင်လိုင်း (Download Speed - 2Mbps/ Upload Speed- 1 Mbps ရှိရန် အကြံပြုလိုပါသည်)
- စာမေးပွဲဖြေဆိုရန် Desktop ကွန်ပျူတာ (သို့) လက်ပ်ပတော့ (Laptop) (ဖုန်း/tablet များဖြင့်ဖြေဆို၍မရပါ)
- စာမေးပွဲအတွက် Check-in ပြုလုပ်ရာတွင် tablet/ဖုန်း များအနီးနားတွင် မရှိစေရန် သတိပြုပါ
- စာမေးပွဲမဖြေဆိုမီ (၁)ရက် အလို တွင် Inspera Exam Portal အက်ပလီကေးရှင်းကို Download လုပ်ရန်
နည်းပညာဆိုင်ရာလိုအပ်ချက်များ
Windows နှင့် Mac ကွန်ပျူတာ များတွင် IELTS Online ကိုဖြေဆိုနိုင်ပါသည်။
IELTS Online Test ကိုမဖြေဆိုမီ အောက်ပါ နည်းပညာဆိုင်ရာလိုအပ်ချက်များကို စစ်ဆေးရန်အကြံပြုလိုပါသည်။
- အင်တာနက်ကွန်နက်ရှင်အမြန်နှုန်း
- ကွန်ပျူတာ မော်ဒယ် နှင့် ၎င်း၏လုပ်ဆောင်ချက်များ
- Inspera Exam Portal အား Download ပြုလုပ်ရန်
- Internet browser အား ကြိုတင် Update ပြုလုပ်ထားရန်
- နည်းပညာဆိုင်ရာလိုအပ်ချက်များကိုလည်း Take IELTS ဝက်ဘ်ဆိုဒ် တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။
လုံခြုံရေး လိုအပ်ချက်များ
တိကျခိုင်မာသော လုံခြုံရေး ဆောင်ရွက်မှုများသည် IELTS အတွက် လွန်စွာအရေးကြီးပါသည်။ထို့ကြောင့် IELTS online test အတွက်လည်း လုံခြုံရေးစည်းမျဉ်းစည်းကမ်းအချို့ကို အောက်ပါအတိုင်းထားရှိထားပါသည်။
ID များစစ်ဆေးမှု - လူသားနှင့် (သို့) မျက်နှာအမှတ်အသားစစ်ဆေးခြင်း (Face Recognition) ဆော့ဖ်ဝဲ ဖြင့် စစ်ဆေးမှုများရှိပါသည်။
လုံခြုံသော ပတ်ဝန်းကျင်ရှိမှု - Test စတင်သည်နှင့်တပြိုင်တည်း မိမိအသုံးပြုနေသော စာမေးပွဲ browser မှအပ အခြားသော browser များ၊Platform များကို ဝင်ရောက်အသုံးပြုခွင့်မရရှိနိုင်ပါ။
Test ပြီးဆုံးလျှင် IELTS Exam Portal ကိုဖျက်ပစ်နိုင်ပါသည်။
IELTS Online အတွက်ပြင်ဆင်ခြင်း
IELTS Online စာမေးပွဲ ဖြေဆိုပုံ နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အခမဲ့ လေ့ကျင့်ခန်းများ နှင့် ပုံစံတူစာမေးပွဲမေးခွန်းများ ကို လေ့ကျင့်ပြင်ဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ အခြားသော အခမဲ့ ရရှိနိုင်သော လေ့ကျင့်ခန်းများ ကိုလည်း လင့်ခ် မှာ ဝင်ရောက်လေ့ကျင့်နိုင်ပါသည်။
IELTS Online အကြောင်း အမေးများသော မေးခွန်းများ
မြန်မာနိုင်ငံရှိ IELTS Online နှင့်ပတ်သက်၍ သိရှိလိုသည်များကို ဤနေရာတွင် ဖတ်ရှုပါ