Level C2 သည် အကြောင်းအရာအားလုံးနီးပါးကို အလွယ်တကူနားလည်၍ ထုတ်ဖော်ပြောဆိုနိုင်ပြီး အနက်အဓိပ္ပာယ်များ၏ အတိမ်အနက်ကို ခွဲခြားသိမြင်နိုင်သော ကျွမ်းကျင်အဆင့် အသုံးပြုသူများနှင့် ကိုက်ညီသည်။
Common European Framework of Reference for Languages (CEFR) သည် အင်္ဂလိပ်ဘာ သာစကားကဲ့သို့ ဘာသာစကားများအတွက် အပြောနှင့်အရေးဆိုင်ရာ အသုံးအနှုန်းများနှင့် သိရှိနားလည် မှု ကျွမ်းကျင်မှုအဆင့်အသီးသီးကို သတ်မှတ်ဖော်ပြပြီး ရှင်းပြထားသောစနစ် ဖြစ်ကြောင်း သိထားရန် အရေးကြီးပါသည်။ ၎င်းမူဘောင်တွင် ရည်ညွှန်းချက်အဆင့် ၆ ဆင့်ပါဝင်သည်- အုပ်စုသုံးခုမှာ ((A သို့မဟုတ် အခြေခံအဆင့်၊ B သို့မဟုတ် အလယ်အလတ်အဆင့်နှင့် C သို့မဟုတ် ကျွမ်းကျင်အဆင့်) တို့ဖြစ်ပြီး အဆင့်တစ်ဆင့်စီကို နောက်ထပ်အဆင့် 1 နှင့် 2 ဟူ၍ နှစ်ဆင့်ထပ်ခွဲထားပါသည်။
Level C2 ရှိစွမ်းရည်များ
ဤအချက်အလက်များကို သင်ဖတ်ရှုရာတွင် သင့်ကိုယ်သင် ပြန်မေးနိုင်သော မေးခွန်းများထဲမှတစ်ခုမှာ မည်သည့် ဘာသာစကားစွမ်းရည်များက လူတစ်ယောက်ကို အင်္ဂလိပ်ဘာသာစကား level C2 ရှိသည်ဟု သတ်မှတ်နိုင် သနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ ၎င်းကို CEFR အရ အောက်ပါအတိုင်း သတ်မှတ်ဖော်ပြသည်-
- သူ/သူမသည် သူ/သူမ ကြားသမျှ၊ ဖတ်မိသမျှ အရာအားလုံးနီးပါးကို အလွယ်တကူ နားလည်နိုင်သည်။
- သူ/သူမသည် အပြောနှင့်အရေးဆိုင်ရာ ရင်းမြစ်အသီးသီးမှ အချက်အလက်များနှင့် ဆွေးနွေးချက်များကို အကျဉ်းချုံးနိုင်ပြီး ၎င်းတို့ကို ရှင်းလင်းစွာ တိတိကျကျ တင်ပြနိုင်သည်။
- သူ/သူမသည် ရှုပ်ထွေးသောအခြေအနေများဖြစ်နေသည့်တိုင် အနက်အဓိပ္ပာယ်များ၏ အတိမ်အနက်ကို ခွဲခြားသိမြင်လျက် အလွန်ကျွမ်းကျင်ပိုင်နိုင်၍ သဘာဝကျစွာအလိုအလျောက် တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်သည်။
အောက်ပါတို့ကိုလည်း ကြည့်ပါ