ဗြိတိသျှကောင်စီ ပရဝဏ်အတွင်းသို့ ဝင်ရောက်သူများ၏ လုံခြုံရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအား မြှင့်တင်နိုင်ရန်အတွက် သက်မှတ်ထားသော အစီအမံများအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ ယခုကဲ့သို့ ဆောင်ရွက်ရာအတွက် အဆင်မပြေမှု အခက်အခဲတစ်စုံတစ်ရာရှိခဲ့ပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗြိတိသျှကောင်စီ ပရဝဏ်အတွင်းသို့ ဝင်ရောက်ပါက အောက်ပါအချက်များအား လိုက်နာရပါမည်။
၁။ ယူဆောင်လာသောအိတ်များအတွင်း လုံခြုံရေး အရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ လက်ခံရပါမည်။ လိုအပ်ပါက လုံခြုံရေးဝန်ထမ်းများမှ ဝင်ရောက်ခွင့်ပြု ရန်ငြင်းပယ်နိုင်ပါသည်။
၂။ အောက်ဖော်ပြပါ ကတ်ပြား (သက်တမ်းမကုန်သေးသည့်ကတ်) တစ်ခုခုအား လုံခြုံရေး ဝန်ထမ်းသို့ ပြရပါမည်။
(က) ဗြိတိသျှကောင်စီ စာကြည့်တိုက်အသင်းဝင်ကတ်ပြား
(ခ) ဗြိတိသျှကောင်စီသင်တန်းဌာန ကျောင်းသားကတ်/ မိဘကတ်
(ဂ) ဗြိတိသျှကောင်စီ ဝန်ထမ်းကတ်
(ဃ) နိုင်ငံသားစိစစ်ရေးကတ်
(င) ယာဉ်မောင်းလိုင်စင်
(စ) နိုင်ငံကူးလက်မှတ်
၃။ မိမိ၏ အိတ်များနှင့် ပစ္စည်းပစ္စယများအား လုံခြုံရေးဝန်ထမ်းများထံ နှင့် ဝင်ပေါက်အနီးအနားတွင် ထားခဲ့ခြင်းမပြုရပါ။
၎။ ဗြိတိသျှကောင်စီသို့လာရောက်သောဧည့်သည်များအား သတ္ထုချိုင့်များနှင့် စတီးချိုင့်များ ယူဆောင်လာခွင့်မပြု ပါ။