IELTS ကျောင်းသားသည်မြန်မာနိုင်ငံ၏ IELTS စာမေးပွဲနေရာများကိုမြေပုံတွင်ကြည့်နေသည်

၂၀၂၅ သြဂုတ်လ (၂၅)ရက် မှ စတင်ပြီး ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံအတွက် IELTS စာမေးပွဲကြေးများအား ဘဏ်မှ တဆင့်လည်းကောင်း၊ POS payments မှ တဆင့်လည်းကောင်း လက်ခံမည်မဟုတ်ပါ။ ယင်းရက်မှ စတင်ပြီး အမေရိကန်ဒေါ်လာ ဖြင့်သာ အွန်လိုင်းမှ တဆင့်ပေးချေရမည်ဖြစ်သည်။ 

 

ဗြိတိသျှကောင်စီ နဲ့အတူ IELTS ကိုအကောင်းဆုံးပြင်ဆင်လိုက်ပါ။ကွန်ပျူတာနဲ့ ဖြေဆိုရသော IELTS စာမေးပွဲများအတွက် ၁ရက် မှ ၅ရက် အတွင်း ရလဒ်ကိုသိရှိနိုင်ပါပြီ။

မြန်မာနိုင်ငံရှိ ‌ဗြိတိသျှကောင်စီသည်  IELTS စာမေးပွဲများကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တို့တွင် အစဉ်မပြတ်ကျင်းပပြုလုပ်ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ တရားဝင်စာမေးပွဲစင်တာများတွင် စာရွက်‌‌ဖြင့် ‌ဖြေဆိုရသော IELTS နှင့် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS များပြုလုပ်ပေးတာ‌ကြောင့် သင့်အတွက် မည်သည့်စာ‌မေးပွဲသည် အကောင်းဆုံးဖြစ်သည်ကိုရှာဖွေ ရွေးချယ်ပါ။ 

လက်ရှိတွင် ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS စာမေးပွဲများနှင့်အဖြေလွှာစာရွက်ဖြင့်ဖြေဆိုရသော IELTS စာမေးပွဲများကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင်ဖြေဆိုနိုင်ပါသည်။ 

IELTS အွန်လိုင်း စာမေးပွဲ ကိုရွေးချယ်၍လည်း  မိမိနေအိမ် (သို့) မိမိကြိုက်နှစ်သက်ရာ အင်တာနက်ကောင်းမွန်သော မည်သည့်နေရာတွင်မဆို IELTS Acadamic ကိုဖြေဆိုနိုင်ပါသည်။

မြန်မာနိုင်ငံ အတွင်းရှိ IELTS စာမေးပွဲကြေးများ

စာမေးပွဲအမျိုးအစား စာမေးပွဲကြေး  စာရင်းပေးရန် 
IELTS on Computer (Academic) - in a test centre  ၂၁၀ ဒေါ်လာ

စာရင်းပေးရန်

IELTS on Paper (Academic) - in a test centre ၂၁၀ ဒေါ်လာ

စာရင်းပေးရန်

IELTS on Computer (General Training) - in a test centre ၂၁၀ ဒေါ်လာ

စာရင်းပေးရန်

IELTS on Paper (General Training) - in a test centre ၂၁၀ ဒေါ်လာ

စာရင်းပေးရန်

IELTS Academic Online - မိမိ နေအိမ် (သို့) ကြိုက်နှစ်သက်ရာ အင်တာနက်ကောင်းမွန်သော မည်သည့်နေရာတွင်မဆို ဖြေဆိုနိုင်ပါသည်  ၁၉၀ ဒေါ်လာ

စာရင်းပေးရန်

IELTS for UKVI on Computer (Academic) - in a test centre ၂၃၅ ဒေါ်လာ စာရင်းပေးရန် 
IELTS for UKVI on Paper (Academic) - in a test centre ၂၃၅ ဒေါ်လာ စာရင်းပေးရန် 
IELTS for UKVI on Computer (General Training) - in a test centre ၂၃၅ ဒေါ်လာ စာရင်းပေးရန် 
IELTS for UKVI on Paper (General Training) - in a test centre ၂၃၅ ဒေါ်လာ စာရင်းပေးရန် 
IELTS Life Skills (A1, A2 and B1) - in a test centre ၁၆၀ ဒေါ်လာ

