Common European Framework of Reference for Languages (CEFR) သည် အရေး၊ အဖတ်၊ အကြား၊ အပြောတို့တွင် ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်ကိုဖော်ပြရန် နိုင်ငံတကာအဆင့် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။

ဗြိတိသျှကောင်စီတွင် သင်၏လက်ရှိအင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအဆင့်၊ သင်ကျွမ်းကျင်တတ်မြောက်လို သည့်အရာကို နားလည်ရန်နှင့် သင့်အတွက် အကောင်းဆုံးသင်တန်းကို အကြံပြုရန်အတွက် ဆွေးနွေးတိုင်ပင်မှုနှင့် level စစ်ဆေးရာတွင် CEFR ကို အသုံးပြုသည်။

နိုင်ငံရပ်ခြားတွင် ပညာသင်ကြားရန်၊ အလုပ်လုပ်ရန် သို့မဟုတ် ထောက်ပံ့ကြေး လျှောက်ထားရန်အတွက် သင်၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်ကို ပြသရန်လိုအပ်ပါက IELTS၊ Cambridge သို့မဟုတ် Aptis ကဲ့သို့ စာမေးပွဲများတွင် ရရှိသောအမှတ်များ သို့မဟုတ် level များကိုနှိုင်းယှဉ်ရန် CEFR ကို အသုံးပြုနိုင်သည်။

Level ၆ ခုရှိသည်-

  • Beginner A1–A2
  • Intermediate B1–B2
  • Advanced C1–C2

CEFR Levels

Level A1 အင်္ဂလိပ်ဘာသာစကား

Level A1 သည် ရင်းနှီးသော နေ့စဉ်သုံးအသုံးအနှုန်းများနှင့် အလွန်အခြေခံကျသော စကားစုများကို နားလည်ပြီးအသုံးပြုနိုင်သော အင်္ဂလိပ်စာ အခြေခံအဆင့် အသုံးပြုသူများနှင့် ကိုက်ညီသည်။

Level B1 အင်္ဂလိပ်ဘာသာစကား

Level B1 သည် ရင်းနှီးကျွမ်းဝင်သော အကြောင်းအရာဆိုင်ရာစာသားများကို နားလည်၍ ထုတ်ဖော် ပြောဆိုနိုင်ပြီး ထင်မြင်ချက်များနှင့် ဖော်ပြချက်များပေးနိုင်သော အသုံးပြုသူများနှင့် ကိုက်ညီသည်။

Level C2 အင်္ဂလိပ်ဘာသာစကား

Level C2 သည် အကြောင်းအရာအားလုံးနီးပါးကို အလွယ်တကူနားလည်၍ ထုတ်ဖော်ပြောဆိုနိုင်ပြီး အနက်အဓိပ္ပာယ်များ၏ အတိမ်အနက်ကို ခွဲခြားသိမြင်နိုင်သော ကျွမ်းကျင်အဆင့် အသုံးပြုသူများနှင့် ကိုက်ညီသည်။