အမျိုးသမီးသည် British Council မှ IELTS စာမေးပွဲအတွက် အခမဲ့ အစမ်းမေးခွန်းများကို သူမ၏ လပ်တော့ဖြင့် ဒေါင်းလုဒ်လုပ်နေသည်။

စာမေးပွဲနေ့မတိုင်မီ IELTS on Computer ဖြေဆိုနည်း အတွေ့အကြုံကို ရယူပြီး တကယ်စာမေးပွဲနေ့ အတိုင်းအတွေ့အကြုံကိုရယူပါ။ 

Familiarisation Test ကိုလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးများ-

  • IELTS on Computer test အစ အဆုံးကို ရယူပြီး - တကယ့် IELTS စာမေးပွဲ၏ Listening, Reading နှင့် Writingး ပါဝင်သည့် ၂နာရီ မိနစ် (၃၀) စာမေးခွန်းများကို ရယူပါ။
  • Academic နှင့် General Training အစမ်းစာမေးပွဲများ ဖြေဆိုနိုင်ပြီး တကယ့်စာမေးပွဲအတွေ့အကြုံတိုင်းလေ့ကျင့်နိုင်ပါပြီ။ 
  • Listening နဲ့ Reading အတွက် ရလဒ်ကို အီးမေလ်းသို့ အခမဲ့ ပို့ပေးပါသည်။
  • ဤအစမ်းစာမေးပွဲကို မိမိ စိတ်ကြိုက် ရွေးချယ်ဖြေဆိုနိုင်ပါသည်။ ဗြိတိသျှကောင်စီ ရှိ အခမဲ့ အစမ်းစာမေးပွဲများတွင် 'Finish Section' ခလုတ်ပါရှိပါသည်။ စာမေးပွဲတွင် Section ကဏ္ဍ တစ်ခုစီတိုင်းမှ မျှော်လင့်ထားသည့်မေးခွန်းပုံစံများကိုသိရှိထားလျှင် နောက် Section ကဏ္ဍ တစ်ခုသို့ အမြန်ဆုံးရှေ့ဆက်ဖြေဆိုသွားနိုင်ပါသည်။  
  • IELTS Familiarization test ကို နေရာမရွေး၊ အချိန်မရွေးအခမဲ့ ဖြေဆိုနိုင်ပါသည်။ ကြိုတင်စာရင်းသွင်းခြင်း လုပ်ဆောင်ရန် မလိုအပ်ပါ။
  • ဤအခမဲ့ အစမ်းမေးခွန်းများကို ကွန်ပျူတာ၊ တက်ဘလက် သို့မဟုတ် မိုဘိုင်းလ်ဖုန်းတွင် အသုံးပြုနိုင်သည်။ အကောင်းဆုံးလေ့ကျင့်မှုအတွက် ဖန်သားပြင်အကြီးဖြင့် ကွန်ပျူတာတွင် အသုံးပြုရန် အကြံပြုပါသည်။ ၎င်းကြောင့်တကယ့်စာမေးပွဲအတွေ့အကြုံအတိုင်းရရှိနိုင်ပြီး စာမေးပွဲကို ယုံကြည်မှုရှိရှိဖြေဆိုနိုင်ရန်အကောင်းဆုံးပြင်ဆင်ပေးနိုင်ပါသည်။
မျှဝေပါ