Level A1 သည် ရင်းနှီးသော နေ့စဉ်သုံးအသုံးအနှုန်းများနှင့် အလွန်အခြေခံကျသော စကားစုများကို နားလည်ပြီးအသုံးပြုနိုင်သော အင်္ဂလိပ်စာ အခြေခံအဆင့် အသုံးပြုသူများနှင့် ကိုက်ညီသည်။
Common European Framework of Reference for Languages (CEFR) သည် အင်္ဂလိပ်ဘာ သာစကားကဲ့သို့ ဘာသာစကားများအတွက် အပြောနှင့်အရေးဆိုင်ရာ အသုံးအနှုန်းများနှင့် သိရှိနားလည် မှုတို့၏ ကျွမ်းကျင်မှုအဆင့်အသီးသီးကို သတ်မှတ်ဖော်ပြပြီး ရှင်းပြထားသောစနစ် ဖြစ်ကြောင်း သိထား ရန်အရေးကြီးပါသည်။ ၎င်းမူဘောင်တွင် ရည်ညွှန်းချက်အဆင့် ၆ ဆင့်ပါဝင်သည်- အုပ်စုသုံးခုမှာ (A သို့မဟုတ် အခြေခံအဆင့်၊ B သို့မဟုတ် အလယ်အလတ်အဆင့်နှင့် C သို့မဟုတ် ကျွမ်းကျင်အဆင့်) တို့ဖြစ်ပြီး အဆင့်တစ်ဆင့်စီကို နောက်ထပ်အဆင့် 1 နှင့် 2 ဟူ၍ နှစ်ဆင့်ထပ်ခွဲထားပါသည်။
Level A1 ရှိ စွမ်းရည်များ
ဤအချက်အလက်များကို သင်ဖတ်ရှုရာတွင် သင့်ကိုယ်သင် ပြန်မေးနိုင်သော မေးခွန်းများထဲမှတစ်ခုမှာ မည်သည့် ဘာသာစကားစွမ်းရည်များက လူတစ်ယောက်ကို အင်္ဂလိပ်ဘာသာစကား level A1 ရှိသည်ဟုသတ်မှတ်နိုင်သနည်း ဆိုသည့်မေးခွန်းဖြစ်သည်။ ၎င်းကို CEFR အရ အောက်ပါအတိုင်း သတ်မှတ်ဖော်ပြသည်-
- သူ/သူမသည် လက်ရှိလိုအပ်ချက်များကို ပြေလည်စေရန် မကြာခဏအသုံးများသော နေ့စဉ်အသုံးအနှုန်းများနှင့် ရိုးရှင်းသောစကားစုများကို နားလည်ပြီး အသုံးပြုနိုင်သည်။
- သူ/သူမသည် သူ/သူမကိုယ်တိုင်နှင့် အခြားသူများကို မိတ်ဆက်နိုင်ပြီး သူ/သူမနေထိုင်ရာ အရပ်ဒေသ၊ သူ/သူမတွင်ရှိသောအရာများနှင့် သူ/သူမ သိသောလူများ ကဲ့သို့ ပုဂ္ဂိုလ်ရေး အသေးစိတ်အကြောင်းအရာများနှင့်ဆိုင်သော မေးခွန်းများကို မေးနိုင်၊ ဖြေနိုင်သည်။
- သူ/သူမသည် စကားကို ခပ်ဖြည်းဖြည်းနှင့် ရှင်းလင်းစွာပြော၍ စကားကိုဖြည်းဖြည်းနှင့် ရှင်းလင်းစွာ ပြန်ပြောပေးသူများနှင့် ပြန်လည်ပြောဆိုဆက်ဆံနိုင်သည်။
အောက်ပါတို့ကိုလည်း ကြည့်ပါ