IELTS Coach ရဲ့ အားသာချက်များ 

ကျောင်းသားတိုင်းရဲ့ လေ့လာသင်ယူမှု လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အတွက် Intensive သင်တန်းနှင့် Flexible သင်တန်း  2 မျိုးကို ရွေးချယ်စရာပေးထားပါတယ်။ သင်တန်းနှစ်မျိုးလုံးတွင် စာမေးပွဲအတွက် လိုအပ်တဲ့ ဘာသာစကား စွမ်းရည်များနှင့် နည်းဗျူဟာများအား ကို သင်ကြားပေးမှာဖြစ်ပါတယ်။ IELTS ရဲ့ co-owner ဖြစ်တဲ့  British Council ရဲ့  ကျွမ်းကျင်မှုကို အသုံးချပြီးရေးဆွဲထားတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်။ သင်တန်းနှစ်မျိုးလုံးတွင်

  • စာမေးပွဲကို ကောင်းကောင်းဖြေဆိုနိုင်ဖို့ လိုအပ်သော စာမေးပွဲနည်းဗျူဟာများအား အလေးပေး သင်ကြားပါမယ် 
  • တစ်ဦးချင်းနှင့် အဖွဲ့လိုက် လေ့ကျင့်မှုများမှတစ်ဆင့် IELTS အရေး၊ အဖတ်၊ အပြောနှင့် နားထောင်စွမ်းရည်များကို တိုးတက်စေပါမယ် 
  • IELTS ကိုပိုင်နိုင်သော ဝါရင့်ကျွမ်းကျင်ဆရာများနှင့် သင်ကြားရမယ် 
  • ပုံမှန်အကဲဖြတ်စစ်ဆေးမှုများ ပြုလုပ်ပြီး ကျောင်းသားရဲ့  လိုအပ်ချက်များ ကျွမ်းကျင်မှုများကို သိရှိစေမည့် အစမ်းစာမေးပွဲများဖြင့် လေ့ကျင့်ပေးမည်

IELTS coach Intensive course သင်တန်းကို  အချိန်တိုအတွင်း အကြိမ်ရည်များများ လေ့လာပြီး အမှတ်ကောင်းစေရန် လေ့ကျင့်သင်ယူလိုသူများအတွက်ဖြစ်ပါတယ်။  

လစဉ်အတန်းသစ်များရှိပါတယ်| ကြပ်ကြပ်မတ်မတ် လေ့လာသင်ယူပါ | ကြာချိန် 72 နာရီ | တစ်နာရီလျှင် MMK 12,000 မှစသော သင်တန်းကြေးများ

တက်ရောက်ရမည့်သင်တန်းပုံစံ 

  • အချိန် 2 လကြာမြင့်ပါမည် 
  • Skill ၄မျိုးလုံးကို သင်ကြားမှာဖြစ်ပါတယ် 
  • 72 နာရီ ကြာမှာဖြစ်ပါတယ် (အတန်းချိန်တစ်ချိန်လျှင် 1 နာရီခွဲဖြင့် တစ်ပတ်လျှင် 3 ရက်)
  • အတန်းချိန်ပုံသေဖြစ်ပြီး လူကိုယ်တိုင် တက်ရောက်ရမှာဖြစ်ပါတယ် 

IELTS Coach လို Flexible course သင်တန်းများကို  အလုပ်များ အချိန်မရှိသော ကျောင်းသားများအတွက် အဆင်ပြေစေရန် ဖွင့်လှစ်ထားတဲ့ သင်တန်းဖြစ်ပါတယ်။ 

အချိန်မရွေး စတင်နိုင်သည် | မိမိအချိန်ရှိသလို လေ့လာနိုင်မည် | skill တစ်ခုလျှင် 18 နာရီ | တစ်နာရီလျှင် MMK 12,000 မှစသော သင်တန်းကြေးများ

ဤသင်တန်းပုံစံတွင် အောက်ပါတို့ကို ရွေးချယ်နိုင်ပါသည်

  • စွမ်းရည် 1 မျိုးမှ 4 မျိုး 
  • သင်တန်းတက်ရောက်မည့် အကြိမ်ရေ
  • သင်တန်းကာလ (2 လမှ 5 လ)
  • အွန်လိုင်းနှင့် လူကိုယ်တိုင်တက်ရောက်နိုင်သည့် အတန်းများ 
  • လေ့လာသင်ယူနိုင်သည့် ခေါင်းစဉ်များ 

သင်တန်းအဆင့်များ 

Intermediate၊ Upper-Intermediate နှင့် Advanced

လူငယ်များအတွက် အင်္ဂလိပ်စာလယ်ဗယ်များ၊ သင်၏လေ့လာသင်ယူမှု အတွေ့အကြုံနှင့် တိုးတက်မှုတို့အပေါ် မည်သို့ အထောက်အကူပြုကြောင်း ပိုမိုလေ့လာသိရှိရန်။

မျှဝေပါ