IELTS စာမေးပွဲပြင်ဆင်မှုကို ယနေ့ပဲ စတင်လိုက်ပါ။

ဗြိတိသျှကောင်စီမှ အခမဲ့အထောက်အကူပြုလေ့ကျင့်ခန်းများဖြင့် IELTS စာမေးပွဲအတွက် ပြင်ဆင်ပါ။ ပြင်ဆင်ရေးစာအုပ်၊ လူတွေ့သင်တန်း၊ နှီးနှောဖလှယ်ပွဲ၊ ဆွေးနွေးပွဲများအပြင် ဗီဒီယိုနဲ့ အွန်လိုင်းသင်ခန်းစာများကို အောက်တွင် တွေ့ရပါမည်။ သင်နှင့် သင့်တော်မည့် ပြင်ဆင်ရေးစာရွက်စာတမ်းများကို ရွေးချယ်ပြီး ယနေ့ပင် IELTS စာမေးပွဲအတွက် ပြင်ဆင်လိုက်ပါ။

IELTS ပြင်ဆင်ရေး စာရွက်စာတမ်း၊ သင်တန်းများ

Road to IELTS

British Council၏ IELTSကျွမ်းကျင်ပညာရှင်များ ဒီဇိုင်းဆွဲပြုစုထားသည့် Road to IELTSသည် IELTS တွင် အကဲဖြတ်သော skill ၄မျိုးဖြစ်သည့် Listening ၊ Reading ၊ Writingနှင့် Speakingတို့အား လွှမ်းခြုံမိ သော အွန်လိုင်းပေါ်မှ အခမဲ့ ပြင်ဆင်လေ့ကျင့်မှုကို ပေးစွမ်းလျက်ရှိပါသည်။

IELTS webinars

ကျွန်ုပ်တို့ IELTS webinar တွေမှာ စွမ်းရည်(၄)မျိုး (4-skills) အားလုံးတွင် ခေါင်းစဥ်များစွာကိုကျယ်ပြန့်စွာပါဝင်မှာဖြစ်ပါတယ်။ အခမဲ့ IELTS webinar နှင့် လေ့ကျင့်ရေးပစ္စည်းများအတွက် ယခုပဲစာရင်းပေးလိုက်ပါ။

အစမ်းလေ့ကျင့်ဖြေဆိုရန်စာမေးပွဲဒေါင်းလုတ်လုပ်ရန်

အခမဲ့ IELTS အစမ်းစာမေးပွဲများ ဖြင့် သင်မျှော်မှန်းသည့် band score ရအောင်လေ့ကျင့်ပြင်ဆင်လိုက်ပါ။  offline အနေဖြင့် လေ့ကျင့်လိုလျှင် စာမေးပွဲများ၊ အဖြေလွှာအလွတ်များ၊ မိတ်ဆက်စာမျက်နှာများတွင်ဖော်ပြထားသော listening အပိုင်းများ နှင့် အဖြေများကို ဒေါင်းလုတ်ပြုလုပ် နိုင်ပါသည်။

Understanding IELTS အခမဲ့အွန်လိုင်းသင်တန်း

၁၂ ပါတ်ကြာမြင့်မည့် IELTS အွန်လိုင်းသင်တန်းတွင် Listening, Reading, Writing နှင့် Speaking စာမေးပွဲကဏ္ဍတစ်ခုချင်းကို လေ့လာနိုင်မှာဖြစ်ပြီး အပိုင်းတစ်ခုစီအတွက် သင်တန်းတစ်ခုကို ၃ ပါတ်ကြာပါမည်။

IELTS စာမေးပွဲအတွက် ပြင်ဆင်ခြင်း သင်တန်း

IELTS စာမေးပွဲသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး အသိအမှတ် ပြုခြင်းခံထားရသည့် အင်္ဂလိပ်စာ ကျွမ်းကျင်မှုစာမေးပွဲဖြစ်ပြီး ကမ္ဘာအနှံ့ရှိ တက္ကသိုလ်များက လက်ခံကြပါသည်။

မျှဝေပါ