British Council IELTS Prize 2025 ကို မိတ်ဆက်ပေးလိုက်ရပါသည်။
သင့် ပညာရေးအိပ်မက်များကိုအကောင်အထည်ဖော်ထားသည့် စိတ်အားထက်သန်စရာ အတွေ့အကြုံများအကြောင်းကို ဗီဒီယို ရိုက်ကူး မျှဝေကာ ဆုငွေကျပ် (၄၅)သိန်းကို ရယူလိုက်ပါ။
မြန်မာနိုင်ငံ၊ ဇူလိုင် ၂၀၂၅ – ပညာရေးအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးများအတွက် ဗြိတိသျှနိုင်ငံ၏ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဗြိတိသျှကောင်စီ မှ ယခုနှစ် ၂၀၂၅ အတွက် IELTS Prize ကို ကြေညာလိုက်ပါသည်။ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ ဗြိတိသျှကောင်စီနှင့်အတူ IELTS ဖြေဆိုပြီးသူတိုင်း မိမိတို့၏ ပညာရေးအိပ်မက်များကို ဗီဒီယိုရိုက်ကူး မျှဝေကာ ဆုကြေးငွေ ၄,၅၀၀,၀၀၀ ကျပ် ဆွတ်ခူးနိုင်မည်ဖြစ်သည်။
ဤဆုသည် IELTS စာမေးပွဲဖြေသူများ၏ ပညာရေး ခရီးလမ်းအတွက်ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုခြင်းဖြစ်ပြီး၊ မတူညီသည့်နောက်ခံရှိသည့် လူမျိုးစုံအား ပညာရေး၊ အလုပ်အကိုင်နှင့် နိုင်ငံခြားပြောင်းရွှေ့မှုများ အတွက် ထောက်ပံ့ပေးရန် ရည်ရွယ်သည်။ မိမိ တို့၏ ပညာရေးအတွေ့အကြုံ အကြောင်း ကို အကောင်းဆုံးနှင့် အခိုင်မာဆုံး တင်ပြနိုင်သူ အနည်းဆုံး ငါးဦးအား ဆုချီးမြှင့်မည်ဖြစ်သည်။ ထို့ပြင် နောက်ဆုံးအဆင့်ရွေးချယ်မှုတွင် ပါဝင်ခဲ့သည့် (၁၀) ဦးမှ (finalists) ငါးဦးအတွက်လည်း ၂၀၀,၀၀၀ ကျပ်တန် e-Gift voucher များကို ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
၂၀၁၁ ခုနှစ်မှစတင်ခဲ့သော IELTS Prize သည်အရှေ့အာရှဒေသရှိ လူပေါင်း ၄၀၀ ကျော်အား နိုင်ငံတကာ အခွင့်အလမ်းများရရှိရန်အတွက် ငွေကြေး ထောက်ပံ့မှုများပေးအပ်ခဲ့ပြီး အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင်လည်း ဗြိတိသျှကောင်စီ နှင့်အတူ IELTS စာမေးပွဲဖြေဆိုသူများအား ပညာရေး၊ အလုပ်အကိုင် သို့မဟုတ် နိုင်ငံခြားပြောင်းရွှေ့မှု ခရီးစဉ်များအတွက် အထောက်အကူဖြစ်စေရန် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။
၂၀၂၃ IELTS Prize ဆုရှင်များ၏ စကားသံများ
“English test ဖြေမယ်ဆိုရင် ဗြိတိသျှကောင်စီ နဲ့ အတူ IELTS ကိုဖြေဆိုဖို့အကြံပြုချင်ပါတယ်။ ဘာလို့လဲဆို ကျွန်မအတွေ့အကြုံအရ အမှန်ကန်ဆုံးနဲ့ စိတ်အချရဆုံး စာမေးပွဲစင်တာ တစ်ခုဖြစ်ခဲ့လို့ပါပဲ။ အခုလက်ရှိပညာသင်ကြားတဲ့အခါမှာ ပျော်ပျော်ပါးပါးနဲ့ ထိထိရောက်ရောက်ပညာသင်ကြားနိုင်လို့ ဗြိတိသျှကောင်စီ မြန်မာကို အထူးကျေးဇူးတင်ပါတယ်။ — မဆိုင်းခမ်း, IELTS Prize Winner 2023 (ပထမဆု)
“နိုင်ငံခြားမှာ ပညာသင်ကြားဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဗြိတိသျှကောင်စီနဲ့ IELTS ဖြေဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လဲဆိုတော့ အနာဂတ်မှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ပေးနိုင်ပြီး ကူညီနိုင်လို့ပဲဖြစ်ပါတယ်။ Communications Skills ကို ထိထိရောက်ရောက်ဖြစ်အောင် (ဥပမာ - လူအများ နဲ့ စကားပြောဆိုဆက်ဆံတတ်အောင်၊ မိမိ အကြံဥာဏ်နဲ့ အတွေးအခေါ်များကို တစ်ဖက်လူ နားလည်လွယ်အောင် အစသဖြင့်) လမ်းပြပေးနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ British Council ရဲ့ IELTS result ကတော့ တစ်ကမ္ဘာလုံးက အသိမှတ်ပြုလက်ခံတာဖြစ်ပြီး မိမိ ကြိုက်နှစ်သက်ရာ တက္ကသိုလ်တွေဆီမှာ ဝင်ခွင့်လျှောက်ထားနိုင်ပါတယ်။ — မောင်အောင်ပြည့်ခန့် , IELTS Prize Winner 2023 (ဒုတိယဆု)
