Level C1 သည် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သဘာဝကျကျ အလိုအလျောက် ထုတ်ပြောနိုင်သည့် အသုံးပြုသူများနှင့် ကိုက်ညီသည်။ ၎င်းတို့သည် ရည်ရွယ်ချက်အားလုံးအတွက် ဘာသာစကားကို လိုက်လျောညီထွေစွာဖြင့် ထိထိရောက်ရောက် အသုံးပြုနိုင်သည်။

Common European Framework of Reference for Languages (CEFR) သည် အင်္ဂလိပ်ဘာ သာစကားကဲ့သို့ ဘာသာစကားများအတွက် အပြောနှင့်အရေးဆိုင်ရာ အသုံးအနှုန်းများနှင့် သိရှိနားလည် မှုတို့၏ ကျွမ်းကျင်မှုအဆင့်အသီးသီးကို  သတ်မှတ်ဖော်ပြပြီး ရှင်းပြထားသောစနစ် ဖြစ်ကြောင်း သိထားရန်အရေးကြီးပါသည်။ ၎င်းမူဘောင်တွင် ရည်ညွှန်းချက်အဆင့် ၆ ဆင့်ပါဝင်သည်- အုပ်စုသုံးခုမှာ (A သို့မဟုတ် အခြေခံအဆင့်၊ B သို့မဟုတ် အလယ်အလတ်အဆင့်နှင့် C သို့မဟုတ် ကျွမ်းကျင်အဆင့်) တို့ဖြစ်ပြီး အဆင့်တစ်ဆင့်စီကို နောက်ထပ်အဆင့် 1 နှင့် 2 ဟူ၍ နှစ်ဆင့်ထပ်ခွဲထားပါသည်။

Level C1 ရှိစွမ်းရည်များ

ဤအချက်အလက်များကို သင်ဖတ်ရှုရာတွင် သင့်ကိုယ်သင် ပြန်မေးနိုင်သော မေးခွန်းများထဲမှတစ်ခုမှာ မည်သည့် ဘာသာစကားစွမ်းရည်များက လူတစ်ယောက်ကို အင်္ဂလိပ်ဘာသာစကား level C1 ရှိသည်ဟု သတ်မှတ်နိုင် သနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ ၎င်းကို CEFR အရ အောက်ပါအတိုင်း သတ်မှတ်ဖော်ပြသည်-

  • သူ/သူမသည် ကျွမ်းကျင်မှုလိုအပ်သော၊ ရှည်လျားသောစာသားများကို နှံ့နှံ့စပ်စပ်နားလည်နိုင်ပြီး ၎င်းစာသားများတွင် တိုက်ရိုက်ဖော်ပြမထားသည့် အဓိပ္ပာယ်မျိုးကိုလည်း သိရှိနိုင်သည်။
  • သူ/သူမသည် မှန်ကန်သောအသုံးအနှုန်းကို များစွာ ရှာနေစရာမလိုဘဲ သူ/သူမကိုယ်တိုင်အကြောင်း ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သဘာဝကျကျ အလိုအလျောက် ထုတ်ပြောနိုင်သည်။
  • သူ/သူမသည် လူမှုရေး၊ ပညာရေးနှင့် အတတ်ပညာဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဘာသာစကားကို လိုက်လျောညီထွေစွာ ထိထိရောက်ရောက် အသုံးပြုနိုင်သည်။ သူ/သူမသည် ဖွဲ့စည်းမှုပုံစံများ၊ ချိတ်ဆက် ပစ္စည်းများနှင့် ပေါင်းစည်းစကားလုံးများကို မှန်မှန်ကန်ကန်အသုံးပြုလျက် ရှုပ်ထွေးသော အကြောင်း အရာများနှင့်ပတ်သက်ပြီး ရှင်းလင်း၍ ကောင်းမွန်စွာဖွဲ့စည်းထားပြီး အသေးစိတ်ကျသော စာသားများ ကို ထုတ်ပြောနိုင်သည်။

အောက်ပါတို့ကိုလည်း ကြည့်ပါ

See also

မျှဝေပါ