ဗြိတိသျှကောင်စီ တွင် အင်္ဂလိပ်စာလေ့လာသင်ယူခြင်းဖြင့် သင်သည် ကမ္ဘာပေါ်တွင် အင်္ဂလိပ် ဘာသာသင်ကြားမှု အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်များနှင့် လေ့လာသင်ယူပြီးဖြစ်နေပါလိမ့်မည်။
ကျွန်ုပ်တို့ ဗြိတိသျှကောင်စီသည် နှစ်ပေါင်း ၇၅ နှစ် ကျော် အင်္ဂလိပ်စာသင်ကြားခဲ့သည့် အတွေ့အကြုံများရှိပြီး၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှ လူဦးရေသန်း ၁၀၀ ကျော်အားအင်္ဂလိပ်စာစွမ်းရည်များတိုးတက်လာစေရန်၊ အင်္ဂလိပ်ဘာသာစကားနှင့် ပတ်သက်၍ ယုံကြည်ချက်အပြည့်နှင့် သုံးစွဲတတ်လာစေရန်ကူညီဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
အင်္ဂလိပ်စာလေ့လာလိုသူများသည် ကျွန်ုပ်တို့၏ သင်ကြားရေးဌာနအသီးသီးတွင် ဆရာနှင့် မျက်နှာချင်းဆိုင်လေ့ကျင့်သင်ယူနိုင်သကဲ့သို့ အင်တာနက်မှ တဆင့် ကျွန်ုပ်တို့၏ အွန်လိုင်းသင်တန်းများ၊ လေ့လာရေးအထောက်အကူပြု သိမှတ်ဖွယ်ရာလေ့လာစရာအဖြာဖြာတို့ကို မိမိအိမ်မှ မခွာဘဲ လေ့လာနိုင်ပါသည်။ သင်၏တိုးတက်လာမှုအနေအထားများကိုလည်း ကျွန်ုပ်တို့က နိုင်ငံတကာအသိအမှတ်ပြုဘာသာစကားကျွမ်းကျင်မှု ဆိုင်ရာစစ်ဆေးသောစာမေးပွဲများနှင့် စစ်ဆေးခြင်းဖြင့် ပြသပေးနိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ ပြိုင်ဘက်ကင်းသောသင်တန်းအမျိုးအစားများနှင့် သင်တန်းသားများ၏ လေ့လာသင်ယူမှုလိုအပ် ချက်များကို ပြည့်စုံတိကျစွာဖြည့်စွက်ပေးနိုင်ရန် အထောက်အကူပေးထားမှုများစွာကို လာရောက်လေ့လာရန် ဖိတ်ခေါ်အပ်ပါသည်။
အင်္ဂလိပ်စာသင်ကြားပေးခြင်း၊ ကျွမ်းကျင်မှုကို စစ်ဆေးပေးခြင်း၊ သင်ယူမှုကို ထောက်ပံ့ကူညီပေးခြင်း