စာရင်းပေးရန် 

IELTS စာမေးပွဲကြေးများသည် ကြိုတင်အသိပေးမှုမရှိပဲ ပြောင်းလဲသတ်မှတ်နိုင်ပါသည်။ ၂၀၂၅ သြဂုတ်လ (၂၅)ရက် မှ စတင်ပြီး ဗြိတိသျှကောင်စီသည် မြန်မာနိုင်ငံအတွက် IELTS စာမေးပွဲကြေးများအား ဘဏ်မှ တဆင့်လည်းကောင်း၊ POS payments မှ တဆင့်လည်းကောင်း လက်ခံမည်မဟုတ်ပါ။ ယင်းရက်မှ စတင်ပြီး အမေရိကန်ဒေါ်လာ ဖြင့်သာ အွန်လိုင်းမှ တဆင့်ပေးချေရမည်ဖြစ်သည်။ 

 

စာမေးပွဲကြေးတွင် ပြင်ဆင်မှုအတွက် material များ၊ လေ့ကျင့်ခန်းများ အခမဲ့ပါရှိပါသည်။

သတိပြုရန်

  • IELTS စာမေးပွဲကြေးများသည် ကြိုတင်အသိပေးမှုမရှိပဲ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။
  • အထက်ဖော်ပြပါ IELTS on Computer/Paper (Academic၊General Training၊ Life Skills (A1/A2/B1), UKVI) နှင့် IELTS Online စာမေးပွဲကြေးများအား ပြည်တွင်း/ပြည်ပဘဏ်များမှ ထုတ်ပေးသော နိုင်ငံတကာ ငွေလွှဲလက်ခံသည့် Credit (သို့မဟုတ်) Debit Card  (ဥပမာ - Visa, Mastercard, JCB နှင့်အခြားသော နိုင်ငံတကာမှ လက်ခံသည့် အွန်လိုင်းငွေပေးချေမှုအတွက်လက်ခံသည့်မည်သည့်ကတ်မဆို) ဖြင့်သာပေးချေနိုင်မည်ဖြစ်သည်။
  • ယင်းငွေလွှဲခြင်းအတွက် ငွေလှဲနှုန်းနှင့် ငွေလွှဲအခကြေးငွေများ သည် မိမိအသုံးပြုမည့် Credit/Debit ကတ်များ၏ ဘဏ်များပေါ်မူတည်ပါသည်။
  • အရေးယူပိတ်ဆို့ချက် များနှင့်သက်ဆိုင်သည့် ဘဏ်များ/ ငွေရေးကြေးရေးအဖွဲ့အစည်းများ နှင့်သက်ဆိုင်သည့် ကတ်များ အသုံးမပြုရန် သတိပြုအပ်ပါသည်။

 

မြန်မာနိုင်ငံ အတွင်းရှိ IELTS စာမေးပွဲကြေးများသည် ကြိုတင်အသိပေးမှုမရှိပဲ အပြောင်းအလဲဖြစ်နိုင်ပါသည်။ယူကေထံ ပြောင်းရွှေ့နေထိုင်ရန် ဗီဇာလျှောက်ထားခြင်းဖြစ်လျှင် ယူကေဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး (UKVI)အတွက် IELTS စာမေးပွဲကို ဖြေဆိုရန်လျှောက်ထားရမည်။ 

မြန်မာနိုင်ငံ အတွင်းရှိ IELTS စာမေးပွဲဖြေဆိုမည့်ရက်စွဲကို ရွေးချယ်ပါ။

သင်နှစ်သက်ရာ စာမေးပွဲနေရာနှင့်ရက်ကို ‌ရွေးချယ်ပါ။

မြန်မာနိုင်ငံမှာ IELTS စာမေးပွဲကို ဘယ်မှာဖြေရမလဲ။

အဖြေလွှာနှင့် ဖြေဆိုရသော (IELTS on paper)  စာမေးပွဲကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့တွင် ဖြေဆိုနိုင်ပြီး ကွန်ပျူတာနှင့် ဖြေဆိုရသော (IELTS on computer)  စာမေးပွဲကို လက်ရှိတွင် ရန်ကုန်၊မန္တလေး နှင့် နေပြည်တော်  မြို့ များတွင် ဖြေဆိုနိုင်မည် ဖြစ်ပါသည်။

အုပ်စုလိုက် စာရင်းပေးသွင်းခြင်း

သင်သည် ကျောင်း (သို့) အဖွဲ့အစည်းတစ်ခုခု မှဖြစ်ပြီး စာမေးပွဲဖြေဆိုရန် ကျောင်းသားစာရင်းအား အုပ်စုလိုက် စာရင်းပေးသွင်းမည် ဆိုပါက ဤ လင့်ခ် တွင် ဝင်ရောက် စာရင်းပေးသွင်းနိုင်ပါသည်။

မျှဝေပါ