ကျွန်ုပ်တို့သည် အခြားစာမေးပွဲ ဝန်ဆောင်မှုပေးသူများထက် ပို၍များသော အခမဲ့နှင့် အဆင့်မြင့်IELTS ကြိုတင်ပြင်ဆင်မှုများကို ပံ့ပိုးပေးခြင်းဖြင့် သင်လိုချင်သည့် IELTS ရမှတ်ကို ရရှိရန် ကူညီပေးပါသည်။ ကျွန်ုပ်တို့နှင့်ဆိုလျှင် စာမေးပွဲဖြေမည့်ရက်အတွက် ယုံကြည်စိတ်ချပြီး လုံးဝအဆင်သင့်ဖြစ်စေမည့် အကောင်းဆုံး နည်းလမ်းများနှင့် အသိပညာများကို သင်ရရှိပါမည်။

အခမဲ့ရရှိနိုင်သော အွန်လိုင်း IELTS ကြိုတင်ပြင်ဆင်မှု အရင်းအမြစ်များနှင့် အစမ်းစာမေးပွဲများ- IELTS Ready နှင့် Premium

IELTS Ready သည် စာမေးပွဲဖြေဆိုရန် ကြိုတင်စာရင်းသွင်းထားခြင်းမရှိသူများအတွက်ပါ အခမဲ့ရရှိနိုင်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ IELTS Ready Premium ကိုလည်း အခမဲ့ရရှိနိုင်ပါသည်၊ သို့သော် IELTS စာမေးပွဲဖြေဆိုရန် British Council တွင် ကြိုတင်စာရင်းသွင်းပြီးမှသာ အသုံးပြုနိုင်မည်။ 

IELTS Ready နှင့် IELTS Ready Premium တို့မှ ရရှိနိုသော အရာများ-

IELTS Ready
IELTS Ready Premium

IELTS စာမေးပွဲဖြေရန် ကြိုတင်စာရင်းမသွင်းဘဲ လူတိုင်းအခမဲ့ ဝင်ရောက်သုံးစွဲနိုင်သည်

ကြိုတင်စာရင်းသွင်းပြီး အခမဲ့ဝင်ရောက်သုံးစွဲနိုင်သည်

ဤအဆင့်မြင့် သီးသန့်ကြိုတင်ပြင်ဆင်မှု ကမ်းလှမ်းချက်ကို အကျိုးရှိရှိ အသုံးချရန် ကြိုတင်စာရင်းသွင်းပါ။

  • AI Feedback နှင့် Band Score
    အကြမ်းဖျင်း ကိုသိရှိနိုင်မည့် မိနစ် (၅၀) စာ Mini Mock Test ပါဝင်ခြင်း
  • Feedback နှင့် နမူနာ အဖြေများပါဝင်သည့် IELTS Mock Tests အပြည့်အစုံ (၂) စုံပါဝင်ခြင်း
  • IELTS Skills နှင့် မေးခွန်းပုံစံများအတွက် သင်ခန်းစာ လေ့ကျင့်ခန်း အတို များပါဝင်ခြင်း
  • Podcasts၊ Live Webinars နှင့် အခြားအင်္ဂလိပ်စာလေ့ကျင့်ခန်း အရင်းအမြစ်များပါဝင်ခြင်း
  • ဖြေဆိုသူနှင့် ကိုက်ညီသော လေ့လာမှုအစီအစဉ်
  • အပြည့်အစုံ လက်တွေ့လေ့ကျင့်ရေး စာမေးပွဲပေါင်း 40 ခု
  • စာမေးပွဲ၏ အပိုင်းလေးခုစလုံးအတွက် Academic exam 25 ခုနှင့် General exam 15 ခု ရနိုင်သည် 
  • တိုက်ရိုက်နှင့် ကြိုတင်ရိုက်ကူးထားသော သင်ခန်းစာများ
  • စာမေးပွဲဖြေဆိုသူများ၏ အရည်အချင်းနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော လေ့ကျင့်ခန်း မေးခွန်းများ
  • reading၊ writing နှင့် listening တွင် စာမေးပွဲဖြေသူများ ပိုကောင်းစွာ ဖြေဆိုနိုင်ရန် ပြည့်စုံသော လမ်းညွှန်မှုနှင့် စံနမူနာအဖြေများ
  • မိုဘိုင်းဖုန်းဖြင့်လည်း အသုံးပြုနိုင်သည်

IELTS Ready အတွက်
စာရင်းသွင်းပါ

IELTS Ready Premium ကိုရရှိရန် British Council တွင် IELTS ဖြေဆိုရန် ကြိုတင်စာရင်းသွင်းပါ

IELTS Ready ကြိုတင်ပြင်ဆင်မှု အရင်းအမြစ်များကို အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ-

ကျွန်ုပ်တို့၏ IELTS Ready လေ့လာမှု အရင်းအမြစ်များဖြင့် သင်သည် IELTS စာမေးပွဲကဏ္ဍအားလုံးပါသည့် အကြောင်းအရာများစွာကို ဝင်ရောက်ကြည့်ရှုနိုင်သည်။ သင်လိုချင်သည့် IELTS ရမှတ်ကို ရရှိရန် သင့် skill များကို စစ်ဆေးပြီး တိုးတက်အောင် ကူညီပေးမည့် grammar နှင့် vocabulary လေ့ကျင့်ခန်းများမှသည် ပြီးပြည့်စုံသော reading နှင့် listening လက်တွေ့ သင်ခန်းစာများအထိ အရင်းအမြစ်များစွာ ပါရှိသည်။

ကျွန်ုပ်တို့၏ လေ့လာမှု အရင်းအမြစ်များအပြင် တကယ့် IELTS စာမေးပွဲတွင် တွေ့မြင်ရမည့် task များနှင့်အလွန်ဆင်တူသည့် လက်တွေ့လေ့ကျင့်ခန်းများစွာကိုလည်း စီစဉ်ပေးထားပါသည်။ 

ဖြေဆိုရမည့် စာမေးပွဲပုံစံနှင့် ကြာချိန်ကို ရင်းနှီးအောင် ပြုလုပ်ထားခြင်းဖြင့် သင်၏ အားသာချက်များနှင့် အားနည်းချက်များကို ဖော်ထုတ်နိုင်ကာ ထိရောက်စွာ ကြိုတင်ပြင်ဆင်ရန် ကူညီပေးပါသည်။

သင်၏ IELTS ကြိုတင်ပြင်ဆင်မှုကို နောက်တစ်ဆင့်တက်လိုပါက ကျွန်ုပ်တို့၏ အဆင့်မြင့်အတန်းများသည် အသေးစိတ်လမ်းညွှန်မှုနှင့် ဗျူဟာများကို ပို့ချပေးပါသည်။ ဝါရင့် IELTS နည်းပြဆရာများက ဦးဆောင်သော ဤအတန်းများသည် စာမေးပွဲ၏ သီးခြားအပိုင်းတစ်ခုစီကို အသေးစိတ်လေ့လာပြီး သင့် skill များနှင့် တွေးခေါ်ချဉ်းကပ်ပုံကို ပိုကောင်းအောင် ကူညီပေးပါမည်။ 

မျှဝေပါ