IELTS

သင်သည် IELTS စာမေးပွဲကို စာရွက်ပေါ်တွင်ရေးဖြေဖြင့်သော်လည်းကောင်း ကွန်ပျူတာဖြင့်သော်လည်းကောင်းကျွန်တော်တို့မြန်မာနိုင်ငံရှိ တရားဝင်စာစစ်ဌာနများတွင် ဖြေဆိုနိုင်ပါသည်။

သင်သည် မည်သည့်စာမေးပွဲပုံစံအားရွေးချယ်သည်ဖြစ်စေ IELTS စာပေးပွဲကို တူညီသောစာမေးပွဲအကြောင်းအရာပါဝင်မှုနှင့် တူညီသောမေးခွန်းပုံစံအတိုင်း‌ဖြေဆိုရပါမည်။ ကွဲပြားမှုမှာဖြေဆိုရာတွင်အဖြေများကိုရိုက်နှိပ်၍ ဖြေဆိုခြင်း သို့မဟုတ် စာရွက်ပေါ်တွင် ချရေး၍ဖြေဆိုခြင်းပင်ဖြစ်သည်။ သင့်စိတ်ကြိုက်ပုံစံကို ရွေးချယ်ဖြေဆိုနိုင်ပါသည်။

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS သင်သည် ကွန်ပြူတာဖြင့်ဖြေဆိုရသော IELTS ကိုရွေးချယ်ပါက Listening၊ Reading နှင့် Writing အပိုင်းများကို တရားဝင်စာစစ်ဌာနများတွင် ကွန်ပျူတာဖြင့် ဖြေဆိုရပါမည်။ Speaking စစ်ဆေးခြင်းသည် အသိအမှတ်ပြုလက်မှတ်ရ စစ်ဆေးသူနှ့င် မျက်နှာချင်းဆိုင် ဖြေဆိုရခြင်းဖြစ်သောကြောင့် သင့်ရဲ့  အပြောစွမ်းရည်ကို အကဲဖြတ်ရာတွင် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ 

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS တွင်ရွေးချယ်စရာစာမေးပွဲရက်များပိုမိုများပြားပြီးစာမေးပွဲရလဒ်များသည် ၃ရက်မှ ၅ရက်အတွင်းထွက်ရှိပါသည်။

ကွန်ပြူတာဖြင့်ဖြေဆိုရသော ILETS စာမေးပွဲ၏ ရလဒ်များကို စာမေးပွဲအပိုင်းများအားလုံးဖြေဆိုပြီးနောက် ၃ ရက်မှ ၅ ရက်အတွင်းရရှိလေ့ရှိပါသည်။ ရလဒ်များထုတ်ပြန်သည့်ရက်သည် တနင်္ဂနွေ (သို့မဟုတ်) အစိုးရရုံးပိတ်ရက်နှင့်တိုက်ဆိုင်ပါက ရလဒ်ပုံစံ (test report form) အား နောက်ရုံးဖွင့်ရက်တွင် ထုတ်ပေးမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ 

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS စာမေးပွဲများကို ရန်ကုန်မြို့ရှိကျွန်တော်တို့၏ တရားဝင်စာစစ်ဌာနများတွင်ဖြေဆိုနိုင်ပါသည်။

ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS Academic or General Training စာမေးပွဲကိုဖြေဆိုရန်စာရင်းသွင်းလိုက်ပါ

စာရွက်ပေါ်တွင်ရေးဖြေဖြင့်ဖြေဆိုရသော IELTS

ဤရွေးချယ်မှုကိုပြုလုပ်ပါက သင်သည် Listening၊ Reading နှင့် Writing အပိုင်းများကို စာရွက်ဖြင့်ရေးဖြေ ဖြေဆိုရပါမည်။ Speaking စစ်ဆေးခြင်းအပိုင်းအား ကျွမ်းကျင်သော IELTS စာမေးပွဲစစ်ဆေးသူနှင့် မျက်နှာချင်းဆိုင်ဖြေဆိုရပါမည်။ 

သင်၏ IELTS ရလဒ်များသည် စာမေးပွဲဖြေဆိုပြီး ၁၃ ရက်အကြာတွင် ထွက်ရှိမည်ဖြစ်သည်။

အကယ်၍သင်သည် အထူးလိုအပ်ချက်များ ရှိပါက ရေးဖြေဖြင့် ဖြေဆိုရသော IELTS ကိုသာစာရင်းသွင်းပါ။

ရေးဖြေဖြင့် ဖြေဆိုရသော IELTS Academic or General Training စာမေးပွဲကို ဖြေဆိုရန် စာရင်းသွင်းလိုက်ပါ

စာမေးပွဲရက်များကိုရွေးချယ်ပါ။

ဤဇယားတွင် မြန်မာနိုင်ငံ ၌ Academic၊ General Training  နှင့် IELTS for UKVI စာမေးပွဲ ဖြေဆိုနိုင်မည့် ရက်စွဲများ ပြသထားပါသည်။

မျှဝေပါ