လျှောက်ထားလိုသူများအတွက်လိုအပ်ချက်များ
- ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၅ ရက်အတွင်း ဗြိတိသျှ ကောင်စီနှင့် အတူ IELTS စာမေးပွဲဖြေပြီးသူဖြစ်ရမည်။
- IELTS Overall Band Score ၄ အနည်းဆုံး ရရှိထားရမည်။
- လျှောက်လွှာကို ၂၀၂၅ စက်တင်ဘာ ၃၀ ရက် မတိုင်မီ တင်သွင်းရမည်။
Zoe Zhang, Regional Business Improvement Manager for Southeast Asia က လည်း –
“IELTS စာမေးပွဲဖြေသူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံများဟာ ဖြေဆိုခဲ့သူများရဲ့ စိတ်အားထက်သန်မှု၊ ပညာရေးအိပ်မက် အတွက် တက်ကြွစွာ အကောင်အထည်ဖော်ခဲ့မှုတွေကို အကောင်းဆုံး ပုံဖော် ပေးနိုင်တယ်။ ဒီ အတွေ့အကြုံများက အခြားဖြေဆိုသူများကိုလည်း ၎င်းတို့ တိုးတက်မှုအတွက် အားဖြစ်စေမယ်လို့လဲ ယုံကြည်ပါတယ်။ ဗြိတိသျှကောင်စီ အနေနဲ့ စာမေးပွဲဖြေသူများရဲ့ မဆုပ်မနှစ်သော ဇွဲလုံ့လတို့နဲ့ ကြိုးစားမှု အတွေ့အကြုံများကို ကြားမြင်ရပြီး အလွန်အံ့သြ ရတာကြောင့် စာမေးပွဲဖြေဆိုသူများကို ဆက်လက် ထောက်ပံ့ပေးဖို့ အင်းအားဖြစ်စေခဲ့ပါတယ်။” လို့ ပြောကြားပေးထားပါသည်။
စိတ်ပါဝင်စားသူများအနေနှင့် သက်ဆိုင်ရာ နိုင်ငံ၏ ဝက်ဘ်ပေါ့ခ်ျ တွင် ကြည့်ရှာနိုင်ပါသည်။
- မြန်မာ: https://www.britishcouncil.org.mm/IELTS_Prize_2025
- ဖိလစ်ပိုင်: https://www.britishcouncil.ph/ielts-prize-2025
- အင်ဒိုနီးရှား: https://www.britishcouncilfoundation.id/en/ielts-prize-2025
IELTS အကြောင်း
IELTS (International English Language Testing System) သည် အဆင့်မြင့်ပညာရေး နှင့် နိုင်ငံတကာ ပြောင်းရွှေ့နေထိုင်မှုများအတွက် အလွန်အရေးပါသော အင်္ဂလိပ်စာဘာသာစကား စစ်ဆေးမှု စာမေးပွဲတစ်ခုဖြစ်ပါသည်။နိုင်ငံ တကာရှိ အဖွဲ့အစည်းပေါင်း ၁၂,၅၀၀ နှင့်အထက် က IELTS ကို အသိမှတ်ပြုထားကြပါသည်။ ဤ အဖွဲ့အစည်းများတွင် ပညာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ နှင့် အစိုးရ အဖွဲ့အစည်းများ၊ အတတ်ပညာဆိုင်ရာ အဖွဲ့အစည်းများပါဝင်ပါသည်။
IELTS သည် ဗြိတိသျှကောင်စီ၊ IDP: IELTS Australia နှင့် Cambridge English တို့ မှ ပူးတွဲပိုင်ဆိုင်သည်။ ပိုမိုသိရှိလိုပါက: www.ielts.org
ဗြိတိသျှကောင်စီ အကြောင်း
ဗြိတိသျှကောင်စီ သည် ယဉ်ကျေးမှုဆက်ဆံရေးနှင့် ပညာရေးအခွင့်အလမ်းများအတွက် ယူကေနိုင်ငံ၏ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ ယဉ်ကျေးမှု၊ ပညာရေးနှင့်အင်္ဂလိပ်ဘာသာစကားအတွက် ယူကေနိုင်ငံ ကို ကမ္ဘာတစ်ဝှမ်းမှလူထု နှင့် ပေါင်းကူးချိတ်ဆက်ပေးလျက်ရှိပါသည်။ ဗြိတိသျှကောင်စီသည် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ လူများနဲ့ ပူးတွဲ လုပ်ကိုင်လျက်ရှိပြီး နိုင်ငံပေါင်း ၁၄၀ ကျော်တွင် ဖွင့်လှစ်ထားလျက်ရှိသည်။
၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်းမှာ စုစုလူဦးရေပေါင်း ၆၅၀ သန်းထက်မက ပူးတွဲလုပ်ကိုင်လျက်ရှိပါသည်။
ထပ်မံသိရှိလိုပါက
Zin Htet Aung
Exams Marketing Manager
zinhtet.aung@britishcouncil.org